Feeds RSS

Friday, August 21, 2009

တောသားမြို့ရောက် မျောက်ဖြစ် (၁)


အင်း စာမရေးတာ ကြာလို့ ဘယ်ကစရေးရမှန်းကို မသိတော့ပါဘူး။ ခရီးထွက်ဖို့ အစီအစဉ်မရှိပဲ ခရီးပဲထွက်ဖြစ်နေတယ်ဆိုတော့။ ဒီနေ့မနက်ပဲ ပါးလုံး အိမ်ကိုပြန်ရောက်ပါတယ်။ ပြန်ရောက် ရောက်ချင်း အိမ်ကို အကိုတွေ အမတွေ အများကြီးလာလည်ထားတာ တွေ့တော့ ဝမ်းလည်းသာတယ်။ ကျေးဇူးလည်း တင်တယ်။

စာရေးစရာအကြွေးတွေက တော်တော်ကိုများသွားပြီ ဟီး။ အစက ခရီးထွက်ဖို့ အစီအစဉ်မရှိပါဘူး။ အဖေပဲ သွားသမီးအိမ်မှာပဲနေမယ်လို့ ပြောပြီးခါမှ အဖေက ပါးလုံး အိမ်မှာနေနေတာကို သိပ်မကြိုက်ဘူး။ ခရီးများများထွက်ပြီး ဗဟုသုတ ရှာစေချင်တယ်။

အဲ့ဒါနဲ့ မသွားဘူးဆိုပြီး ကျောင်းသုံးပတ်ပိတ်တာကို အိမ်မှာ တပတ်နေလိုက်တယ်။ နောက်တော့ အဖေက လှမ်းခေါ်တယ်လေ။ ပါးလုံးမျက်စိက ပါဝါလည်း တိုးတယ်ထင်တယ် မျက်မှန်က မကိုက် ချင်ဘူးဖြစ်နေတာနဲ့ အဖေက အဲ့မြို့မှာမျက်စိလာစမ်းဖို့ခေါ်တယ်လေ။

နောက်တော့ ဦးလေးကလည်း အဲ့မြို့မှာရှိတဲ့ ပုဂံခေတ်နဲ့အပြိုင် လွန်ခဲ့တဲ့ နှစ်၂၀၀၀ ကတည်းက ဆောက်ထားတဲ့ ဘုရားကျောင်း တခုအကြောင်းကို ဘလော့မှာရေးလို့ရတယ်တဲ့။ လာရင် အကုန်လိုက်ပြမယ်ဆိုတာနဲ့ ဘလော့မှာ ဗဟုသုတလေးတွေ တင်ချင်တာလည်းပါတယ်။

အဲ့ဒါနဲ့ခရီးထွက်ဖြစ်တယ်ဆိုပါတော့။ ခက်တာက ပါးလုံးဆိုတဲ့ အမျိုးက ထိုင်နေရင်အကောင်းသား ထသွားမှကျိုးမှန်းသိဆိုသလို လှုပ်ပြီဆိုတာနဲ့ ငယ်ငယ်ကကြည့်ဖူးတဲ့ ကြော်ငြာကတော့ ချောကလက်လေးတွေ တန်းစီတဲ့။ ပါးလုံးကတော့ အခက်အခဲလေးတွေ တန်းစီဆိုသလိုပါပဲ။ ဒီပို့စ်နဲ့တင်တော့ ယုံမှာမဟုတ်ဘူး။ ဒီနေ့ပဲ ပြန်ရောက်တဲ့ ခရီးစဉ်အကြောင်းပါ ရေးမှ ပိုနားလည်ကြမှာ သေချာတယ်။ အဟီး။


