Feeds RSS

Monday, August 31, 2009

တောသားမြို့ရောက်မျောက်ဖြစ် (၂)



အင်း ပါးလုံးအခုတလော ကျောင်းသွားတာနဲ့ ပရိုက်စစ်ပြေးတာနဲ့ ဆေးရုံက အရေးပေါ်ခေါ်တာနဲ့ တာနဲ့တာနဲ့တွေနဲ့ပဲ ဘလော့လည်း မလည်ဖြစ် စာလည်းမဖတ်နိုင် စာလည်းမရေးနိုင်ဖြစ်နေတာ။ အခုတော့ ပါးလုံးခရီးထွက်တိုင်း ဗျာများတဲ့အကြောင်းလေး ဆက်ရေးလိုက်ဦးမယ်ဗျာ။

ဒီလိုဗျ ပါးလုံးတို့ကျောင်းမပိတ်ခင်ပေါ့ဗျာ။ ဆရာကလာမေးတယ်။ ပါးလုံးကို လီလီဟန်းမား သွား မလားတဲ့ နိုင်ငံတကာကကျောင်းသားတွေ အစည်းအဝေးတဲ့ အသက်ကတော့ ၁၈နဲ့ ၂၅ကြားတဲ့။ ခရီးစရိတ်လည်း သူတို့ပြန်ပေးမယ်တဲ့။ အဲ့တော့ပါးလုံးက ထင်တာက ပါးလုံးသူငယ်ချင်းတွေရော တပျော်တပါးကြီးပေါ့ဆိုပြီး ပျော်နေတာပေါ့။

နောက်တော့မှ သူငယ်ချင်းတွေကိုမေးတော့ တယောက်မှမသိကြဘူး။ နောက်တော့ ကွန်မြူးကခေါ် တာနဲ့ ပါးလုံးရုံးကိုသွားတော့မှ ပါးလုံးကိုသွားဖို့ရွေးထားတယ်တဲ့ အဲ့ဒါသွားချင်လားမသွားချင်လား ခေါ်မေးတယ်။ အတွေ့အကြုံလိုချင်တော့လည်း သွားမယ်ပြောလိုက်တာပေါ့နော်။

အဲ့နေ့ကတည်းက ဖောင်တွေဖြည့်ပြီးတာနဲ့ ပါးလုံးက၁၀ရက်နေ့ သင်တန်းစမယ်ဆိုတာကို မှတ်လိုက်တာက ကြာဿပတေးလို့ပဲ မှတ်လိုက်တာလေ။ မှတ်ထားပြီးတော့ ထရွန်ဟိုင်းကိုခရီး ထွက်လိုက်တယ်။ အဲ့ကပြန်လာရင်ဘာပဲဖြစ်ဖြစ် တပတ်ကျော်နားပြီးမှ လီလီဟန်းမားသွားရမယ် ပေါ့။

အဲ့လိုနဲ့ ထရွန်ဟိုင်းကပြန်လာပြီးတော့ တနင်္လာနေ့ကျောင်းတက်တော့ ကွန်မြူးကအဖွားကြီးက ပါးလုံးမေးကိုစာရောက်လားတဲ့ အဲ့ဒါပရင့်ထုတ်ပြီး ရုံးကိုလာပါဆိုတာနဲ့ ကျောင်းရောက်ရောက်ချင်း ပရင့်သုံးဆောင်ထုတ်လိုက်တယ်။ အဲ့နေ့က ၁၀ရက်နေ့မနက် ကိုးခွဲလေ။ အဲ့တော့ ပါးလုံးသူ့ကိုမ ပေးခင် ဖတ်လိုက်တော့မှ အဲ့နေ့ပဲ ဆယ်နာရီ အော်စလိုမှာ ဆုံကြမယ် အဲ့ဒါပြီးမှ လီလီဟန်းမားကို ထွက်ကြမယ်ဆိုပြီး စာကရောက်နေတာ။


ပါးလုံးစာများမှားဖတ်လားလို့ မျက်စိသေချာပွတ်ပြီးဖတ်တော့လည်း ဒီအတိုင်းပဲဗျ။ အဲ့ဒါနဲ့ ဆရာမ ကမေးတယ်။ အခုစတော့မယ်တဲ့ အဲ့နေ့ညနေပဲအစည်းအဝေးကစမယ်။ အဲ့တော့ ပါးလုံးကိုသွား မလား မသွားဘူးလားတဲ့။ သွားမယ်ဆုံးဖြတ်ထားလို့ ဖောင်တောင်တင်ထားတဲ့ကိစ္စကို သွားမှာပေါ့။ ကိုယ့်ကိုရွေးထားတာကို လက်လွှတ်တော့မခံချင်ဘူးလေ။ ဆွေးနွေးရမယ့် အကြောင်းအရာတွေကို အိပ်ရေးပျက်ခံပြီး ဖတ်ထားတာ အလကားမှမဟုတ်ပဲ။

