Feeds RSS

Sunday, October 18, 2009

နည်းနည်းလေးတော့ လွဲနေတယ်

အင်း စာမရေးတာကြာတော့ ဘယ်ကနေ စရေးရမှန်းတောင် မသိချင်တော့ဘူး။ ပါးလုံးနော်ဝေ ရောက်စ အတွေ့အကြုံ လမ်းခရီး အတွေ့အကြုံ၊ အခုထိကြုံလို့ မပြီးသေးတာလေးတွေ ရေးဦးမှပဲ ဆိုပြီးတော့ စဉ်းစားမိတယ်။

ပါးလုံးတို့ထွက်လာရတာ အားလုံးပေါင်း မိသားစု သုံးစုဗျ။ ပါးလုံးတို့ သားအဖရယ်။ နောက်ပါးလုံး တို့နဲ့တမြို့တည်း နေတဲ့ ရွှေရွှေတို့ မိသားစုရယ်။ နောက် ပါးလုံးဦးလေးရဲ့ သူငယ်ချင်း မိသားစုရယ် သုံးစုထွက်လာတာဗျ။ တမြို့တည်းသားတွေ ဆိုပါတော့ဗျာ။

အဲ့ဒီဦးလေး သူငယ်ချင်းမိသားစုက ကလေးက အားလုံးလေးယောက်ဗျာ ယောက်ျားလေး ၂ယောက် မိန်းခလေးနှစ်ယောက်။ အဲ့တော့ ဘန်ကောက်လေဆိပ်ကနေ ဟာသလေးတွေ၊ အလွဲလေးတွေ တန်းစီနေတာပေါ့ဗျာ။ အခုမှသာ ပြန်တွေးရယ်နိုင်တာပါ။ အဲ့ဒီအချိန်တုန်းကတော့ မရယ်နိုင်ခဲ့ပါဘူး။

ဘန်ကောက်လေဆိပ်မှာ ပါးလုံးတို့ ရှစ်နာရီလောက် စောင့်ရတယ်။ အဲ့ဒါနဲ့ ထွက်လာခါနီးတုန်းက ပါးလုံးကို နော်ဝေရောက်တာ တစ်နှစ်ရှိပြီဖြစ်တဲ့ ဦးလေးမိန်းမက ဘာတွေသယ်ခဲ့ရမယ်။ လမ်းမှာ ရေသောက်ဖို့ကအစ အကုန်မှာတာ။ လေယာဉ်မှာ ငါးကီလိုအိတ် ကီလိုနှစ်ဆယ်အိတ် ဘယ်အိတ်ကို ဘာတွေထည့် ဆိုတာကအစ သေသေချာချာ ပြောတယ်ဗျာ။

အဲ့ဒါ ငါးကီလိုအိတ်က သွားတိုက်ဆေးတွေ ဘာတွေထည့်မရဘူးမဟုတ်လား။ အဲ့ဒါကို ပါးလုံးတို့ စာအုပ်တန်းစီတဲ့နေရာမှာ ရောက်တော့ ရွှေ့ရွှေ့မိန်းမက “ဟဲ့ ပါးလုံး နာရီတွေကိုကြည့်စမ်းပါဦး အများကြီးသာ ချိတ်ထားတာ တခုမှလည်း မမှန်ဘူးတဲ့” အဲ့တော့ ပါးလုံးလည်း နံရံကြီးကို ကြည့်လိုက်တယ်။

ဘန်ကောက်လေဆိပ်မှာ အဲ့ဒီစာအုပ်တွေတန်းစီတဲ့နေရာက နံရံမှာ နိုင်ငံပေါင်းစုံနာရီ ကပ်ထား တယ်ဗျ။ အပေါ်မှာ နိုင်ငံနာမည်ပါ ရေးထားတယ်လေ။ ဒါကိုသူကပြောတော့ ပါးလုံးက အစက တော့ အေးဟုတ်သားပေါ့။ နောက်မှ “ဟာ အန်တီမာအေးကလည်းဗျာ အဲ့ဒါနိုင်ငံတကာ စံတော်ချိန် တွေဗျ။ ” ဆိုတော့မှ ရယ်လိုက်ရတာ။

အဲ့ဒါနဲ့ အန်တီမာအေးက ဟိုဘက်မိသားစုကို လှမ်းပြီးတော့ “ဟေ့ နင်တို့ ဘီးတွေဘာတွေ ပါရင် အကုန် လုံးကိုလွှင့်ပစ်ခဲ့ သွားတိုက်ဆေးတွေပါရင် လွှင့်ပစ် စစ်နေရင်အချိန်ကြာမယ်ဆိုပြီးတော့ လွှင့်ပစ် ခိုင်းတယ်။” ဟိုမိသားစုကလည်း အကုန်လုံးကို လွှင့်ပစ်တာဗျာ။ ဘာမှမကျန်ဘူး။