အိမ်မှာနေတဲ့ တပတ်လုံး မိုးမရွာတဲ့အပြင် နေကို ပူကျဲတောက်နေတာ။ ခရီးထွက်မယ်လုပ်ခါမှ တညလုံးမိုးက ရွာတော်မူပါလေရော။ မနက်ကျတော့ အထုတ်တွေနဲ့ မိုးကလည်းရွာ။ ကြိုတင် ပြင်ဆင်တတ်တဲ့ အကျင့်ကလေးရှိနေလေတော့ ပထမက ဘာဝတ်မယ် ဘာစီးမယ်ပေါ့။ နောက်တော့ မနက်မိုးရွာတော့ အကုန်အဝတ်အစားဝတ်တာကအစ အလွဲဖြစ်ကုန်ရော။

နောက်ပြီး ဦးလေးကမှာလိုက်တယ်။ ကားစီးရင်တဲ့ ပါးလုံးတို့ Brattvåg မြို့နေ အရင်ဆုံး Ålesund ဆိုတဲ့ မြို့ကို အရင်ဆုံး ကားတစ်နာရီစီးရတယ်။ အဲ့ကနေမှ ပါးလုံးတို့ဦးလေးရှိတဲ့ Trondheim ကိုဆက်သွားရမှာလေ။

အဲ့တော့ Ålesund ကနေ Trondheim ကို ကားစီးရင် ဈေးလည်းပြောလိုက်တယ်။ ပြီးတော့ စစီးပြီ ဆိုတာနဲ့ နှင်မချမချင်း မဆင်းနဲ့တဲ့။ အဲ့တော့ Trondheim ကားပေါ်တက်လိုက်တာနဲ့ သူကပိုက်ဆံပေးတော့ ဥိးလေးပြောတဲ့ ဈေးထက် နည်းနေတယ်။ အများကြီးကိုပဲ။ အဲ့တော့ သူ့ကိုပြန်မေးတယ် နင်မှားယူတယ်ထင်တယ်လို့ ဒီဈေးမဟုတ်ဘူးဆိုတော့ သူကဟုတ်တယ်တဲ့။

စိတ်ထဲကတော့ မဟုတ်သေးဘူးထင်တယ်လေ။ အဲ့ဒါနဲ့ လူတယောက်ကလည်း ထရွန်ဟိုင်း သွား မယ်ဆိုပြီး ပိုက်ဆံပေးတဲ့အသံကြားလိုက်တယ်။ အဲ့တော့ ဒေါ်ရွှေပါးလုံး အဲ့လူကိုမျက်ခြေအပြတ် မခံပဲကို စောင့်ကြည့်နေလိုက်တယ်။

ကားပေါ်မှာ ကောင်းကောင်းတောင်မအိပ်ရဘူး ဂယ်ပဲဂယ်ပဲ။ အဲ့လူကို မျက်စိအောက်က ပျောက်မှာကိုပဲစိုးသလိုကွယ် ဆိုသလိုပေါ့ဗျာ။ အဲ့ဒါနဲ့ သူက Model ရောက်တော့ အားလုံးဆင်းကုန်ရော။ ဦးလေးကပြောတယ်လေ အားလုံးဆင်းမှ ဆင်းတဲ့။ အခုတော့ ဆင်းရပြီလေ။ သေချာတာက မရောက်သေးဘူးဆိုတာပဲလေ။

အဲ့ဒါနဲ့ အခုဏက မျက်စိအောက်က ပျောက်မှာစိုးတဲ့လူကို လှမ်းမေးတော့ သူက ကနေဒါနိုင်ငံသား သူလည်းတခါမှမရောက်ဖူးဘူး။ ဒါပေမယ့် သူကနော်ဝေစကားကို မွတ်နေတာပဲ။ သူ့နဲ့ စုံစမ်းတော့ ကားမထွက်ပါတဲ့ မိုးအရမ်းရွာပြီး မြူပိတ်နေပါသဖြင့်တဲ့လေ။