အဲ့တော့ သွားမယ်ပေါ့။ သွားချင်တာပဲသိတာပါ။ မြို့နာမည်ကလွဲပြီး ပါးလုံးဘာမှမသိဘူး။ အစည်း အဝေးလုပ်မယ့် ဟိုတယ်နာမည်လည်း မသိဘူး။ ဘာကားစီးရမယ်ဆိုတာလည်း မသိဘူး ဘာဆို ဘာမှမသိဘူး။ အကျီတွေကလည်း မီးပူမတိုက်ရသေးဘူး။ ဒီကြားထဲ အဲ့ညက တရေးမှမအိပ်ထားဘူး။ အဲ့လိုနဲ့ဆရာမက ကားချိန်ကြည့်ရှာပေး နေတယ်။ အဲ့ဒါဆရာမကို ရတယ် မေးသွားမယ်။ ဟိုတယ်နာမည်ပဲ ရှာပေးဆိုတော့ သူကရှာတာ ကြာနေတာနဲ့ နေပါစေတော့ဆိုပြီး လွယ်အိတ်လွယ်ပြီး အိမ်ကို အပြေးပြန်လာလိုက်တယ်။

အိမ်ရောက်တာနဲ့ ပါးလုံး Ålesund ကိုသွားဖို့ ကားချိန်ကြည့်တယ်။ နောက်တော့ အချိန်က ၁နာရီခွဲ လောက်ရတာနဲ့ မီးပူအပြေးတိုက် အကျီတွေထည့် ဌက်ပျောသီးသုံးလုံးရယ် ရေဘူးရယ်ထည့် ပြီးတာနဲ့ ပါးလုံး ဒူးထောက်ဆုတောင်းလိုက်တယ်။ ပါးလုံးသိတာက ဘုရားသခင်ကူညီမယ်ဆိုတာ ရယ် လီလီဟန်းမားကိုရောက်ရမယ်ဆိုတာရယ်ပဲ။ ကျန်တာဘာမှကိုမသိတာ။

အဲ့ဒါနဲ့ ကားစီးသွားတော့ Ålesund ရောက်တော့ ကားချိန်ကိုသွားမေးတယ်။ ငါတခါမှမသွားဖူးပါဘူး လို့ အဲ့ဒါ ဘာကိုဘယ်လိုစီးရမလည်းဆိုတော့ တိုက်ရိုက်ကားက မနက်ကိုးနာရီနဲ့ ညကိုးနာရီနှစ်စီးပဲ တဲ့။ အဲ့တော့ပါးလုံးက မနက်ကိုးနာရီကမမှီတော့ဘူး။ ညကိုးနာရီကားကိုစီးရင် မနက်သုံးနာရီကြီး ရောက်သွားမှာ။ ဒါဆိုရထားဆိပ်မှာ ငုတ်တုတ်နေနေရမှာပေါ့။

ပြီးတော့ အစည်းအဝေးကလည်း အဲ့နေ့၃နာရီမှာစမှာ။ အဲ့တော့ ပါးလုံးညကားစီးမယ်ဆိုပြီး ထိုင် ပြီးခါမှ နောက်ရထားနဲ့ဆို ဘယ်ကားစီးရမလည်းဆိုတော့ ထွက်ခါနီးကားကိုလက်ညှိုးထိုးပြပြီး အဲ့ဒါနောက်ဆုံးကားတဲ့ အဲ့ဒါနဲ့ အထုတ်တွေကိုဆွဲပြီး ပြေးရတာပေါ့ တိုက်ရိုက်ကားကိုပဲစီးချင် တာက ပါးလုံးက ဘာမှမသိဘူးလေ ဒါကြောင့်ပါ။ ဒါပေမယ့် တိုက်ရိုက်ကားကို မစောင့်နိုင်တော့ တာနဲ့ တစ်မိနစ်အတွင်း ရထားနဲ့သွားဖို့ဆုံးဖြတ်လိုက်တာ။

အဲ့ဒါနဲ့ကားပေါ်မှာ ရထားဂိတ်ရောက်ရင်ပြောလို့ ငါမသိဘူးဆိုတော့ အကုန်ဆင်းရင် ကားဆက်မ ထွက်တော့ရင် နင်ဆင်းလို့ရပြီတဲ့။ ဒါနဲ့ စီးသွားရထားဂိတ်ရောက်တော့ မေးတာပေါ့ လီလီဟန်းမား ရထားဘယ်ရထားလည်းဆိုတော့ အခုထွက်ခါနီးတဲ့ အောင်မလေး ပြေးရပြန်တာပဲ။ ကဲပါးလုံးရေ ပြေးဟေ့ ပြေးဟဆိုပြီး ပြေးရတော့တာပေါ့။

ဒါနဲ့ ရထားလက်မှတ်လည်း ကြိုမဝယ်ထားဘူးလေ။ လက်မှတ်စစ်လာတော့မှ လက်မှတ်ဖြတ်။ ဖြတ်၇င်းမေးလိုက်တော့ ရထားက နွေရာသီသူများ အပျော်စီးပြီး ရှု့ခင်းကြည့်တဲ့ရထားဖြစ်နေပါ လေရောဗျာ။ ဖြေးတာမှ လိပ်တောင်ထိုင်ငိုရမယ်။ တကယ်ပါပဲ အရေးကြီးပါတယ်ဆို ထပြေးပြီး သာသွားလိုက်ချင်တာလေ အဟုတ်။

