Feeds RSS

Sunday, September 6, 2009

ဘယ်သူပါလိမ့်ပေါ့ ဖားပြုတ်ကြီးကိုး



အင်း မနေ့ကတည်းက ပါးလုံးဒီပို့စ်ကို တင်မလို့ပါ တင်ပြီးတော့မှ ပြန်ဖြုတ်လိုက်တာ။ ဘာလို့လည်းဆိုတော့ ရေးချင်တဲ့ ဦးတည်ချက်ကြီး ကဘာကိုဆိုလိုချင်မှန်း မပေါ်ဘူးဗျာ။ ပို့စ်ရဲ့ ဆိုလိုရင်းဘာမှန်းမသိတာမပြောနဲ့လေ ပါးလုံးကိုယ်တိုင်လည်း စိတ်က ဘယ်တိုင်းပြည်ရောက်နေမှန်းမှ မသိတာကိုနော်။ သေချာတာတော့ စိတ်က မြန်မာပြည်မှာပါ ။အပြေးတပိုင်းနဲ့ကို ပြန်ချင်မိတာပါမြန်မာပြည်ကို။ ဒါပေမယ့် အောင်မြင်မှုတခုခု မပါပဲ မပြန်ချင်လေတော့ ကိုယ့်ကိုယ်ကိုယ်ပဲ အားပေးလိုက်ရတော့တယ် “ဟိုက်တင်း” ပါးလုံးရေလို့လေ။

ပါးလုံး မနေ့က စာရေးနေရင်းနဲ့ အကိုတယောက်က လှမ်းပို့ပေးတယ်။ ကလေးတွေ ဝါးလုံးတီးပြီး သီချင်းဆိုပြီး ပိုက်ဆံတောင်းနေတဲ့ လင့်လေးကို လှမ်းပို့ပေးတယ်။ လူက ထမင်းစားရင်းတန်းလန်းနဲ့ ဆက်လည်းမစားနိုင်တော့ဘူး။ မျက်ရည်လည်း ဝဲမိတယ်။ သိနေပေမယ့် အခုလိုကျတော့ ပိုမခံစားနိုင်ဘူးဗျာ။ ဘာလုပ်ပေးနိုင်မလည်း။ ဘယ်လိုလုပ်ပေးရမလည်း စဉ်းစားမိတယ်။ ကျောင်းတက်ရင်း အလုပ်လုပ်ချင်တယ်။

အနည်းနဲ့အများတော့ ကူညီချင်မိတယ်။ ကိုကြယ်လေးကိုလည်း တော်တော်အားကျတယ်။ အလုပ်ကလည်း ရှာတာကို မရဘူးဗျာ။ လိုချင်လွန်းလို့ဖြစ်မယ်။ ကျောင်းဆင်းချိန်လေး သွားလုပ်ချင်မိတယ်။ ပင်ပန်းမယ်ဆိုတာသိပေမယ့် ကလေးတွေ ပင်ပန်းတာကို မမှီလောက်ပါဘူး။ သူတို့ကို ပါးလုံးအရမ်းသနားတယ်ဗျာ။ ဘာပြောရမှန်းကိုမသိအောင်ပဲ။ စိတ်လည်းတော်တော်မကောင်းဘူးဗျာ။

ဒီရက်ပိုင်းအတွင်း စိတ်မကောင်းဖြစ်မိတာလေးကို ပြောပြတာပါ။ ပါးလုံးသွားတဲ့ အစည်းအဝေးအကြောင်းလေးကို ပုံလေးတွေနဲ့ပဲ ပြောပြလိုက်တော့မယ်နော်။ စာရေးထားတာက ဦးတည်ချက်ပျောက်နေတယ်။ ဒါကြောင့်မတင်တော့ဘူးနော်။ ခွင့်လွှတ်ပေးကြပါနော် အကိုအမများ။ ဝက်ဝံလေးတက်ဂ်ထားတဲ့ ပို့စ်ကလည်း တင်ချင်ပေမယ့် သံခမောက် မဝယ်ရသေးလို့အဟိ။
အောက်ကပုံလေးတွေကို ရှု့စားလိုက်ဦးနော်။