ကဲဒေါ်ရွှေပါးလုံး ဘာလုပ်ရတော့မလည်း။ ဖုန်းလည်းမပါဘူးလေ။ အဲ့တော့ ဟိုလူသွားသမျှသာ လိုက်ရုံရှိတော့တာပေါ့။ နောက်တော့ ထရွန်ဟိုင်းသွားမယ့်သူတွေကို ကားတစီးလုပ်ပေးတယ်။ ပြီးတော့မှ အဲ့ကားစီး ဇက်ကို ၂ခါကူး သင်္ဘောလည်းစီးလိုက်ရသေးတယ်။ နောက်ဆုံးမှပဲ ထရွန် ဟိုင်းကို မိုးချုပ်မှရောက်သွားတော့တယ်။

သူများသွားရင် တခါတည်းပြီးတဲ့ကိစ္စ ပါးလုံးသွားမှပဲ ဘာတွေမှန်းကိုမသိဘူး မိုးကလည်းရွာသေး တယ်ဒီကြားထဲ။ အဲ့ဒါနဲ့ရောက်သွားတော့ ဦးလေးက လာစောင့်နေတယ်။ ပါးလုံးလည်း အိမ်ရောက် တာနဲ့ Energy အရင်ဖြည့် ပြီးတော့ ဦးလေးက စန္ဒယားတီး ပါးလုံးက သီချင်းဆို။ နောက်ဆိုလို့ ဝမှပဲ အိပ်လိုက်တယ်။

နောက်တနေ့တော့ ဘယ်မှမသွားနိုင်သေးဘူး။ လူကတကိုယ်လုံးကို ကိုင်ရိုက်ထားသလိုပဲကိုး။ အဲ့ ဒါနဲ့ ကွန်ပျူတာပဲကိုင်တော့ ကွန်ပျူတာက မကိုင်ရင် ကိစ္စမရှိဘူး။ ကိုင်ပြီးရင် မချချင်တော့တာက ပါးလုံးရဲ့ရောဂါ။ နောက်နေ့ပါ မထချင်ဘူးလေ။

အဲ့တော့ ဦးလေးက နင့်ကို ဒီမှာအခန်းအောင်းဖို့ ခေါ်တာမဟုတ်ဘူးဆိုပြီး နာရီဝက်အတွင်းကို ထမင်းစား ပြင်ဆင် အကုန်လုပ်ခိုင်းတယ်။ ပြီးတာနဲ့ သူကညကတည်းက ကင်မယာကို ဘက်ထရီထည့်ထားတယ်။ ဖုန်းကိုသေချာစစ်တယ်။ ပိုက်ဆံနှစ်ရာပေးပြီး ကိုယ့်ဟာကို တယောက်တည်း သွားဆိုပြီး လွှတ်လိုက်ပါလေရော။

အစကတော့ တယောက်တည်းလွှတ်တယ်ဆိုတော့ အင်းအဲပေါ့။ ကားကဒ်လည်း ပထမ တရက်တည်းက လုပ်ပေးထားတယ်ဆိုတော့ ကားကဒ်ကလေးကိုင်ပြီးတော့ပေါ့။ တခါမှ မရောက်ဖူး တာကို လွှတ်လိုက်တာလေ။

အို ဘာရမလည်း မခံချင်စိတ်အပြည့်နဲ့ အေးဆေး Child Play ဆိုပြီး လစ်တာပေါ့။ ကားပေါ်မှာ တောသားမြို့ရောက် မျောက်ဖြစ်ဆိုသလိုပဲ ကားကဒ်လည်းမထိုးတတ်ဘူး။ ကားသမားက ပြန်ပြ နေရတယ်။ ကားသမားကိုပါးလုံးက ပြောလိုက်တယ်။ ငါပထမဆုံးရောက်တာလို့ ငါ့ကို ဘုရားကျောင်း ရောက်ရင် ရပ်ပေးလို့။ ငါမသိဘူးလို့။ ပြောပြီးတက်စီးသွားလိုက်တယ်။