လှလွန်းတဲ့ရှု့ခင်းတွေရှေ့ရောက်ရင် ရေတံခွန်တွေရှိတဲ့နေရာရောက်တော့ ရထားကရပ်ပေးတယ်။ ဓါတ်ပုံတွေဘာတွေရိုက်ဖို့ပေါ့ ။ ကင်မယာလည်းမပါတဲ့ပါးလုံး ကိုယ့်ခေါင်းကိုယ်သာ နှစ်တစ်တုတ်နဲ့ ၇ိုက်မှပဲရတော့မယ်။ အဲ့ရထားက လီလီဟန်းမားထိမဟုတ်ဘူးတဲ့ဗျာ။ ရထားပြောင်းစီးရဥိးမယ်ဆိုပဲ။

ကဲပြောင်းဆိုတော့လည်း ပြောင်းပေါ့ ဘယ်တတ်နိုင်မလည်း။ ဒါနဲ့နောက်ရထားတစ်စီးကို ၁၅မိနစ် လောက်စောင့်နေတဲ့အချိန်မှာ ရွှေမိုးငွေမိုးတွေကရွာလေတော့ မိုးရေထဲမှာ ဒေါ်ရွှေပါးလုံးတယောက် ထီးလည်းမပါ မတ်တတ်မေ့တာပေါ့ဗျာ။ ကိုယ်တောင် မြန်မြန်ရောက်ချင် ပါတယ်ဆို အမေရိကားကကျောင်းသားအုပ်နဲ့ လာတိုးတယ်။ သူတို့က ထရွန်ဟိုင်းသွားမလို့တဲ့။ အဲ့ဒါဘယ်ရထားလည်းတဲ့ ငါလည်းပထမဆုံးပဲလို့ မသိဘူးလို့ ငါတို့နဲ့ဆန့်ကျင်ဘက်ဆိုတော့လို့ ငါတက်တဲ့ရထားကိုမတက်နဲ့လို့ပဲ ပြောလိုက်ရတော့တယ်။

ခဏနေတော့ ရထားလာပါလေရော။ တလမ်းလုံးစိတ်စောနေတာ ပါလာတဲ့ ဌက်ပျောသီးသုံးလုံး ကိုလည်း မေ့နေတယ် ဗိုက်ဆာတာတောင် သတိမယတော့ဘူး။ အဲ့ဒါနဲ့ ရထားနောက်တစ်စီးပေါ် ရောက်တော့မှထပ်မချိန်းရတော့ဘူးဆိုတော့ စိတ်အေးလက်အေးထိုင်လိုက်ရတော့တယ်။

အဲ့ဒါ နဲ့ ထည့်လာတဲ့ အင်္ဂလိပ်ဝတ္ထုလေး ထိုင်ဖတ်ပြီး ၂နာရီလောက် ကြာတော့ ပူလာတာနဲ့ ဖိနပ်လေးချွတ်လိုက်တယ်လေ။ လျှာရှည် တာ တလမ်းလုံးမချွတ်ပဲ အဲ့အချိန်မှချွတ်လိုက်တာ။ ဌက်ပျောသီးလေးလည်း ပါးစပ်ထဲ တလုပ်ပဲ ထည့်ရသေးတယ်။လီလီဟန်းမားကိုရောက်ပါပြီတဲ့ဗျာ။

ဖိနပ်ကလည်း ကြိုးတွေနဲ့ ဌက်ပျောသီးကလည်း စားရင်းတန်းလန်း။ ရောက်ပြီဆိုတော့ အကုန်အိပ်ထဲကိုထည့် ကြိုးလည်းမတပ်နိုင်တော့ဘူးဖိနပ်ကို တော်သေးတယ်ကြိုးတက်နင်းမိ ပြီး သွားမကြိုးတာ။ အဲ့လိုနဲ့ လီလီဟန်းမားကိုတော့ ဟိုလှိမ့်ဒီလှိမ့်နဲ့ရောက်လာပါလေရော။

လမ်းမှာတုန်းက ပါးလုံးကို အဲ့အစည်းအဝေးကို ဦးဆောင်တဲ့ အမက ဖုန်းဆက်ထားတယ်လေ လာမှာလား ဆိုတာကို အဲ့ဖုန်းနံပါတ်လေး မှတ်ထားတာရှိတယ်။ ဖုန်းဆက်မယ်လုပ်တော့ မယ်မင်းကြီးမပါးလုံး ဖုန်းထဲမှာ ပိုက်ဆံတပြားမှ မရှိပါဘူးရှင်။

ကဲ အကြွေထည့်ပြီးတော့ ဆက်ရတော့မပေါ့။ ဒါနဲ့ အဲ့ဖုန်းကြီးနားရောက်တော့ ပြောတဲ့အတိုင်း တောသားမြို့ရောက်မျောက်ဖြစ်ဆိုသလို အဲ့ဒါကြီးကို မဆက်တတ်ဘူးဗျ အဲ့ဒါနဲ့အဲ့နားထိုင်နေတဲ့ သူကို ဒါလေးထည့်ပြီး ဘယ်လိုဆက်ရမလည်း သင်ပေးပါဆိုတော့ သူလည်း သနားသွားပုံရတယ်။ ပါးလုံးကို သူ့ဖုန်းသာယူဆက်ပါတဲ့။