ပါးလုံးကတော့ မလွှင့်ပစ်ဘူး။ နောက်ဆုံးစစ်ပြီးတော့ အဲ့ဒါတွေ လွှင့်ပစ်ဖို့မလိုပါဘူး။ အဲ့လိုနဲ့ လေယာဉ်ပေါ်ရောက်တော့ ပါးလုံးတို့အကြာကြီးစီးရတယ်။ ပါးလုံးတို့က လန်ဒန်မှာ လေယာဉ်ချိန်း တယ်လေ။ အဲ့တော့ လန်ဒန်လေဆိပ်မှာ ၇နာရီ စောင့်ရတယ်။ နော်ဝေကိုတဆင့်ပြန်စီးဖို့အတွက်။

အဲ့လိုဆိုတော့ လန်ဒန်လေဆိပ်ရောက်တော့ အကုန်လုံးက ခရီးပန်းနေကြပြီဗျာ။ အဲ့ကလေးများတဲ့ မိသားစုက သူ့သမီးလေးတွေရဲ့ ဆံပင်ကအရှည်ကြီးဗျာ ဘီးကလည်းအကုန်လွှင့်ပစ်ခဲ့ပြီလေ။ အဲ့တော့ ပါးလုံးလည်း ဟိုရောက်လို့သူတို့ ဆိုင်တွေဘာတွေ မတွေ့သေးရင် ဒုက္ခဖြစ်မှာစိုးတာနဲ့ ပါးလုံးမလွှင့်ပစ်ပဲ ချန်ထားတဲ့ ဘီးလေး ထုတ်ပေးလိုက်တယ်။

ပါးလုံးတော့ တလလောက် ဘီးမရှိပဲဖြတ်သန်းလိုက်ရတယ်ဆိုပါတော့။ ဘီးပေးလိုက်ရတာက ပြဿနာမဟုတ်ဘူး။ ပြဿနာက အဲ့ဒီညီအမနှစ်ယောက်မှာ အကြီးမလေးက နည်းနည်း တုံးတယ်။ အငယ်မက သွက်တယ်။ အဲ့အချိန်မှာ မယ်မင်းကြီးမလေးတွေက မပါးလုံးတဲ့ အပေါ့အပါးလေး သွားချင်တယ်တဲ့လေ။

အဲ့ဒါနဲ့ အေးအေး ငါရှာပေးမယ်ဆိုပြီး အတူတူသွားကြတာ။ အဲ့ဒါအငယ်မက အကြီးမ အထာကို ကြိုသိနေတယ်ထင်တယ်။ မီးကြီးတဲ့ နင်မဝင်ခင် မပါးလုံးကို ခလုတ်တွေ ဘာတွေအရင်မေးထားတဲ့ လေ။ အဲ့တော့ သူက မပါးလုံးတဲ့ သမီးကို ပြီးရင် ဘယ်လိုနှိပ်ရမယ် ပြောပြပေးပါတဲ့ အဲ့ဒါနဲ့ ပါးလုံးလည်း သူဝင်မယ့်အိမ်သာထဲကို ဝင်ပြီးတော့ ပြတာပေါ့။

အိမ်သာတွေများသလောက် လူတွေလည်းများတယ်လေ။ တခြားအိမ်သာတွေ လွတ်တော့မှ ပါးလုံးဝင်မယ်လုပ်တော့ တံခါးလေးပဲ ပိတ်ရ သေးတယ်။ မပါးလုံးရေ မပါးလုံးရေဆိုပြီး လယ်ကွင်းထဲမှာ အော်သလို အော်ခေါ်ပါလေရော။ လူက တံခါးလေး ပြန်ဖွင့်ပြီးထွက်လာတော့ ဖလားဖလား အိမ်သာခန်းအကုန်လုံး နံဆော်နေတာပါလား နော်။

အဲ့မှာ အိမ်သာလာတက်တဲ့ နိုင်ငံခြားသားတွေလည်း တစ်ခါမှ ဒါမျိုးကြုံဖူးပုံမပေါ်ဘူး။ နံခေါင်းလေးတွေ ပိတ်ပြီး ထွက်သွားကုန်ကြတယ်။ ဘာတွေဖြစ်လည်းဆိုတော့ သူက အိမ်သာတက်ပြီး ခလုတ်မနှိပ်တက်တော့ တံခါးဖွင့်လိုက်ပြီး ပါးလုံးကိုလိုက်ရှာတာလေ။ အဲ့ဒါပါးလုံးလည်း နှခေါင်းပိတ်ပြီး သွားလုပ်ပေးရတယ်။

မီးကြီးကိုဆူမလို့ ကြည့်လိုက်တော့ သူ့ခဗျာ လည်း မလုပ်တတ်လို့ စိတ်ညစ်နေပုံရတယ်။ ဆောင်းတွင်းကြီး ချွေးတွေလည်း ရွှဲနေတာပဲ။ ဒါနဲ့မဆူပဲ တို့မီးကြီးကတော့ ရိုက်ချက်ပြင်းတယ်ဟာ လို့ ပြောပြီး အိမ်သာထဲကနေ နှစ်ယောက်သားထွက်လာခဲ့ကြတယ်လေ။