ဒါက ကစားနေကြတဲ့ပုံလေ

ဒီပုံကတော့ ဆွေးနွေးနေကြတဲ့ပုံပေါ့နော်။

ဒါကတော့ ဝန်ကြီးကိုးယောက်

အဲ့နေ့က ပါးလုံးတို့နဲ့ လာဆွေးနွေးတာက အင်္ဂလန်က ဆရာ။ သူနဲ့ လူတွေရဲ့ စရိုက် ဗီဇ အကြောင်းကိုဆွေးနွေးတာပေါ့နော်။ ပါးလုံးတို့အကုန်လုံး အဲ့ဒါကို လန့်နေကြတာလေ။ လေးမယ် ဆိုပြီးတော့ပေါ့။ ရင်လည်းခုန်ကြတယ်။ အဲ့နေ့ကိုလူတိုင်း စိတ်ဝင်တစားစောင့်နေရတာကိုး။

ကဲ ငါ့တို့ဗီဇအကြောင်း လူတွေရဲ့ အကျင့်စရိုက်တွေအကြောင်း ဆွေးနွေးမယ်ဟေ့လို့ မပြောပဲ ပါးလုံးတို့ ရင်ခုန်နေတဲ့ ဗီဇဆီကို မသိမသာလေးရောက်သွားပါတယ်။ သူက မျက်နှာဖုံးတွေ အများကြီးပဲသူပါလာတယ်။ နောက်တော့ သူကမျက်နှာဖုံးတခုကိုတပ်လိုက်တယ်။ နှဖူးမှာ ပါးစပ်ပုံကြီးနဲ့။ ပြီးတော့ အဲ့ဆရာက အဲ့မျက်နှာဖုံးတပ်ပြီးတော့ စကားကိုသေအောင်များတာ။

ပါးလုံးတို့ကပြောတာပေါ့ ငါတို့အစည်းအဝေးလုပ်နေတယ်။ ဝင်ဆွေးနွေးဆိုတော့ သူပြောချင်ရာကို ပဲပြောနေတယ်။ ပါးလုံးတို့က သူ့ကိုဒီအစည်းအဝေးထဲမှာ သူပါဆွေးနွေးအောင်လုပ်ရမှာလေ ဥပေက္ခာ ပြုလို့မရဘူး။ ဘယ်လိုလူပဲဖြစ်ဖြစ် တန်ဖိုးထားပြီး ရအောင်ဆွဲခေါ်ရမယ့် အနေအထားဖြစ် သွားတာပေါ့နော်။ ဒါကတော့ ဆွေးနွေးရင်းနဲ့မှသိလာတာ။

အဲ့လိုပဲ မျက်နှာဖုံးတွေ တခုပြီးတခု တပ်တယ်။ အ၇မ်းအပျင်းကြီးတဲ့ပုံတွေ ငါသိငါတတ် ငါပြောတာ အမှန်ဆိုတဲ့ ပုံတွေ တပ်တယ်ဗျာ။ အဲ့လိုတပ်ရင်းနဲ့ မျက်နှာဖုံးတခုကိုလည်း တပ်လိုက်ရော ပါးလုံး ဝင်ဆွေးနွေးဖို့တောင် မေ့သွားတယ်။ ငါဒီရုပ်ကြီး မြင်ဖူးပါတယ်ပေါ့လေ။ ဘယ်မှာမြင်ဖူးတာပါလိမ့် ပေါ့။

မျက်နှာက ပြဲပြဲဗျာ ဖားပြုတ်လိုပဲ ဖားပြုတ်ကိုတော့ အားနာပါတယ်။ နောက်တော့ အဲ့မျက်နှာဖုံးက နှဖူးမှာလည်း ကြယ်ကြီးနဲ့ ပြီးတော့ အဲ့ဒါတပ်ပြီးတော့ သူကလူတကာကို အာဏာလိုက်ပေးပြီး အနိုင်ကျင့်နေလေရဲ့ဗျာ။ သြော်အဲ့တော့မှ အမှတ်ရတယ်။ အသက်ကို နံရိုးကြားမှာ မူလီနဲ့စုတ်ထား တဲ့ ကြိမ်စာဝလေ မောင်လှလေကိုပဲကိုး။