ဒါနဲ့ ဟိုခေါ်ထားတဲ့တယောက်ကို ဖုန်းဆက်ပြီး ငါရောက်ပြီငါမလာတတ်ဘူး လာကြိုပေးပါဆိုတော့ အကိုတယောက်လာကြိုတယ်။ အဲ့ဒါနဲ့ ဟိုရောက်တော့ စနေပြီ ပါးလုံးရောက်တဲ့အချိန်က ည၈နာရီ ထိုးနေပြီ။ အစည်းအဝေးက လေးရက် တနင်္လာ နေ့လည်ကနေ သောကြာ နေ့လည်ထိ မနက် ၈နာရီကနေ ည၁၀နာရီခွဲထိ။

လူကပင်ပန်းပါတယ်ဆို ဘာမှလည်းမစားရသေးဘူး အခန်းကိုနောက်မှယူဆိုပြီးတော့ အထုတ်တွေ ကိုချပြီး အဲ့မှာ ဝင်ဆွေးနွေးရတယ်။ ပထမတော့ လူလည်း ဘာမှမပြောနိုင်သေးဘူး။ တော်တော်လည်းပင်ပန်းနေပြီကိုး။ အဲ့ဒါပြီးတာနဲ့ ၁၀ခွဲတော့ အခန်းသော့ယူပြီး ခြေလက်တွေဘာ တွေသစ်ပြီး အခုဏကဌက်ပျောသီးလေးစားပြီး ကောင်းကောင်းကျိုးမယ်ပေါ့။ ခရီးပမ်းထားတော့မနက်မနိုးမှာစိုးလို့ ဖုန်းနဲ့ အလန်းလေးပေးပြီး အိပ်လည်းအိပ်ရော ည၁နာရီကြီး ဖုန်းမြည်လာပါလေရောဗျာ။ နိုင်ငံခြားကောကြီးဗျာ။ ဟလိုဆိုလည်းပြန်မပြောဘူး။ ဒါနဲ့အိပ်ချင်တော့ ချလိုက်တယ်။ နောက်၁၅မိနစ်နေတော့ပြန်ခေါ်ပြန်ရော။ ပါးလုံးကလေးခေါက်လောက်ဆိုတော့ တောင်းပန်တာပေါ့။ စိတ်လည်းတိုတယ်။

ပင်ပန်းပါတယ်ဆို။ တောင်းပန်တာလည်း မရဘူး ဖုန်းလည်းဆိုင်းလန့်လည်းလုပ်မဖြစ် ပိတ်လည်းမဖြစ်ဘူးလေ မနက်မနိုးရင်ဒုက္ခလေ။ ဗမာဆိုလို့ အဲ့မှာပါးလုံးတယောက်တည်းကို တော်ကြာဒီဗမာမ အချိန်မလေးစားဘူး အိပ်လည်းပုတ်တယ် အပြောမခံနိုင်ပေါင်။

ဘယ်သူခေါ်လို့ခေါ်မှန်းမသိပဲနဲ့ ပါးလုံးတယောက် မနက်ခြောက်နာရီထိ နှိပ်စက်ခံလိုက်ရတယ်။ ဒါနဲ့ မနက်ခင်းမိုးလင်းတော့ ထမင်းစားဆောင်လည်းရောက်ရော တနင်္လာနေ့ကလည်း ထမင်းငတ် ထားတယ်ဆိုတော့ အားရပါးရစားမယ်ဆိုတော့ ပေါင်မုန့် အကြမ်းကြီးတွေနဲ့ အစုံပေမယ့် တောသား ဆိုတော့သိတဲ့အတိုင်း အဲ့ဒါကြီးတွေ မကြိုက်ဘူးဗျာ။

ငယ်ငယ်ကတည်းက မကြိုက်လို့ကတော့ အငတ်ခံတဲ့ပါးလုံး အသီးလေးတွေပဲ စားပြီးထလာလိုက် တယ်။ အဲ့လိုနဲ့ ညနေစာကျတော့လည်း ငါးအစိမ်းတွေ အာလူးပြုတ် ပန်းထုတ်ပြုတ်တွေဗျာ။ အား လူးမကြိုက်တဲ့ပါးလုံး ငါးအစိမ်းကိုလည်း ဘယ်လိုစားမလည်းဟင် လုပ်ထားတာလေးက လှတော့ အပြတ်ဆွဲမလို့ဗျာ။

နောက်ဆုံးတော့ အချိုပွဲအတွက် အသီးတွေကိုထိုင်စားပြီးပဲ တနေ့ကုန်သွား၇တယ်။ တနေ့လုံးက လည်းအတိုက်အခံကို ဆွေးနွေးနေတာ မနားရဘူး။ အဲ့တော့ ဗိုက်ကလည်းဆာတယ်ဗျာ။ ဘယ်မှ လည်းမထွက်ရဘူးလေ။ အဲ့လိုနဲ့ နောက်နေ့တော့ မရတော့ဘူးဗျ ငါးစိမ်းမကလို့ ကြက်အစိမ်း လာကျွေးရင်တောင် စားတော့မှာ သေချာတယ်။ မခံစားနိုင်တော့ဘူးလေ။