အဲ့အချိန် နယ်လီအောင် ဘယ်ရောက်နေလည်း ကြည့်လိုက်တော့ နယ်လီအောင်က မရှိတော့ဘူး။ နယ်လီအောင်ဆိုတာက အငယ်မလေးနာမည်ပါ။ နယ်လီအောင်က သူ့အမအကြောင်း သူသိပုံရ တယ်။ ပါးလုံးတို့ ထိုင်တဲ့ နေရာရောက်တော့ သေချာတာပေါ့ နယ်လီအောင်က အရင်ရောက်နှင့်နေပြီ။

ဒါနဲ့ မီးကြီးအကြောင်း သူ့အမေကိုပြောတော့ နယ်လီအောင်က ဒါကြောင့် မပါးလုံးကို အရင်သင်ပေးခိုင်း ပြောတာတဲ့လေ။ အဲ့မီးကြီးက ဘန်ကောက်လေဆိပ်မှာတုန်းကလည်း အဲ့လိုပဲ တဲ့လေ။ သမီးခံရပြီးပြီတဲ့။ ပါးလုံးလည်း ဘာမှမပြောနိုင်တော့ပါဘူး။ အဲ့တုန်းကတော့ မရယ်နိုင်ဘူး အခုတော့ တကယ်စဉ်းစားလေ ရယ်ချင်လေ။

အဲ့လိုနဲ့ အဲ့ဒီမှာ ခြောက်နာရီနားတုန်း လန်ဒန်လေဆိပ်မှာ နားရတယ်လေ။ ဓါတ်ပုံတွေ လိုက်ရိုက် လျှောက်ကြည့်။ ပါးလုံးအဲ့ လေဆိပ်မှာလည်း ဘာမှမစားထားဘူး။ လေယာဉ်ပေါ် ရောက် တော့လည်း ကျွေးတာကို မစားဘူး။ အဲ့တော့ လူက မူးနေတာ။

ဒါနဲ့ နော်ဝေလေဆိပ်ရောက်တော့ ပါးလုံးတို့ကို လာကြိုတယ်။ ဟိုကလေးတွေနဲ့ မိသားစုကတော့ လေယာဉ်ထပ်စီးစရာမလိုတော့ဘူး။ သူတို့က Oslo နားကမြို့မှာ ပဲဆိုတော့ ကားနဲ့ပဲ သွားရတယ်။ ပါးလုံးတို့က Ålesund ဆိုတော့ လေယာဉ် တဆင့်ထပ်စီးရဦးမယ်လေ။ အဲ့ဒါနဲ့ လာကြိုတဲ့ တယောက်က လမ်းကဝေးတော့ အစဉ်ပြေလားတဲ့။

ပါးလုံးကပြေတယ်လို့ ဒါပေမယ့် ငါဗိုက် မတရားသဖြင့်ကို ဆာနေတယ်လို့ ပြောတော့ အေးငါဝယ် ကျွေးမယ်တဲ့။ ဒါနဲ့ ပစ္စည်းတွေ နောက်လေယာဉ်အတွက် ချိန်းစရာရှိတာချိန်းလည်းပြီးရော သူက ဆိုင်ကို ခေါ်သွားတယ်။ ကြိုက်တာယူခိုင်းတယ်။

ပါးလုံးကို ဦးလေးမိန်းမက နော်ဝေမလာခင်က ပြောထားတယ်။ နော်ဝေက ပန်းသီးက အရည်ကို ရွှမ်းနေတာပဲတဲ့။ အဲ့ကတည်းက ကြိမ်းထားတာ နော်ဝေရောက်လို့ကတော့ ပါးလုံးတို့ အရင်ဆုံးစားမှာ ပန်းသီးပဲလို့လေ။ ဒါနဲ့ ဆိုင်မှာ ပါးလုံးပန်းသီးအနီရဲရဲ တလုံးကိုရွေးလိုက်တယ်။ နောက်တော့ ရေတပုလင်း ယူလိုက်တယ်။ ဌက်ပျောသီးတလုံးနဲ့။

ကျန်တဲ့မုန့်ကတော့ လေယာဉ်ပေါ်မှာ ကျွေးကတည်းက မစားချင်တာ၊ တောကလေးဆိုတော့ မ ကြိုက်ဘူးဗျ။ ဒါနဲ့ လေယာဉ်က သုံးနာရီစောင့်ရမယ်ဆိုတော့ ခုံလည်းရရော အရည်ရွှမ်းပြီး ချိုပါ တယ်ဆိုတဲ့ ပန်းသီးကြီးကို အားရပါးရကိုက်လိုက်တာ ချဉ်တူးစုတ်ပလုပ်တုတ်နေတာပဲဗျာ။

