Feeds RSS
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Saturday, July 18, 2009

?????????????



မျက်စိမှိတ်ထားပါလျှက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည်။

အလွန်ဝေးကွာသည့် အရပ်သို့ ရောက်နေပါလျှက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားရောင်နေတတ်ပါသည်။

အခန်းကျဉ်းထဲမှာ အိပ်နေပါလျှက်
ဥယျာဉ်ထဲသို့ စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကို ခံစားရရှိတတ်နေပြန်သည်။

သေဆုံးသည်ထိ
မှတ်မိကျွမ်းဝင်သွားစေမည့် အရာမှာ
ငါ့ချစ်သူသာ ဖြစ်၏။

မှတ်ချက်။ ။ မောင်စိန်ဝင်း ပုတီးကုန်း ရဲ့ ကဗျာလေးပေါ့။ ခံစားချက်ချင်း တိုက်ဆိုင်လို့ အလွတ်မှတ်ထားမိတဲ့ ကဗျာလေးဆိုလည်းမမှားပါဘူး။ အဲ့တုန်းက စာအုပ်တအုပ်ကနေ ဖတ်မိရင်း ခံစားမိလို့ မှတ်ထားပေမယ့် နမော်နမဲ့နိုင်တဲ့ ပါးလုံး ကဗျာခေါင်းစဉ်ကိုတော့ မမှတ်မိပါဘူး။ ကိုယ့်ဟာကို ခေါင်းစဉ်ပေးရလောက်အောင်လည်း ...........ခွင့်လွှတ်ပေးကြပါနော်။ ပါးလုံးခရီးသွားရင်လည်း လက်လွတ်စပါယ် မသွားပဲ ဗဟုသုတလေးတွေလည်း ပြန်မျှဝေနိုင်အောင် ကြိုးစားပါ့မယ်။

အားလုံးအားလုံးအပေါ် ဘုရားသခင် ကောင်းချီးပေးပါစေ
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

ဆက်ဖတ်ရန်...