ဥိးလေးကတော့ မိနစ်၂၀တခါလောက် ဖုန်းခေါ်တယ်။ ဦးလေးတို့နဲ့က ပါးလုံးလည်ပြီးရင် သူတို့သွားမယ့် နေရာမှာချိန်းထားတယ်။ ပါးလုံးက တယောက်တည်း သွားတဲ့အရသာကို ကောင်းကောင်းရသွားလေတော့ တယောက်တည်းပဲ လည်တော့မယ်လို့ ပြောလိုက်တယ်။

အဲ့ဘုရားကျောင်းကိုရောက်တော့ ဓါတ်ပုံတွေရိုက်ပြီး အထဲကိုဝင်သွားတယ်လေ။ အထဲမှာ လည်း ဓါတ်ပုံရိုက်တာပေါ့နော်။ ဆုတောင်းခန်းတွေ ကွာယာခုံတွေ အားလုံးပေါ့နော်။ အပြင်မှာရိုက်တော့ ဓါတ်ပုံက ကြည်နေတာပဲဗျာ။

ဘုရားကျောင်းထဲမှာရိုက်သမျှပုံက ရိုက်နေတုန်းကတော့ သေချာကိုချိန်ရိုက်တာ သေသေချာချာလည်း မြင်ရတယ်။ ဒါပေမယ့် ပုံတွေထွက်လာတော့ အကုန်လုံးက လုံးဝ ဝါးနေတယ်။ ပါးလုံးမရိုက်တတ်တာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အပြင်မှာ၇ိုက်သမျှ အိုကေပြီး အထဲမှာရိုက်သမျှ ပုံတိုင်းကအဲ့လိုဖြစ်နေတော့ နည်းနည်းတော့ ထူးဆန်းနေတယ်။

ဦးလေးကိုပြောတော့ အထဲမှာ ပုံမရိုက်ခိုင်းဘူးလေတဲ့ မသိဘူးလေလို့ ဘလော့မှာ တင်ချင်လို့ ရိုက်လာတာလို့ သူများလည်း၇ိုက်တယ်လို့ ပြောပြီးရိုက်လာတာ အိမ်ရောက်လို့ဖွင့်ကြည့်တော့ ဘာ မှလည်းမမြင်ရဘူးပဲ။ ပုံတွေကိုတော့ အောက်မှာကြည့်နော်။

အဲ့ဒါနဲ့ ဦးလေးကလည်း သေသေချာချာကို မောင်းလေတော့ အများကြီးအနှံ့လည်ဖြစ်တယ်။ ဒါတောင် ဂျာမဏီခေတ်က ဂျာမဏီတွေကို တိတ်တဆိတ်လက်ခံတဲ့ နော်ဝေတွေကို ခေါင်းဖြတ်သတ်တဲ့ ကျွန်းကို သွားမယ်ဆိုပြီး မရောက်ဖြစ်ခဲ့ဘူး။ သူက သင်္ဘောနဲ့ သွားရမှာလေ။ အဝေးကနေတော့ ရိုက်ခဲ့တယ်လေ။

ဒါနဲ့ သောကြာပြန်ညပြန်ရောက် တနင်္လာနေ့ကျောင်းတက်။ ကျောင်း၃ရက်တက် ပရိုက်စစ် ၂ရက် သွား ဖတ်ဖတ်ကိုမောနေတာပဲ ဒါနဲ့ ဘလော့ဘက်ကို မလှည့်နိုင်ဘူးဖြစ်နေတာ။ အဲ့လိုနဲ့ လှည့်မယ်လုပ်တုန်း နောက်ထပ် ခရီးတခု ထွက်ရပါလေရောဗျာ။ နောက်အပတ်ကျောင်းပိတ်မှပဲ အဲ့ဒီ ခရီးစဉ်က ရခဲ့တဲ့ ဗဟုသုတလေးတွေ ဝေမျှတော့မယ်ဗျာ။