သွားက လေတိုက်ရင်တောင် ကျိမ်းနေတာ မခံစားနိုင်ဘူးဗျာ။ အော်ပါငိုချင်တယ်။ အခုတော့ အဲ့ဒီချဉ်တူးနေတဲ့ ပန်းသီးကို သရက်သီးငါးပိချက်သလို ချက်စားပစ်တယ် ဘာရမလည်း။ ဟွန့်။ ဒါနဲ့ ဝယ်လာတဲ့ ရေပုလင်းကို အားရပါးရသောက်မယ်ဆိုပြီး မော့လိုက်တော့ ဆော်ဒါတွေ ဖြစ်နေလေရဲ့။ စိတ်နာတယ်။

ဒီမှာ ရေပုလင်းတွေက အမျိုးအစားအများကြီး ဆိုတာ အခုနောက်ပိုင်းမှ သိလာတာဗျ။ သုံးပုလင်းလောက်တော့ မှားဖူးတယ်ဗျ။ ရေဖြစ်ပါစေဆိုပြီး မေးပြီးဝယ်တာပဲ။ ဒါပေမယ့် တမျိုးမဟုတ် တမျိုး ထိတာပဲ။ ရောက် ရောက်ချင်း ဘယ်သိပါ့မလည်း။ ဒါနဲ့ မထူးတော့ပြီမို့ ဆိုပြီး ဌက်ပျောသီးကို ခွာလိုက်တာ အစိမ်းကြီးဗျ သူတို့ကမမှည့်ပဲ စားကြတယ်။

အဲ့လိုနဲ့ ပါးလုံးတို့ နေရမယ့်မြို့ကို လေယာဉ်တဆင့်ထပ်စီးရတယ်။ ည ဆယ့်တစ်နာရီလောက် ရောက်လာတယ် ဆိုပါတော့။ ပါးလုံးတို့နေရမယ့် အိမ်ကို လိုက်ပို့တယ်ဗျာ။ ဒါနဲ့ ပါးလုံးလည်း အိမ်ရောက်ရောက်ချင်း အိမ်ကိုလိုက်ကြည့် မီးဖိုထဲရောက်တော့ ဟာ ပန်းသီးတွေဆိုပြီး အားရပါးရပြေးကိုင်လိုက်တာပေါ့။

ဘယ်ကသာ ကြက်သွန်နီတွေဖြစ်နေတယ်လေ။ ပန်းသီးလောက်ကြီးတဲ့ ကြက်သွန်နီတွေ မြင်တော့ ဒီတခါစိတ်မညစ်တော့ပါဘူး။ အော်ပဲရယ်လိုက်တယ်။ တုံးလိုက်တဲ့ ငါပါလားပေါ့။ ဒီလိုနဲ့ နောက်နေ့မနက် ဝယ်စရာရှိတာတွေဝယ်မယ်ဆိုပြီး Coop ကို ရောက်လာတယ်။ Coop ဆိုတာကတော့ ဒီကဆိုင်နာမည်။

အဲ့ဒီမှာ ရွှေရွှေတို့မိသားစုကလည်း ပါးလုံးကိုအပါခေါ်တယ်။ သူတို့က နော်ဝေစကားကလည်း မတတ်သေး။ အင်္ဂလိပ်စကားလည်း မတတ်တော့ တခုခုဝယ်မယ်ဆို ပါးလုံးကို စာဖတ်ခိုင်းတယ်ဗျာ အဲဒါ အန်တီမာအေးက မျက်နှာသစ်ဆပ်ပြာတဲ့။ ပါးလုံးလည်း သေချာဖတ်ပြီးတော့ ပါးလုံးတဘူးယူ လိုက်တယ်။ သူလည်းတဘူးပေါ့။

နောက်တော့ ဟင်းရွက်တွေအတန်းမှာ လျှောက်ကြည့်တော့ ပါးလုံးပါးစပ်ဟသွားတယ်။ တရုတ် ကားထဲမှာမြင်ဖူးနေကျ တရုတ်တွေ တန်ဖိုးထားတဲ့ ဂျင်းစင်းကို ဒီဟင်းရွက်တန်းမှာ ပါကင်ပိတ်ပြီး ရောင်းနေပါလားပေါ့။

သူက လက်နှစ်လုံးခွဲလောက်ရှိတယ်ဗျ။ အမြစ်ကလေးတွေလည်း တို့လို့တွဲလောင်းမဟုတ်လား။ ဝါခြောက်ခြောက်လေး ဖြစ်နေတယ်ဗျာ။ ညစ်ညစ်ကလေးပေါ့။ ဒါနဲ့ ပါးလုံးကို ဒါကဘာ ဒါကဘာဆို ပြီးလိုက်ရှင်းပြတဲ့ နော်ဝေမကို နင်တို့ဒီဆိုင်မှာ ဂျင်စင်းလည်း ရောင်းတယ်နော်ဆိုတော့ သူက ဘာလည်း ဂျင်စင်းတဲ့။ ဒီဟာဘာလည်းဆိုတော့ မုန်လာဥအဖြူတဲ့လေ။