အဲ့တော့ အကုန်ဆွဲတော့တာပဲ အဟီး။ အဲ့လိုနဲ့ ဒုတိယည သင်တန်းပြီးလို့ အခန်းပြန်တဲ့အချိန်မှာ အန္ဒိယမလေး နှစ်ယောက်အခန်းကိုလိုက်လည်တယ်ဗျာ။ လိုက်လည်ပြီး ပါးလုံးအခန်းထဲက ပစ္စည်း တွေကိုကြည့်သွားတယ်။ ညကျတော့ အိပ်မယ်ဆိုပြီး ဖုန်းကိုတော့ ပိတ်ပစ်လိုက်တယ်။ နှစ်နှစ်ခြိုက် ခြိုက်လည်း အိပ်ပျော်ရော တံခါးလာခေါက်ပါလေရောဗျာ။

Dryer တဲ့ဗျာ။ ပါးလုံးက လေးဘက်နာရှိတော့ ခေါင်းလျှော်ပြီး မှုတ်လို့ရအောင် အအေးမခံနိုင်လို့ ထည့်လာတာ အိန္ဒိယမ နှစ်ယောက်က မြင်သွားတော့ အဲ့နော်ဝေမကို ပြောလိုက်တာ ဟိုတယောက်လည်း ညကြီးဆံပင်လျှော်ပြီး လာဌားတယ်ဗျာ။ ဌားတာပြဿနာမဟုတ်ပါဘူး သူများ အိပ်နေတာကို ဒါနဲ့ယူပေးလိုက်ပြီ။တော်တော်နဲ့ အိပ်မပျော်တော့ဘူး။ သူတို့ကတော့ ဆောတီးလေးတစ်လုံးနဲ့ပြီးသွားတာဗျ။ ၃နာရီမှအိပ်ပျော်သွားတယ်။

ကဲနောက်တရက်တော့ ကောင်းကောင်းအိပ်မယ်ဆိုပြီး အစည်းအဝေးပြီးတော့ ဘယ်သူမှမလာဘူးမှတ်တာလေ ည၁ခွဲတော့ အိန္ဒယမ၂ယောက်လာပါလေရော။ ဆေးပေးပါတဲ့။ ပါးလုံးက လေးဘက်နာဆေးတွေ ဘာတွေအကုန်သယ်လာရတာကိုး။ ဒင်းက ဒါကိုမြင်သွားလေ တော့ ဗိုက်အောင့်လို့တဲ့။ ငါ့မှာအစာအိမ်ဆေးမရှိဘူးဆိုတော့ နင့်ဆီမှာ ဆေးတွေတွေ့တယ်တဲ့။

ဒါနဲ့ အဲ့ဒါအစာအိမ်ဆေးမဟုတ်ဘူး လေးဘက်နာဆေးတွေ နှလုံးဆေးတွေပါဆိုတော့ ချက်ချင်းပဲ ခေါင်းတွေအရမ်းကိုက်တယ်ဖြစ်သွားရော။ ခေါင်းကိုက်ပျောက်ဆေးပေးပါတဲ့။ ဒါနဲ့စိတ်ပေါက်ပေါက် နဲ့ ပါးလုံးဆေးပုလင်းတွေ အကုန်ချပေးလိုက်တယ်။ ကဲကြိုက်တာသာယူသွားတော့လို့ မတည့်လို့ တခုခုဖြစ်ရင် ငါမသိဘူးဆိုပြီး ပေးလိုက်တော့မှပဲ မရရင် ရတာယူမယ်များဆုံးဖြတ်ထားလား မသိဘူး။ ဆေးတွေယူသွားလေရဲ့။

ပြန်မယ့်ညကျတော့ ပါတီပွဲလုပ်ကြတယ်။ အသားကင်စားကြတယ်။ စကားတွေပြောကြတယ်။ ထိုင်းမနှစ်ယောက်က ထိုင်းအကကကြတယ်။ ပါးလုံးကတော့ အချိုရည်နည်းနည်းသောက်ပြီး အသားကင်ပြီးတဲ့အထိ မစောင့်တော့ပဲ အခန်းပြန်နားလိုက်တယ်။ သူတို့ကတော့ ကကြ ဆိုကြ တော်တော်တော့ပျော်ကြတယ်။ ပါးလုံးလည်း ခဏဆိုပြီး အခန်းရောက်တော့ ပြန်မသွားတော့ဘူး။