အဲ့မျက်နှာဖုံးနဲ့ပုံကိုမြင်တော့ ပါးလုံးကလေးတွေကို သတိယတယ်။ ဒီနိုင်ငံတွေမှာက ကလေးတွေကို အရမ်းဦး စားပေးတယ်။ အဲ့ဒါဘာလို့ဦးစားပေးတာလည်းတဲ့ ပါးလုံးကို ဆရာမကမေးဖူးတယ်။ ပါးလုံးဖြေ လိုက်တာက ကလေးဆိုတာ တချိန်ချိန်မှာ လူကြီးဖြစ်လာမယ်။

အနာဂတ်ရဲ့မျိုးဆက်သစ်လို့ လူကြီးဆိုတာ အိုပြီးရင် သေမှာအဲ့တော့ တိုင်းပြည်တပြည်မှာ ကလေးတွေကို သေချာပြုစုပျိုး ထောင်မှသာ ကလေးတွေ ကြီးလာရင် ပညာတတ်တွေပေါမယ်။ ပညာတတ်တွေ ပေါမှသာ တိုင်းပြည်နောင်ရေး စိတ်အေးရပေမပေါ့လို့ ဖြေခဲ့ဖူးတယ်။

အခုတော့ ကလေးတွေက ပညာရှာဖို့မပြောနဲ့ တရက်ကို ထမင်းတနပ်စားရဖို့တောင် ဝါးလုံးကိုတီး ပြီးတော့ သီချင်းဆိုရင်း ပိုက်ဆံတောင်းစားနေရတယ်။ ဒီနိုင်ငံတွေမှာ ကလေးတွေကို စကားပြော ရင် ကလေးကမော့ကြည့်ရတာမျိုးမလုပ်ဘူး။ ကလေးတွေကို တရိုတသေလေးပြောတယ်။ အလေး ထားတယ်။ ဘယ်လောက်ငယ်တဲ့ ကလေးဖြစ်ပါစေ သူတို့ရဲ့ စိတ်ကူးကို သူတို့ရဲ့အယူအဆကို သေချာစဉ်းစားပေးတယ်။ အရေးတယူလုပ်တယ်။ ကွာပ။

သြော် ဒါတွေပြောရင်ဒေါတွေပါတယ် အဲ့တော့ ဒေါတွေမပါရအောင် ဒါတွေမပြောတော့ဘူးဗျာ။ အရစ်နည်းနည်းရှည်သွားတယ်။ ဟဲဟဲ ဒီအောက်က သုံးပုံက အဲ့ဆရာသမား သရုပ်ဆောင်နေတဲ့ပုံပါ။



အင်္ဂါနေ့ကျတော့ ပါးလုံးတို့ကို အဖွဲ့သေးလေးတွေခွဲလိုက်တယ်။ ဆွေးနွေးရမယ့်အကြောင်း အရာ ကိုပြောတယ်။ ဘာသာရေးပေါ့နော်။ ဘာလို့ယုံကြည်လည်း ဘာကိုကိုးကွယ်လည်း အဲ့နေ့က အဲ့ဒါ ဆွေးနွေးတယ်။ အဲ့လိုပြီးတော့ ညနေပိုင်းမှာ ပါးလုံးတို့ကို အဖွဲ့နှစ်ဖွဲ့ခွဲလိုက်တယ်။ တဖွဲ့ကတော့ ဟိုတယ်မှာနေခဲ့ရတယ်။

သူတို့ကတော့ အကြောင်းအရာတခုကို ဆွေးနွေးပေါ့နော်။ ပါးလုံးတို့အဖွဲ့ကတော့ ပြတိုက်ကိုလေ့ လာရေးသွားရတယ်။ နောက်နေ့တခြားအဖွဲ့သွားတဲ့အချိန် ပါးလုံးတို့က ဆွေးနွေးပေါ့ အဲ့လိုခွဲလိုက် တယ်။ အဲ့ဒီပြတိုက်မှာ ဓါတ်ပုံတွေရိုက်ခဲ့တယ်။ အံ့သြတာက ဒီနော်ဝေနိုင်ငံမှာ အဲ့ဒီလီလီဟန်းမား မှာ ဟိုးအရင်က စခဲ့တဲ့ နေရာပေါ့နော်။ လူတွေနေသွားတယ်။