ဖလားဖလား ပါးလုံးတို့ရွာမှာက မုန်လာဥဆိုတာက ခြံထဲကထွက်တာ လတ်လတ်ဆတ်ဆတ် အကြီးကြီး တွေလေ။ ဒီရောက်တော့ မုန်လာဥက ဂျင်းစင်းလေးကျနေတာပဲ။ လူက ရယ်ပဲရယ်ရမလား ငိုပဲငိုရ မလားမသိတော့ပါဘူး။

အဲ့လိုနဲ့ နောက်နေ့ကျတော့ အိမ်ကိုရွှေရွှေက ရောက်လာပါလေရော။ နောက်တော့ ဟဲ့ပါးလုံးတဲ့ နင်ဝယ်ပေးလိုက်တဲ့ မျက်နှာသစ်ဆေးက အဲ့ဒါမျက်နှာသစ်တာမဟုတ်ဘူးတဲ့ မုတ်ဆိတ်ရိတ်တဲ့ အဆီတဲ့ မုတ်ဆိတ်ရိတ်ခါနီး သုံးတဲ့ဟာတဲ့။ အဲ့တော့ ပါးလုံးလည်း ရေချိုးခန်းကို ပြေးပြီး ဘူးကိုသွား ယူတာပေါ့။

ဒါနဲ့ပါးလုံးက ဟုတ်သေးပါဘူးပေါ့။ ဘာလို့လည်းလို့ အဲ့ဒီဘူးက ကြည့်ရင်တော့ အရည်ဗျာ ညှစ်လိုက်ရင် အမြှုပ်ပဲထွက်တယ်။ ဒီကမျက်နှာသစ်ဆပ်ပြာတိုင်း အဲ့လိုပဲ။ ဒါနဲ့ပါးလုံးက အမြှုပ်ပဲထွက် လို့လားလို့ မေးတော့ နင်စာလည်း သေချာဖတ်ကြည့်ဦးတဲ့။

အဲ့မှာရေးထားတာက Mousse လို့ ရေးထားတယ်ဗျာ။ အဲ့ဒါနဲ့ ပါးလုံးက ဒါအသီးကနေလုပ်ထားတဲ့ မျက်နှာသစ်ဆပ်ပြာပါ ပေါ့။ သေချာပါတယ်စဉ်းစားတာလေ။ ဒါနဲ့ပါးလုံးလည်း ဒစ်ရှင်နရီ ပြေးယူပြီးကြည့်တော့ ပါးလုံးသိတာ မှန်ပါတယ်ပေါ့။

ဒါနဲ့မေးလိုက်တာ ရွှေရွှေ ဘာလို့ မုတ်ဆိတ် ရိတ်တဲ့ ဟာလို့ ပြောတာလည်းမေးတာ့ အဲ့မှာ မုတ်ဆိတ်လို့ရေးထားတာ နင်မတွေ့ဘူးလားတဲ့။ Mousse ကို ဆရာသမားက Burglish နည်းနဲ့ ဖတ် ပြီး ဘာသာပြန်လိုက်တာ မုတ်ဆိတ်တဲ့။

အဲ့တော့မှ ပါးလုံးတယောက် ခွက်ထိုးခွက်လန် ရယ်လိုက်ရတာ။ အစကတော့ သြော် ငါ့ကိုအားကိုး ပါတယ်ဆို ငါကအမှားချည်းပဲ ဘာသာပြန်ပေးမိလားပေါ့။ နောက်တော့မှ ဘယ်ဟုတ်မလည်း။ အဲ့တော့ ပါးလုံးက ရွှေရွှေကလည်း Toilet တခွက် ပေးလိုက်ပါထက် ဆိုးနေပြီလို့ ပြောလိုက်တယ်။

အဲ့ဒါကဒီလိုဗျ ရွှေရွှေက ထိုင်းမှာတုန်းက ဆွီဒင်အဖွဲ့ကို နို့ဖိုးကို ခေါ်သွားတယ်။ သူကအင်္ဂလိပ် စကားလည်းမပြောတတ်။ ဟိုအဖွဲ့ကလည်း ဗမာစကားမတတ်နဲ့ လမ်းမှာ လက်ဟန်ခြေဟန်နဲ့ စကား ပြောသွားတယ်တဲ့။

အဲ့ဒါ ဟိုက အေးတယ်ပြောတော့ သူက “ယား ဟိုက် မောင်တိန် မောင်တိန်” တဲ့လေ ဟိုကနား လည်ပေးတာပါတယ်။ လေပေးကတော့ လက်ဟန်ခြေဟန်နဲ့ တည့်နေတာပေါ့ဗျာ။ ဒီလိုနဲ့ နားတဲ့နေရာရောက်တော့ အဲ့အဖွဲ့က Toilet လို့မေးတော့ သူက ငါဒီအချိုရည် တခါမှမကြားဖူးပါဘူး တဲ့။ Cola တို့ ဘာတို့ပဲသိတယ်ပေါ့။