အခုတော့ ပုံလေးတွေ ရှု့စားလိုက်ဦးနော်။

အင်း ဒီဘုရားကျောင်းနာမည်ကတော့ Nidarosdomen လို့ခေါ်တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ထောင်ကတည်းက တည်ရှိခဲ့တဲ့ ဘုရားကျောင်းပါ။ အရှည်က102m ရှိပြီးတော့ အကျယ်က 50m ရှိတယ်။ အမြင့်ကတော့ 21 m တာမြင့်တယ်။ ရိုက်ခဲ့သမျှ အသေးစိတ်လေးတွေကိုရော တင်ပြလိုက်တယ်နော်။ ဓါတ်ပုံကတော့ မရိုက်တတ်ပေမယ့် မျှဝေချင်စိတ်လေးနဲ့ ၇ိုက်ခဲ့တာလေးကို သည်းခံပြီးပဲ ကြည့်ပေးကြပါနော်။






ဒီပုံတွေကတော့ ဘုရားကျောင်း အရှေ့ပိုင်းပါ။


ဒါကတော့ ဘုရားကျောင်း ဘေးကနေ ရိုက်ခဲ့တဲ့ ပုံပါ။






ဒီပုံတွေကတော့ ပါးလုံးပြောတဲ့ ဘုရားကျောင်း အတွင်းပိုင်းထဲမှာ ၇ိုက်တော့ ဝါးနေတယ်ဆိုတဲ့ ပုံတွေပါ။

တစ်ဦးတယောက်စီတိုင်းအပေါ် ဘုရားသခင် ကောင်းချီးပေးပါစေ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

(၂) လာမယ်နော်။ တောကလေးပါးလုံး ဟိုလှိမ့်ဒီလှိမ့်နဲ့ နော်ဝေတခွင် ပြဲပြဲစင်သွားတဲ့ အကြောင်းပေါ့ အဟိ။ သြော် စာမရေးတာကြာလို့ အပေါ့အငံ အစပ်အဟပ် မတည့်ရင်လည်း လိုတာသာ ထည့်ဖတ်သွားတော့နော်။ အဟိ။ သည်းခံဖတ်ပေးတာ ကျေးဇူးနော်။




15 comments:

သားကြီး said...

ကဲ...
ချောကလက်လေးတွေ....အဲလေ...ပြဿနာလေးတွေ
ပါးလေးရှေ့မှာတန်းစီ.....ဟီးးး
ပါးလုံးလေးသွားရာ ကိုရွှေမိုးက လိုက်လို့ရွာတာပေါ့နော်
ဦးလေးကစန္ဒယားတီးပေးပြီး ပါးလေးဆိုတဲ့သီချင်းကိုပါ အသံကူး
ပြီးတင်လိုက်ပါလား နားထောင်ချင်တာပေါ့
ဟုတ်တယ်နော် အပုံတွေက အပြင်မှာကြည်ပြီး
အထဲမှာကျတော့ ဝါးကုန်တယ်
ဘုရားကျောင်းကြီးရဲ့ပုံက တော်တော်ကျက်သရေရှိတယ်
နောက်အပိုင်းမျှော်နေမယ်နော်
ဓါတ်ပုံလေးတွေဝေဝေဆာဆာနဲ့တင်ပေါ့
ပါးလေးပြောတဲ့ သီချင်းဆိုတဲ့ လူတွေပုံလည်းပါအောင်တင်ဦးနော်
သိတယ်ဟုတ်?
ပျော်ရွှင်ပါစေ ပါးလေးရေးးး

htet said...

ပလုံးရေ
သဲတထိတ်ရင်တစ်ဖို ခရီးစဉ်ကြီးအား
တရုတ်ကားလို အပိုင်းပိုင်းနဲ့ လာလာဖတ်မယ်

htet said...