ရွာတရွာပေါ့ အဲ့ဒါကို ဟိုးရှေးက သုံးခဲ့တဲ့အတိုင်း သမိုင်းနဲ့တကွသူတို့ထားထားတာ တွေ့ရတယ်။ ဘုရားကျောင်းတွေ နောက်တံငါရွာ နောက်တော့ ကျောင်း ဘယ်အခြမ်းက မိန်းခလေးထိုင်တာက အစ သေသေချာချာဗျာ။ ပါးလုံးတို့ကို လိုက်ရှင်းပြတယ်။

ပါးလုံးဓါတ်ပုံလေးတွေပြရင်းနဲ့ ပြန်ပြောပြမယ်နော်။ အောက်မှာ။ အဲ့လိုသွားရတော့လေ အံ့သြမိတယ်။ ပျော်လည်းပျော်တယ်။ အဲ့ခေတ် ကလူတွေက တော်တော် အရပ်ပုပုံရတယ်ဗျာ။ အိပ်ယာလေးတွေက သေးသေးလေးတွေ ပြီးတော့ အိမ်တွေကိုသူတို့က အခုထိ ထိမ်းသိမ်းထားတာတွေ့ရတယ်။

အနှံ့သွားတာတောင် မနှံဘူးဗျာ။ အချိန်ကသိပ်မရဘူး နေ့တဝက်ပဲဆိုတော့လေ။ အဲ့ဒါကို ရသ လောက် အပြေးအလွှားလည်ရတာပေါ့လေ။ ပါးလုံးရယ် Sindre ဆိုတဲ့ ပါးလုံးသူငယ်ချင်းရယ်။ သူနဲ့ကဟိုရောက်မှခင်တာပါ။ ဒါပေမယ့် တော်တော်ခင်သွားတယ်။ သူ့ကင်မယာနဲ့ပဲအကုန်ရိုက် လိုချင်တာကို ပြောပြီး၇ိုက်ခိုင်းရတယ်။ ဟိုမှာ သွားတာ လူက ၂၄ယောက်ဆိုတော့ ပြီးတော့ ကိုယ့်ဟာကို လည်ခိုင်းတယ်လေ။
ဘယ်လောက်ကျယ်လည်းဆိုတော့ အဲ့ဒီမြေပုံစာရွက်လေးကိုင်ပြီးသကာလ လျှောက်လည်ရပါတယ်။
ဒီပုံက အဲ့ဒီပြတိုက်ထဲကပေါ့နော် ဟိုးအရင်က အဲ့မြို့မှာတံငါသည်တွေက ရွာတရွာလိုပဲ သပ်သပ်နေကြတယ်။ အဲ့ဒီတံငါရွာသားတွေ တက်ခဲ့တဲ့ ဘုရားကျောင်းရှေ့မှာ ရိုက်ခဲ့တာပါ။ အိမ်ဟုတ်ဘူးနော်။ အဟိ။
ဒါကတော့ အဲ့ပြတိုက်ထဲမှာရှိတဲ့ ဟိုးအရင်က လူတွေတက်ခဲ့တဲ့ ကျောင်းပါ။ အဲ့မြေပုံက အဲ့ခေတ်ကတည်းက သုံးခဲ့တဲ့မြေပုံပါ။ အဲ့ဝတ်စုံကတော့ အဲ့ခေတ်ကလူတွေဝတ်တဲ့ ရိုးရာဝတ်စုံပါ ပြတိုက်ထဲမှာ အလုပ်လုပ်တဲ့သူတွေက အဲ့ဝတ်စုံတွေကို ဝတ်ကြရပါတယ်။
အင်း ဒီအိမ်ကတော့ အဲ့ဒီရွာမှာရှိတဲ့ ပိုက်ဆံချမ်းသာပြီး အရမ်းကို မောက်မာတဲ့ လင်မယားနှစ်ယောက်ရဲ့အိမ်ပေါ့ အခုစားပွဲက သူ့အခန်းထဲက သူ့ကုတင်ဘေးက စားပွဲပါ အဲ့ခေတ်က ကျမ်းစာအုပ်ကလေးပါ တင်ထားတယ်လေ အခုနော်ဝေစာနဲ့ မတူဘူးဗျ။
ဒါကတော့ သူအိပ်တဲ့ကုတင်ပေါ့နော်။ အရပ်ပုတယ်ထင်တယ်နော် ကုတင်မှန်သမျှ အဲ့လောက်ပဲဗျ အိမ်တိုင်းကကုတင်တွေလေ။
ဒါကတော့ သူဌေးမကြီးရဲ့မီးဖိုဆောင်ပေါ့ဗျာ။ သူသုံးခဲ့တဲ့ ပစ္စည်းလေးတွေလေ။
ဒါကတော့ သူဌေးမကြီးရဲ့ ဧည့်ခန်းပေါ့
ဒီပုံကတော့ ဘုရားကျောင်းအတွင်းပိုင်းပုံပါ။
အင်း ဒီပုံကတော့ ဘုရားကျောင်းအပြင်ပိုင်းပေါ့နော်။
ဝက်ဝံလေးရေ ငါနောက်အပတ်မှ နင့်တက်ဂ်ပို့စ်ရေးတော့မယ်နော်။ ပါးလုံးလီလီဟန်းမားပြီးတော့ ခရီးဆက်ဖြစ်တဲ့ အကြောင်းလေးပါ နောက်တော့မှရေးတော့မယ်။ ဝက်မြီးလေးတို့အိမ် ရောက်ခဲ့တဲ့အကြောင်းပေါ့။ အဟိ။