ဟိုကလည်း အိမ်သာတော်တော် တက်ချင်နေပုံရတယ်တဲ့ မေးပဲနေတော့ သူလည်းဘာလုပ်ရမှန်းမ သိတာနဲ့ ဆိုင်ကိုခေါ်သွားပြီး Toilet တခွက်ပေးလိုက်ပါဗျာတဲ့လေ။ ဟိုဗမာစကား မတောက်တ ခေါက်တတ်တဲ့ ရှမ်းမကလည်း သူ့ဆီမှာ Toilet အချိုရည်မရောင်းပါဘူးတဲ့။

အဲ့ဒါနောက်ဆုံးမှ ခရီးသွားအတူတူထဲက မေးတော့မှ အဲ့ဒါအိမ်သာသွားချင်တာဆိုတော့ သူ့မှာ ဘာပြောရမှန်းမသိတော့ဘူး။ ဟိုလူသာမကယ်ရင် ဒီဆွီဒင်သားလည်း တော်တော်ဒုက္ခဖြစ်မှာ သေချာတယ်ထင်တယ်။ သြော် ဒါနဲ့ပဲ အရစ်တွေရှည်ကုန်ပါပြီ။

ပါးလုံးတို့ ဒီ Brattvåg မြို့မှာက အာရှဆိုင်မရှိဘူး။ Ålesund ဆိုတဲ့ မြို့ကို သွားဝယ်ရတယ်။ အဲ့မြို့နဲ့ ဒီမြို့က ၄၅မိနစ် ကားစီးရတယ်။ ပါးလုံးတို့ဒီမြို့မှာက မိသားစုဆရာဝန်ရှိပေမယ့် တကယ် ဆေးစစ်တာ ဓါတ်မှန်ရိုက်တာ ဆိုရင်တော့ အဲ့မြို့ကိုသွားရတယ်။

ပါးလုံးက ဆေးရုံကို တလကို အနည်းဆုံး ၂ခေါက်တော့ သွားရတယ်။ အဲ့လိုသွားရင်းနဲ့ အဲ့ဒီ အာရှဆိုင်မှာ အပြန်ဆို ဈေးဝင်ဝယ်တယ်လေ။ အဲ့ဒါနဲ့ နှမ်းဖတ်ချဉ်ဘူးကို မြင်တော့ ပျော်လိုက်တာ။ သုတ်စားမယ်ပေါ့။

တောင်ငူမှာတုန်းကတော့ ပါးလုံးတို့ ပဲဆီကျိတ်တဲ့ ပဲစက်တွေမှာ နှမ်းဖတ်ချဉ်အပြားတွေ အလကား ယူပြီး ရေစိမ်ပြီးမှ သုတ်စားကြတယ်လေ။ အဲ့ဒီအခုဝယ်လာတဲ့ နှမ်းဖတ်ချဉ်ဘူးကပုံမှာလည်း စက်မှာ လူက လှည့်နေတဲ့ပုံပြထားတယ်ဗျာ။ ပြီးတော့ နှမ်းဖတ်ချဉ်အရောင်နဲ့ အစိမ်းဖတ်လေးတွေ ဖိုးလိုးဖတ်လတ်လေးလည်း ပါသေးတယ်။

ဒီတော့ ဝယ်လာတာပေါ့။ ဒါပေမယ့် ရေခဲသေတ္တာထဲမှာ တပတ်ကျော်ကျော်လောက် ကြာသွား တယ်။ ဘာလို့လည်းဆိုတော့ ပါးလုံးမသုတ်တတ်လို့။ ဒါနဲ့ ဦးလေးမိန်းမကို နှမ်းဖတ်ချဉ်သုတ်နည်း လေးမေးပြီးတော့ ကြက်သွန်တွေဘာတွေလှီး အကုန်အဆင်သင့်ဖြစ်တော့မှ နှမ်းဖတ်ချဉ်ဘူးကို ဖွင့် လိုက်တယ်။

ဒါနဲ့ ကြက်သွန်ပေါ်ကို နှမ်းဖတ်ချဉ် မထည့်ခင် အရသာလေးမြီးမယ်ဆိုပြီး ဇွန်းလေးနဲ့ကလော်တော့ မာကလောက်နေတာပဲ။ ဒါနဲ့ ပါးစပ်ထဲနည်းနည်းထည့်ကြည့်တော့ ဖလားဖလား။ ဌက်သိုက်မုန့် တွေဖြစ်နေလေရဲ့။ ကြက်သွန်မြိတ်လို့ထင်တဲ့ အစိမ်းဖိုးလိုးဖတ်လပ်က ကွာစေ့တွေ ခွာထည့်ထားတာ ဗျာ။