ပလုံးရေ
Trondheim မှာသီချင်းဆိုပြီးရင်တော့ Oslo မှာ ငါးရှည့်လာဖမ်းဦးနော်
ငါးရှည့်တစ်ကောင်ရရင် ၀က်မှီးတစ်ချောင်းလက်ဆောင်ပေးမယ်
စပိန်ကမ်းခြေသွားဖို့ လမ်းစရိတ်လဲ စိုက်မယ်
ဦးစိုးမိုး

ဧရာဝတီသား said...

ကဲ လက်ဆောင်ဘာပါလဲဟေ့၊ ဒီပိုစ့် လေးကပဲ မောင်နှမတွေ အတွက်လက်ဆောင်ပေါ့နော်။ ခရီးသွား အတွေ့အကြုံလေးတွေ ဝေမျှထားတာကောင်းပါတယ်။ ခရီးပန်းလာမှာပေါ့ နားနားနေနေ နေဦးလေ။ ဟုတ်လား ၊ အေးဆေးမှပဲ ဘလော့ ပြန်စရေးပေါ့နော။

ခင်မင်လျက်
(ဧရာဝတီသား)

မြစ်ကျိုးအင်း said...

တယောက်ထဲခရီးသွားရတဲ့ အရသာကို သိသွားတယ်ပေါ့...။
အဲဒါကောင်းတယ် အမြဲမဟုတ်ရင်တောင် တခါတလေတော့ တယောက်ထဲ
သွားကြည့်ပေါ့...။ဒါမှ လူတွေကို ကိုယ်တိုင်ရင်ဆိုင်ရတာတွေ အခက်အခဲ တွေကို ဖြေရှင်းရတာတေါက ဘ၀တလျှောက်အင်အားဖြစ်စေမှာ...။

ညီမလေးပုန်းပုန်း နောက်ထပ်အတွေ့အကြုံတွေပါ ထပ်တင်ပေါ့...။

ဝက်ဝံလေး said...

မမလုံးပါးရေ ညီမ ဝက်လေး စာလာဖတ်ပါတယ် ရှင့် ဝက် ဖြစ်သွားကြောင်းလေး လာပြီး ဖတ်ရင် ကောင်းမယ် ရှင့်

မမလုံးပါး ကောင်းကောင်းမွန်မွန်ပြန်ရောက်တာ ဝမ်းသာပါတယ် ရှင့်

တာ့တာ ဘိုင်

အော် နော်ဝေ သူ ၂ ယောက်တွေ့ပြီ တယောက်က ဆု နောက်တယောက်က လုံးပါး ဟိဟိ

အိ နာလဲ အားကျတယ် နောက်ဆိုရင် တယောက်တည်း လည်ဦးမှပဲ အဟက်

မိုးစက်အိမ် said...

ခရီးသွားမှတ်တမ်းလေးပေါ. အင်းအကိုလိုဘဲ အိုးနင်း
ခွက်နင်းဘဲ ... တစ်ယောက်တည်းသွားတာကောင်းပေမဲ.
စကားပြောဖော်မရှိတော.လည်း ဟာတာတာနဲ. ... ဓာတ်ပုံ
တွေပါရိုက်လာပေးလို. ကျေးဇူးညီမရေ ... အကိုက
ဂျာမဏီကိုလက်ခံလို.သတ်တဲ. နော်ဝေ ကျွန်းအကြောင်း
စိတ်ဝင်စားနေတာ ... ကဲဆက်မျှော်နေမယ်နော် ပလုံလေး ....

Anonymous said...

ပါးလုံးခရီးသွားနေသည် တို့ ခေါင်းစဉ် မတတ်ပဲကို.........
ခရီးသွားတာကောင်းပါတယ်......

ဝသန်မိုး said...

ပါးလုံးလေး ပြန်ရောက်ပြီလား
ခရီးသွားပြီးပြန်လာတာ
အကိုတို့ အတွက် ဘာမုန့် ဝယ်လာလည်း
ခရီးသွားရတာကောင်းပါတယ်
စိတ်ကို လန်းဆန်းစေတယ်
refresh လုပ်တဲ့သဘောပေါ့
စာတွေ ဆက်ရေးဦးနော်
မျှော်နေမယ်

ကိုဝသန်မိုး

Han said...