တစ်ဦးတယောက်စီတိုင်းအပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေ
ခင်မင်လျှက်
ညီမလေး ပါးလုံး

မန့်ခဲ့နော် ကောင်းတယ်မကောင်းဘူးပေါ့နော်။

24 comments:

Anonymous said...

နံပတ်၁လာယူတယ်။ ကိုကြယ်လေး ဘလောက်မှာမရလို့

Anonymous said...

Anonymous ဆိုတာ Winnie Pooh Gallery ပါ

Anonymous said...

ဖတ်ပြီးရင်မန့် မယ်နော်။ ဟီး

Winnie Pooh Gallery

အိပ်မက်ခြေရာ said...

မြန်မြန်ပြေးလာတာတောင်မမှီဘူး ဒီမှာ ခလုတ်တွေဘာတွေတောင်တိုက်လို့ နံပါတ်တစ်လိုချင်လို့ ဟင့် သူက ဦးနေတယ် လူဇိုးဝင်နီပူး ဟင့် ဖတ်လိုက်ဦးမယ် ပြီးမှ ဆက်မန့်မယ်

ဝက်ဝံလေး said...

ပါးလုံးရေ ဓာတ်ပုံတွေထဲမှာ နင့်ပုံတော့ ပါပါရဲ့ ရုပ်လဲ သေချာမြင်ရဘူးရော လူဇိုးးးး သူ့ရုပ်လှလှလေးကို ဖွက်ထားတယ် ဟွင်းးးး ပြောချင်ဘူး

ရတယ် အိုင်ဒီယာ လာမှ ရေး ကိစ မစိဘူး

ငါရောပဲဟယ် ငါ့ကို ကြယ်လေး video တွေပေးတယ် စိတ်မကောင်းဘူး မျက်ရည်ဝဲရတယ် ငါ မျက်ရည်ဝဲတယ်ပြောတော့ ကြယ်က နင်က မျက်ရည်ကျတတ်လို့လားတဲ့ ဟွင်းးး စကားနာထိုးတယ် ပြောချင်ဘူးဟယ်

ဝက်ဝံလေး said...

ငါလဲ လပ်နေတဲ့ ကွက်လပ်လေးတွေ လိုက်ဖြည့်နိုင်အောင် ကြိုးစားနေတယ် ဟာ ဟူးးးးးးးးးးးးးး သက်ပြင်းရှည်ကြီးပဲ ချသွားပါတယ် နော် လုံးပါးရေ

အိပ်မက်ခြေရာ said...