ဒါနဲ့ စိတ်မညစ်အားတော့ဘူး အော်ရယ်ပစ်လိုက်တာ အဖေတောင်လန့်သွားတယ်။ ညကျတော့ လိုင်းပေါ်မှာ ဦးလေးမိန်းမကမေးတယ် ငါရောက်တာကြာပြီ နှမ်းဖတ်ချဉ်တခါမှ မစားရသေးဘူးတဲ့ နင်ဘယ်က ဝယ်တာလည်းတဲ့။

အဲ့တော့မှ အဲ့ဒါနှမ်းဖတ်ချဉ်မဟုတ်ဘူး။ ဌက်သိုက်မုန့်လို့ ပြန်ပြောရတယ်။ အဲ့ဒါကြောင့် ဦးလေးက ခဏခဏပြောတာ ပါးလုံးရေ နင့်အိမ်လာရင် နော်ဝေနှမ်းဖတ်ချဉ်တော့ သုတ်မကျွေးနဲ့နော်လို့ အစခံရတာ မပြောပါနဲ့တော့။ သြော် ရောက်စကပဲ လွဲ တာလားမှတ်တယ်။ ရောက်တာ ကြာပြီဖြစ်တော့လည်း လွဲတာပဲ။ အရင်ကလည်းလွဲ အခုလည်း လွဲ နောက်လည်းလွဲဦးမယ် ထင်ပါရဲ့။

အင်းလွဲလွဲလေးလည်း ကောင်းပါတယ်ပေါ့နော်။

အခုတလောလည်း ကျောင်းနဲ့ အလုပ်နဲ့ အားဘူးဖြစ်နေတာနဲ့ အိမ်တောင် ကောင်းကောင်းမလည်ဖြစ်ဘူး။ စိတ်ဆိုးနဲ့နော် အိမ်တွေကို မလည်ဖြစ်ရင် စာမေးပွဲလည်း နီးနီး နီးလာပြီ ကျော်ကျော် ကျော်သွားမှပဲ ကောင်းကောင်း အိမ်တကာလည်နိုင်တော့မယ်ထင်ပ။ အဟိ။ အခုလို လာရောက်အားပေးတာ ကျေးဇူးအထူးပင်တင်ရှိပါတယ်။

တဦးတယောက်စီတိုင်းအပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး




30 comments:

ဝက်ဝံလေး said...

ငါ ၁ နော် ပါးလုံး သိလား

ဝက်ဝံလေး said...

ဟေ ဘယ်မှာလဲ အိန်ကျယ် ဟေ ဘယ်မှာလဲ ဖွားကိ ဟေ ဘယ်တွေ ပျောက်ကုန်ကြလဲ ဟေ လင်းနေ ရော ဘယ်ချောင်သွားအိပ်နေတုံး ငါ တကောင်တည်းလား ဟားဟားးးး ပါးလုံးရေ ငါ တကောင်တည်း သောင်းကျန်းလိုက်ဦးမယ်

ဝက်ဝံလေး said...

ရော် ၃ တောင် ရောက်သွားပြီလား အယ် ပါးလုံးမရေ စာဖတ်လိုက်ဦးမယ်နော် ခဏ ခိခိ

ဝက်ဝံလေး said...

အယ် နဲနဲလေးတော့ လွဲနေတယ် လွဲလွဲလေးလဲ ကောင်းပါတယ် ဟိ
ပါးလုံးမ ရီလိုက်ရတာ အူတက်တယ် ဟွင်းးးး

ဝက်ဝံလေး said...

ဟယ် ဘီလူးမ လဲမရောက်သေးပါလား ငါ တကောင်တည်း သောင်းကျန်းနေတာလားလို့ ဟီးးးးးးးးးး

chit palone said...

ငါ့အိမ်မှာဆိုတော့ ငါမသောင်းကျန်းချင်ဘူးဝက်ရဲ့ နင်ဒီနေ့ ပဲဟင်းစားထားတယ် ကြားတယ် ငါ့အိမ်မှာ ဘူတော့ မလွှတ်နဲ့နော် စာဖတ်တဲ့ သူတွေ စိတ်ညစ်ကုန်မှာစိုးလို့ ဟိ။
သယ်ရင်းလေး ပါးလုံး

ဝက်ဝံလေး said...

အယ် ပြောမှပဲ ဘူ ဘူ ဘူ ၃ လုံးတောင် ထွက်သွားပြီ ဘီလိုလုပ်မီတုံး ဟိဟိ

ဝက်ဝံလေး said...

ငါ ဖတ်တယ်နော် ပါးလုံးမ ဟီးးးဟီးးးး အဲဒါ ရယ်တာနော် ငိုနေတာဟုတ်ဘူးရယ် ဟက် ဘယ်တူမှ မလာကြသေးဘူး ပျင်းတောင်လာပြီ ပြန်တော့မယ် တာ့တာ လိုက်ထော်နဲ့တော့ ဘိုင်

မြစ်ကျိုးအင်း said...