အဲ့တပတ်လုံး လူကိုဖတ်ဖတ်ကို မောနေတာပဲ။ ပါးလုံးတို့ ဒီနော်ဝေနိုင်ငံက ဝန်ကြီးကိုးယောက်နဲ့ လည်းဆွေးနွေးခဲ့ရတယ်။ အခုတော့ ဒီအရေမရ အဖတ်မရ ခရီးသွားတဲ့ အကြောင်းလေးကို ပဲရေးလိုက်ပါတယ်။ နောက်အပတ် ကျမှ ပါးလုံး ဘာတွေဆွေးနွေးခဲ့လည်း နိုင်ငံတကာကျောင်း သားတွေရဲ့ ဆွေးနွေးချက် နောက်ဝန်ကြီးတွေနဲ့ဆွေးနွေးတဲ့အကြောင်း အကုန်လုံးကို ပို့စ်သပ်သပ် တပုဒ်တင်ပါ့မယ်။




ဒါကတော့ ပါးလုံးကို လှလှပပလေး နှိပ်စက်သွားတဲ့ အိန္ဒိယမလေးပါ။




အဲ့ဒီဆံပင်ကောက်ကောက်လေးက Dryer လာဌားတဲ့နော်ဝေမလေးလေ အဲ့ဒီအစားအစားတွေပေါ့ ပါးလုံးကိုနှိပ်စက်တာဟွန့်။

ပုံတွေက နောက်ပို့စ်ကြမှပဲ တင်တော့မယ်နော်။ ပါးလုံးတို့ဆွေးနွေးခဲ့တဲ့ ပုံလေးတွေပေါ့နော်။
အခုလို အရေမရ အဖတ်မရလေးကို အချိန်ကုန်ခံပြီး ဖတ်သွားပေးတာလည်း ကျေးဇူးတင်ပါတယ်။
တဦးတယောက်စီိတိုင်းပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေ
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

သြော် မေ့တော့မလို့ ဖတ်ပြီးမှတော့ မန့်ခဲ့ဦးနော်။ ဟီး။

20 comments:

သားကြီး said...

အစားအသောက်ပုံတွေကတော့ စားချင်စရာပါပဲဟ
အဝေးကမို့လို့လားတော့မသိဘူး ပါးလေးဘာလို့မစားနိုင်ရတာတုန်း
ဒီလောက်တောင်အလိုက်ကန်းဆိုးမသိ ဆေးလာတောင်းတဲ့သူတွေ နောက်တခါဝမ်းနှုတ်ဆေးသာပေးလိုက် အေးရောပဲ :P
ဆာတော့ဆာပေါ့ ကြက်တော့အစိမ်းလိုက်မစားပါနဲ့ ဟီး
ဒီလောက်တောင်လောလော လောလောဖြစ်နေရတာ
ငှက်ပျောသီးရော စားခါနီးအခွံခွာမိရဲ့လား?
မိုးရေထဲမှာ ရပ်နေရတယ်ဆိုရင်တော့ သနားတယ်ကွယ်
အိပ်ချိန်ဖုန်းခေါ်ရင်အနှောင့်အယှက်ဖြစ်ရပါတယ်
alarmပေးပြီး အသေပိတ်လိုက်ပါ alarmချိန်ကျရင် ဖုန်းက
အော်တိုမြည်လာပါလိမ့်မယ် ချက်ချင်းalarmပေး အသေပိတ်ပြီးတစ်ခေါက်စမ်းကြည့်လိုက်ပါ
ဖုန်းမြည်လာမှာပါ ။ alarmကိုပြန်ပိတ်လိုက်ရင် ပြန်သေသွားရော ဖုန်းက
ကိုယ်သုံးတဲ့ sony ericssonကိုပြောတာပါ အခြားဖုန်းတော့ မသိဘူး
နောက်ပိုစ်လေးတွေမျှော်နေမယ်
အဆင်ပြေပျော်ရွှင်ပြီး လိုအင်ပန်းဆိုင် အမြန်ဆုံးရောက်ရှိနိုင်ပါစေ ။

ဝက်ဝံလေး said...

အော် ငါ ၁ မှတ်တယ် ဖေသားကြီး ရောက်နှင့်နေတယ် ဟွင်းးးးနေဦး ဖတ်လိုက်ဦးမယ် ခဏ

ဝက်ဝံလေး said...

ဟဟဟ စိတ်မပူနဲ့ မမလုံးပါးရေ များ လဲ အခုလိုပဲ တောသားမြို့ရောက်ဖြစ်နေတာလေ တော်သေးရဲ့ အဆောင်ပြန်ရောက်လာလို့ အဟက် လူကို ငိုချင်သွားတာပဲ မမ လုံးပါးက မှ ဖုံးဆက်ပြီး လာကြိုခိုင်းမယ့်သူ ရှိသေးတယ် များက ဖုံးဆက်ရင် အားလုံး စိတ်ပူကုန်မှာစိုးလို့ တယောက်တည်း ကြိတ်ပြီး လျှောက်လိုက်ရတဲ့ လမ်းတွေ သေလုရောပဲ ဟားဟားးးးးးးးးးးး အခုတော့လဲ အဲလို ရယ်နိုင်ပြီလေ ဟိဟိ

လင်းကြယ်ဖြူ said...