မနေ့ကတည်းက ရေးနေရင်းတန်းလန်း အာရုံမရဘူးဆိုပြီးတော့ ပြန်သိမ်းသွားတဲ့ ပါးလုံး ဒီနေ့တော့ ပို့စ့်တင်တယ်တဲ့ အားတာနဲ့လာတာပဲ မှီပါဘူး နံပါတ်လေးပဲရတယ် ဟင့် စာက ဖတ်ရတာ နည်းသလိုပဲ အရေးအသားကပဲလူကို ဆွဲခေါ်သွားတာလား လူကပဲအရေးအသားနောက်ပါသွားတာလားတော့မသိဘူး ဟီး ပီးသွားမှပီးမှန်းသိတယ်။ ဓါတ်ပုံအချက်အလက်တွေနဲ့ဆိုတော့ ဖတ်ရတာ ပိုအရသာရှိတယ် ... ။ ပါးလုံးရေ နောက်အဆက်တွေ မျှော် မျှော် မျှော်နေပါ ကြောင်း

ahphyulay said...

ကလေးတွေဟာ တစ်ချိန်မှာ အနာဂတ်ကိုဦးဆောင်တော့ မဲ့ လူကြီးတွေ
ဆိုတာသူတို့ ကသိလို့ နေရာပေးတန်ဘိုးထားနေတာလေ။ ဒါကြောင့် 
သူတို့ ဆီမှာအမြဲတန်းဖြတ်လပ်တက်ကြွတဲ့  လူငယ်ခေါင်းဆောင်တွေ
ဦးဆောင်နေနိုင်တာပေါ့ ။ကျွန်တော်တို့ ဆီမှာတော့  ဘယ်တော့ မှမကြီး
တော့ တဲ့ သူတွေ ခုံကျိုးအောင်ထိုင်နေကြတာတော့ ဘုရားသခင်ကဘာ
ဖြစ်လို့ ကြည့် နေရတာလဲလို့ ...။

ဝသန်မိုး said...

ဓါတ်ပုံတွေ လာကြည့်သွားတယ်
ပါးလုံးလေးရေ
ပျော်စရာကြီးနော်
း)

ခင်တဲ့
ကိုဝသန်

ရွှေ ယွန်း ဝါ said...

"ကျောင်းတက်ရင်း အလုပ်လုပ်ချင်တယ်။"ဆိုတော့ နေကောင်းမှဖြစ်မှာနော်။ ကျန်းမာရေးဂရုစိုက်ပါ။

Anonymous said...

ဖတ်လို့ကောင်းပါတယ်.. ကိုယ်ပါ လိုက်လည်ရသလိုပဲ..
ပျော်စရာကြီးနော်.. ဆွေးနွေးကြတာတွေကလည်း တကယ်ကိုအကျိုးရှိတယ်.. ပြောင်မြောက်တယ်.. ဗဟုသုတ အတွေ့အကြုံတွေလည်း အများကြီးရမှာ.. အားကျတယ် ပါးလုံးကိုး)

ရှုခင်းတွေအားလုံးက နှင်းငွေ့တွေနဲ့နော်.. အတော်အေးမှာ.. နှင်းကျရင် ဓါတ်ပုံတွေရိုက်တင်ဦးလေ.. ၀က်ဝံမကိုလည်း ပြောထားတယ် နှင်းပုံတွေတင်ပေးဖို့..

လူပုလေးတွေတောင် ထင်ရတယ်.. အဲ့လောက်သေးကွေးကွေးလေးတွေ တကယ်ရှိခဲ့တာကို မြင်ချင်လိုက်တာ.. အဟိ.. စနိုးဝှိုက်ကိုတောင် သတိရသွားတယ် ကြည့်ပြီးတော့..း)

မိုးစက်အိမ် said...

နောက်တစ်ခေါက်ပြန်လာတာ ပလုံသိပါတယ် ...:D
ပုံလေးတွေနဲ. သေချာ နားလည်အောင် ရှင်းပြလို.
မြင်လည်းမြင်ရတယ် သိလည်းသိရတယ်
ကျေးဇူးပါ ပလုံစ် :P

htet said...

ပလုံးေ၇
အခုမှလာနိုင်တော့တယ် ၀က်မှီးဖမ်းနေလို့........ဟူးးးးးးးး

ဧရာဝတီသား said...