ဟဲသောက်ကျိုးနည်း
နင့် ဘတ်စကားစီး တောလားကျတော့ တကမ္ဘာလုံးသိအောင် မောင်းထုတယ်။ နင် အချိန်ကိုက်မလာလို. ငါ့ကျတော့ ရဲတိုင်ရမလို ဆေးရုံလိုက်ရမလို၊ ဟိုလိုလို၊ ဒီလိုလိုတော့ ထဲ့မရေးဘူးဟုတ်လား။

လင်းကြယ်ဖြူ said...

တော်တော်ကို ဗဟုသုတတွေတပွေ့ကြီးရခဲ့မှာပဲနော..
ဘုရားကျောင်းကြီးက ခန့်ညားတယ်...
ဆက်လက်ချီတက်ပါဦးနော..မဂျယ်လီ
ပျော်ပါစေ...ညီမရေ

Angel Shaper said...

ပါးလုံးရေ.... အခက်အခဲက အတွေ့  အကြုံပေးတာပါလေနော်။
ဘယ်လောက်ခက်ခဲပါစေ ဘုရားရှင်စောင့်ရှောက်လို့ ချောချောမွေ့ မွေ့ ပြန်ရောက်တယ်လေ။ ဘုရားကျောင်းကြီးတွေ ရောက်ဖူးချင်လိုက်တာဟာ။
ငါ ဒီမှာ ဘုရားကျောင်းတစ်ခါမှ မရောက်ဘူး။ အိမ်ကိုလွမ်းတာ စနေ၊ တနင်္ဂနွေ ဘုရားကျောင်းတက် ၀တ်ပြုစည်းဝေးတွေ လူငယ်မိတ်သဟာရတွေ လွမ်းတာ။ ဘုရားရှင်ကောင်းကြီးပေးပါစေ ပါးလုံးရေ....

သူကြီးမင်း (တုံးဖလား) said...

ကိုမြစ်ကျိုးဆီမှာ နေရာအများကြီးယူထားလို့ စိတ်ဝင်စားပြီး လိုက်ခဲ့တာ။
တစ်ယောက်ထဲ ခရီးသွားခြင်းတွေကို တွင်တွင်ကြီး ကျင့်သုံးပစ်လိုက်တာပေါ့လေ။
ကောင်းပါ့ဗျာ...
ချီးကျူးပါတယ်။

ထင်လင်းအောင် said...

ခရီးသွားဆောင်းပါးလေး(၁) ကို စိတ်ဝင်တစားဖတ်သွားပါတယ်...။
ပုံလေးတွေ ကြည့်သွားပါတယ်။စိတ်ဝင်စားစရာကောင်းပါတယ်....။
ပါးလုံးက ဓာတ်ပုံရိုက်တာ ၀ါသနာပါတယ်ဟုတ်..ကျနော်လည်း
ဓာတ်ပုံရိုက်တာဝါသနာပါတယ်... I haven't got a camera yet . :D
thz for ur comment for my article. :D

မိုးခါး said...

မျှဝေပေးတာ ကျေးဇူး ပါးလုံးရေ ..း))

Post a Comment

အခုလို သေသေချာချာဖတ်ပြီး ကွန်မန့်လာပေးတဲ့အတွက် ကျေးဖူးအထူးပင် တင်ရှိပါကြောင်း ဖတ်ပြီးမှတော့ မန့်ပြီးမှသာ ပြန်စေချင်ကြောင်း ကောင်းသည်ဆိုးသည် ကြိုက်သလိုသာ ဝေဖန်နိုင်ကြောင်း အားလုံးပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေလို့ ဆုတောင်းရင်း ကွန်းမန့်လေးတွေဖတ်ရင်း အားမွေးနေမယ်နော်။ အဟိ။