ဟဲ..ဟဲ..တော်တော်ကို မ တဲ့ ဘော်ဒါတွေနဲ့တွေ့လာတယ်ဆိုပါတော့
ဖြစ်တတ်ပါတယ်...အများအကျိုးဆောင်တော့ ကိုယ့် အကျိုး အောင်တာပေါ့
နော...
ပျော်ပါစေ ညီမရေ

yangonthar said...

ဟုတ်ကဲ့ မန့် ပါပြီ စိတ်ဝင်စားဖို့ ကောင်းအောင် စာဖတ်ရင်းက
ပြုံး ရွှင်သွားစေအောင် ရေးထားတဲ့ အရေးအသားလေးကို အရင် ချီးကျူးပါရစေ .... စိတ်ခံစားချက်လေးတွေ အဖြစ်အပျက် လေးတွေကို သေချာမြင်နေရသလို ပါပဲဗျာ
နောက် ပင်ပန်းပေမယ့် ပျော်စရာကောင်းတဲ့ ခရီးအတွေ့  အကြုံ လေးရယ်၊ တွေ့ ခဲ့ရတဲ့ မိတ်ဆွေတွေရဲ့  ကောင်းကျိုးပေးပုံလေး တွေက ကြည်နူးစရာတစ်မျိုးပါ စာရေးသူ အတွက်တော့ စိတ်ညစ် ခဲ့ရမှာပါ .... :D
တောသားမြို့ ရောက်ဟုတ်ပါဘူးဗျာ
မြို့ သားတွေ နယ်ရောက်တာဖြစ်ပါ့မယ် :)
မိတ်လည်းဆက်ရင်း စာလည်းဖတ်ရင်း ရောက်တုန်း
ရောက်ခိုက် မန့် သွားပါတယ်
ကျွန်တော် ရန်ကုန်သားပါ :D
နွေးထွေးပါစေ

Angel Shaper said...

တောသားမြို့ ရောက် ဖြစ်ရပ်လေးပေါ့လေ။
နောက်တစ်ခါ သူများကို ဆေးတိုက်ဖို့ ကြွက်ပုံပါတဲ့ ဆေးထုတ်လေး ဆောင်ထားဦး။ အဲလောက်နှောင့်ယှက်တာ။ ဟဟားးး
အကျင့်ပုပ်။ ကိုယ့်ကိုယ်ကို ပြောတာနော် ပါးလုံး။။။

အိုက်ခီလောက် said...

ဖတ်တယ် မန့် တယ် ဘာလိုသေးလည်း ပလုံး ပါးမဆွဲရတာတောင်ကြာနေပြီ
ငြိမ်ချက်သားကောင်းနေတာကိုး
အင်းဖတ်ပြီး ကိုယ်တိုင် တောင်ဖြစ်နေသလားလို့ မှတ်ရတယ်
ဆုံလည်းဆုံတတ်လွန်းတယ် ကွယ်

မြစ်ကျိုးအင်း said...

ဖြစ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်းပါလားပုန်းပုန်းရယ်
ငှက်ပျော်သီးတဖက်နဲ့ ဖိနပ်ချွတ်ပြီး ရထားပေါ်က ဆင်းရတာ ဖတ်ရတော့
ရယ်မိတယ်။
ငါ့ညီမက စိတ်ဓါတ်မာလို့ တော်သေးတယ်။
နောက်ပို့စ်လည်း စောင့်ဖတ်မယ်လေ။

မေလေး said...

အင်းးး ငါ့ညီမနှယ် ဖြစ်ရတယ်လို့ကွယ်..
ခရီးအတွေ့အကြုံလေး မျှတာ ကျေးဇူးနော်။

htet said...

ပါးလုံးရေ
တို့တွေလဲရောက်ခါစက ပါးလုံးလိုပဲဖုန်းမဆတ်တက်တော့ ပိုက်ဆံတွေသာကုန်တယ် ဆတ်မရခဲ့ဘူးဟီးးးးး
လျှောက်လည်ပြီးဗိုက်ဆာတော့လဲ ကိုယ့်အိမ်ကိုယ်ပြန်မတတ်တော့ဘူး
ကိုယ်ရွှေပေါင်မုန့်တွေကလဲ မစားတတ်...ဖတ်ဖတ်ကိုမောရော
ခရီးသွားမှတ်တမ်းဖတ်ရင်းရယ်မိနေလေရဲ့.....မထက်

Pooh Lovers said...

ဗိုက်ဆာတယ်ဗိုက်ဆာတယ်လို့ အဲဒီတုန်းကပြောတာဒါကြောင့်ကိုး။ ခုတော့သိပြီ။

WinniePoohGallery

ဧရာဝတီသား said...

ပါးလုံးရေ တော်တော် မောခဲ့မှာပဲနော။ နောက်ပိုစ့်ကို စိတ်ဝင်တစား စောင့်မျှော်နေမယ် ညီမလေးရေ။ ဘာပဲလုပ်လုပ် ကျန်းမာရေးတော့ ဂရုစိုက်ပါကွယ်၊ ဒါအဓိကပဲနော်။ ဆေးတွေပါအောင် ယူသွားတယ် ဆိုလို့ ဆေးမှန်မှန် သောက်ပုံရလို့ ချီးကျူးပါတယ်။ မမေ့နဲ့နော် ကျန်းမာရေးက အဓိကပဲ။ ကျန်းမာရေး အထိခိုက်ခံပြီးတော့ ပင်ပန်းတဲ့ အလုပ်တွေ မလုပ်နဲ့နော်။
ခင်မင်လျက်

Anonymous said...