ပါးလုံးရေ ဖတ်လို့ကောင်းသားကွ၊ ဓါတ်ပုံလေး တွေနဲ့ ဝေေ၀ဆာဆာ၊ စာရေးကတော့ နဂိုတည်းက ကောင်းပြီးသားပဲ။
ပါးလုံးစာလေးတွေ ဖတ်ပြီးရင် ရင်ထဲမှာ တစ်ခုခု တော့ ကျန်တာချည်းပဲ။ ယနေ့လူငယ်၊ နောင်ဝယ်လူကြီး ပေါ့လေ။ တို့နိုင်ငံမှာ ကလေးတွေအတွက် လိုအပ်နေတာတွေ အများကြီး နော်။ စိတ်မကောင်းဘူး ...။

Anonymous said...

ငါ့ညီမ လာဖတ်သွားတယ် ငါ့ညီမလို ဗဟုသုတ လိုချင်မိတယ် ကံကောင်းတယ် ညီမလေးက ........................

ကောင်းကင်ပြာ said...

ပါလုံးလေးရေ၊ စာရော ပုံရော သေချာ ဖတ်သွားတယ် နော်၊ အဲ့နေ့ က ပါးလုံးလေး ဗိုက်ဆာ နေတာ စိတ်တောင် မကောင်းဘူး၊ ဘာမှလဲ လုပ်မပေနိုင်ဘူး ၊ အဆင်ပြေပြေ နဲ့ လည်တဲ့ ပုံလေးတွေပါ တင်ပေးတာ ကျေးဇူး ညလေးရေ၊ မရောက်ဖူး တဲ့ နေရာတွေ သိရတယ်၊ ဗဟုသုတ တွေ အများကြီး ရသွားတယ် မီးရေး)

မြစ်ကျိုးအင်း said...

မြန်မာပြည်က ကလေးတွေအကြောင်းတော့ တကယ်စိတ်မကောင်းစရာပါ ပဲ။ ကလေးတွေမှ မဟုတ်ပါဘူး ပြည်သူတွေ အားလုံး သနားစရာပါပဲ။
အကိုတို့ အပါအ၀င်ပေါ့။

လူတန်းစေ့ နေရပြီး လူးအခွင့်အရေး အပြည့်အ၀ရတဲ့ နိင်ငံသားတွေကို မြင်ရင် ငါတို့လူမျိုးတွေအတွက် ၀မ်းနည်းမိတယ်။

မြစ်ကျိုးအင်း said...

ဖားပြုတ်ကြီး ပုံ မရိုက်လာတာ ကျက်သရေ မရှိလို့ မဟုတ်လား။
တော်တော်တူသလားလို့ ကြည့်ချင်သေးတယ်။
ဖားပြုတ်တွေလည်း ကံဆိုးကြတာပဲ။

thawzin said...

ဖိုက်တင်း မိုလား ဟိုက်တင်း ကဘာလဲမသိဘူးနော်...... ပရဟိတစိတ်လေး ရှိနေတဲ့အတွက် လေးစားပါတယ်ဗျာ
ပရဟိတစိတ်တွေ ဖြစ်ပေါ်လာတာနဲ့ အမျှ ကိုယ်ရောစိတ်ပါ အကောင်အထည်ဖော်ဆောင်နိုင်ပါစေ........ ဓါတ်ပုံလေးကြည့်လိုက်
ပို့စ်လေး ဆက်ဖက်လိုက်ဆိုတော့ မျက်စိမညောင်းတော့ဘူးပေါ့..... အရင်ပို့စ်တွေဆို ရောရောနေပြီး ရောဖက်မိနေတာ ကာယကံရှင်ကလဲနော်
ဂိုက်ပေးကျမ်းတာ နောက်ကျောကြီးပဲ..... ဆတဲ့တပိုး ပညာတွေ တိုးပွားနိုင်ပါစေ........ ပါးလုံးတို့ဘုရား ကျွန်တော်အပေါ် ကောင်းချီးပေးပါစေ

သူကြီးမင်း (တုံးဖလား) said...

ဖားပြုတ်ကြီးကို ဆုံးခန်းတိုင်အောင် ဖတ်ရှုလေ့လာသွားပါတယ်။
ပါးလုံးက စိတ်ရှည်ရှည်နဲ့တင်ပေးတော့ လာဖတ်ရတာ ဗဟုသုတရတာပေါ့။

မိုးခါး said...

ဗဟုသုတရတယ် ပါးလုံးလေးရေ .. ဆက်ရေးဦးနော် ..
လူတွေ ကိုယ်စီ အသိတရား နဲ့ စိတ်ဓါတ်လေးတွေကောင်းရင် အမတို့တိုင်းပြည်လည်း လင်းလက်လာမှာပဲ .. ခုတော့ ....

သားကြီး said...

ဖားပြုတ်ကြီးဆိုတော့ အရုပ်ကခပ်ဆိုးဆိုးပဲနေမှာ
ဒါဆိုရင် မြင်ဖူးတဲ့လူတစ်ယောက်ပဲဖြစ်ရမယ်
တီဗီတွေ သတင်းတွေမှယမြင်ဖူးတာပြောပါတယ်
အပြင်မှာဆိုလား မော်တောင်မကြည့်ရဲပါဘူးကွယ်
ထမင်းစားမဝင်မှာ စိုးလို့
ကြယ်လေးဆီအမြဲရောက်တယ် ကြယ်လေးရဲ့ခံယူချက်နဲ့
လုပ်ဆောင်ချက်တွေကိုတော်တော်လေးစားအားကျတယ်
ပါးလေးလည်းကြိုးစားပါ
မျှော်လင့်ထားတဲ့နေ့တနေ့ကအသေအချာကိုရောက်လာ
မှာပါ ။
ဒီပိုစ်လေးကိုဖတ်ရတာ ဓါတ်ပုံတွေ ဝေဝေဆာဆာနဲ့ဆိုတော့ ပျော်စရာကြီးပဲ

yangonthar said...

ပြောချင်တာတွေများလို့ ဘယ်ကစပြောရမှန်းမသိဘူး
ဒီကပဲစပြောတော့မယ် ကလေးတွေ ကိုလေးစားရမယ် သိပ်
ကောင်းတဲ့ အယူအဆ ဓလေ့တစ်ခုပဲ ကျနော်တို့  ဦးဝိစိတ္တသာရ ဆရာတော်ဘုရားကြီးဟာ ကျောင်းပေါ်က
ဆင်းလာတဲ့ စာသင် သားကိုယ်ရင်လေး ကို ကိုလေးယို့ ပြီး
လမ်းဖယ်ပေးတယ်တဲ့ ခုထိတော့ အဲလိုစိတ်ထားနိုင်တဲ့ ပုဂ္ဂိုလ်မတွေဖူးသေးဘူး ...
ပါးလုံးလေး ပြောပြတာတွေ ကစိတ်ဝင်စားဖို့ သိပ်ကောင်းတယ်ဗျ အတွေ့ အကြုံကို မျှဝေတဲ့အတွက်
ကျေးဇူး
ခင်တဲ့
ရန်ကုန်သား :D

အိုက်ခီလောက် said...

အင်းပလုံးလုပ်မှပဲ နော်ဝေးက မရောက်ဖူးတဲ့နေရာတွေကို သိလိုက်ရတယ်
ဗဟုသုတလည်းရသွားပါတယ်
အကြောင်းအရာတွေစုံစုံလင်လင်နဲ့ ရေးသွားလိုက်တာ ကောင်းမှကောင်း
ပုံတွေနဲ့ လည်းရှင်းပြတော့ ပိုတောင်ကောင်းသွားသေး
ကျေးဇူးပါ ပလုံးရယ်
ဂျယ်လီမကဘူးအဆာပြေ ငှက်ပျော်သီးတွေ ပို့ ပေးလိုက်မယ် စိတ်ချ

Post a Comment

အခုလို သေသေချာချာဖတ်ပြီး ကွန်မန့်လာပေးတဲ့အတွက် ကျေးဖူးအထူးပင် တင်ရှိပါကြောင်း ဖတ်ပြီးမှတော့ မန့်ပြီးမှသာ ပြန်စေချင်ကြောင်း ကောင်းသည်ဆိုးသည် ကြိုက်သလိုသာ ဝေဖန်နိုင်ကြောင်း အားလုံးပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေလို့ ဆုတောင်းရင်း ကွန်းမန့်လေးတွေဖတ်ရင်း အားမွေးနေမယ်နော်။ အဟိ။