လက်ရွေးစင်ကြီးပေါ့..... တော်လိုက်တာ... ဟုတ်တယ် နိုင်ငံခြားသားတွေ တအားအငှားသန်ကြတယ်.... မြန်မာတွေကတော့ ငှားပြီးပြန်မပေးကြဘူး....

Anonymous said...

ဖုတ်ပူမီးတိုက်ဆိုတာ အဲဒါပဲ... လူကလဲ ပြာပြာ၊ ပြာပြာနဲ့ဆိုတော့ အကုန်လုံး မျက်ကလဲဆန်ပြာ ဖြစ်ပြီး၊ ဂယောင်ခြောက်ခြားနဲ့ ပေါက်ကရတွေ ဖြစ်ကုန်တာပေါ့။ နောက်ဆို... သတိထားပေါ့။ ဟိ...

Unknown said...

တောသားမဟုတ်ပါဘူးဝေ့...

တောသူပါ... :) :) :)

ဒါကြောင့်ပျောက်နေတာကိုး.......

အစစ အဆင်ပြေပါစေဗျာ....

သတိရနေကြောင်းပါ....

Anonymous said...

မန့်တာလေးတွေဖတ်ပြီးမှပဲ စာဆက်ရေးချင်စိတ်တွေ တဖွားဖွား ပေါ်လာတော့တယ်။ ကိုလင်းနေမန့်မရဘူးဆိုလို့ ပါးလုံးမန့်ကြည့်တာ ဟီး
ခင်မင်လျှက်
ညီမလေး ပါးလုံး

အိပ်မက်ခြေရာ said...

ခုမှအဆင်ပြေသွားတော့တယ် တားကညံတာကိုးဗျ သိဘူးလေ။ ခုမှပဲကောင်းကောင်းမန့်ရတော့မယ်

ဖတ်ရင်းဖတ်ရင်းကိုယ်တိုင်ဖြစ်နေသလားမှတ်ရလောက်အောင်ဆွဲဆောင်ပါပေ့ဗျာ။ အရေးအသားကတော့ ပြောစရာမရှိလောက်အောင်ကောင်းတယ် ဖြစ်ပျက်နေတာကို ကွင်းကနဲကွက်ကနဲ ကိုမြင်စေတယ်ဗျာ။ ပါးလုံးတို့ကတော့ မအားတော့လည်းမအားဘူး အားလို့ရေးတော့လည်း ရှယ်ပါပဲလားဗျို့ ဆက်ရေးဆက်ရေး လာမယ့်အပိုင်း ၃ မှာလည်းဘယ်လို ဗရုတ်သုတ်ခကျပြီးဘာတွေ
ဖြစ်လာဦးမလဲ ပါးလုံးတို့ကဖြစ်လိုက်မှဖြစ်အသည်းအသန်ကြီးပဲလေ။း))) ဟိုဗူးသီးဓါချခေါ်သလိုခေါ်လိုက်ရမလား ..........ပါးလုံးရေ အားပေးလျှက်....
(ဟဲဟဲ ခေါ်ခဲ့ဘူးနော်နာမည်ကို)

မျက်မှန်လေး said...

ဟဟ ...ဖြစ်ကိုဖြစ်ရမယ်။။ ချစ်ပါးလုံးတို့ကတော့..
ဒါနဲ့ ဖုန်းသရဲဘယ်သူဆိုတာသိပလားး၊၊၊

ဟီးဟီး
အိန္ဒိယမတွေကလည်းသူများအိပ်ချိန်မှန်းဘာမှန်းမသိ..
ဆေးလာတောင်းရတယ်လို့

Anonymous said...

တော်ပါပေတယ်.. အစ်မရေ.. ကြိုးစားရကျိုး၊ အပင်ပန်းခံရကျိုးလည်း နပ်မှာပါ..
စိတ်ဝင်စားစရာ အတွေ့အကြုံသစ်လေးတွေမို့
စောင့်ဖတ်မယ်နော် နောက်ပို့စ်လေးကို..း)

မိုးခါး said...

ပင်လည်းပင်ပန်း ဗဟုသုတလည်းရတာပေါ့ ..
တော်တယ် ..း)))

Post a Comment

အခုလို သေသေချာချာဖတ်ပြီး ကွန်မန့်လာပေးတဲ့အတွက် ကျေးဖူးအထူးပင် တင်ရှိပါကြောင်း ဖတ်ပြီးမှတော့ မန့်ပြီးမှသာ ပြန်စေချင်ကြောင်း ကောင်းသည်ဆိုးသည် ကြိုက်သလိုသာ ဝေဖန်နိုင်ကြောင်း အားလုံးပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေလို့ ဆုတောင်းရင်း ကွန်းမန့်လေးတွေဖတ်ရင်း အားမွေးနေမယ်နော်။ အဟိ။