ဝက်ကလေးကို ထိန်းရအောင် လာတာ မမှီလိုက်ဘူး။

ညကဆေးမသောက်ထားလို့ သူ့ကိုသတိထားကြည့်နေတဲ့ကြားက လှစ်ခနဲ ပျောက်သွားတာဟ။

yangonthar said...

အော်အော်ပြီး ရယ်သွားတယ် ညီမလေးပါးလုံးရေ ... ဟဟ ဖြစ်တတ်တယ်နော် ဟုတ်ပါ့ ...ဟဟဟ စာမေးပွဲကလည်း ဖြေဖြေနိုင်လွန်းတယ်နော် .... ခေါင်းထဲစာတွေ ပြည့်ကုန်လို့  သူငယ်ချင်းတွေ မမှတ်မိဘဲ နေဦးမယ် .... :))
ပျော်ရွှင်ပါစေ
ခင်မင်လျှက်
ရန်ကုန်သား :))

မြစ်ကျိုးအင်း said...

ရောက်ပြီးမှတော့ စာအရင်ဖတ်တော့မယ်။ နောက်မှ လိုက်ရှာတော့မယ်။

chit palone said...

ဒယ်ဒယ်မြစ်ရေ မနက်ပေါ်မယ်ဆိုတဲ့ ဝက်က အဲ့ဝက်လား ဒီမှာလာသောင်းကျန်းနေတာ ဟိ သိဘူးလေ ဒီလိုမှန်းသိရင် ဖမ်းထားပါတယ်
ခင်မင်လျှက်
ညီမလေး ပါးလုံး

Angel Shaper said...

အယ်.......
ဝက်စုတ်လေးးးးးးးးးးးးးးးးးးးးး
ဝက်လွတ်သွားလို့ အရင်လာဖမ်းတာ ပါးလုံးရေ....
မနက်ဖြန်ပေါ်စားကြမလို့လေ။ အဟီးးးးးးးးးး
ဝက် ၀က် ၀က် စုတ်....
မကြာခင်ပေါ်မည်။
နေဦး စာဖတ်ဦးမယ်။

မြစ်ကျိုးအင်း said...

ပုန်းပုန်းရေ အလွဲတိုင်းက ရယ်နေရတယ်။ ပေါက်ပေါက်ရှာရှာ Toilet အချိုရည်တခွက်တဲ့။

အဲဒီငှက်သိုက်ရော သုပ်စားဖြစ်သေးလား

ကြက်သွန်နိင်နိင် ဆီရွှဲရွှဲလေးနဲ့ သုပ်ကြည့်ပေါ့။ :)

ဝက်ဝံလေး said...

အမလေး ပုန်းနေမယ် ပုန်းနေမယ် ငါ့ကိုတောင် ပေါ်စားမယ် ဆိုပဲ ကျိုမီးငှားးးးးးး ကယ်ကြပါဦး ဟ

ဒက်ဒီမြစ် သာမီးလေး ဒီမှာလေ မတွေ့ဘူးလားလို့

Angel Shaper said...

ပါးလုံးရေ.....
လွဲလွဲလေးတွေ ဖတ်သွားတယ်နော်။
ဟဟဟားးးးးးးးးးးးးးး သေချာ ဂရုစိုက်နော်။
စာကြိုးစား ကျန်းမာရေး ဂရုစိုက်နော်။
ဆုတောင်းပေးနေမယ်။
ဘုရားရှင် စောင့်ေ၇ှာက်လို့ ကောင်းကြီးပေးပါစေ။

Sein Lyan Tun said...

ဟဟဟနဲ့ ပြုံးပြုံးပြီးရယ်သွားတယ် ပါးလုံးလေးရေ...


မဆီမဆိုင် ဘန်ကောက်မှာ သူများကိုကူရင်း အကို့အထုတ်က ဟိုလူလိုလို ဒီလိုလိုလိုနဲ့ ကျန်ခဲ့တာ ဒီရောက်မှာသိရော...

း))

ပျော်ရွင်ပါစေဗျာ

ချစ်ခင်စွာဖြင့်

ဖိုးစိန်

သူကြီးမင်း (တုံးဖလား) said...

အော်.. တစ်စိမ်းတစ်ရံတွေဆီ ရောက်သွားရင် ဒီလို အလွဲလေးတွေက ဖြစ်စမြဲဘဲ မဟုတ်လား။ နောက်ကိုလဲ ညီမ လွဲနေဦးမှာ မြင်ယောင်နေမိသေးတယ်။

ပျော်ရွှင်ပါစေ ညီမ။

kiki said...

နော်ဝေနှမ်းဖတ်ချဉ်လေးကို ဂျင်စင်း လေးနဲ့ရော မြို ၊ပန်းသီးကို ငပိနဲ့ တို့ စား တွိုင်းလက်တခွက်နဲ့ မျှောချပြီး mousse လေးနဲ့ မျက်နှာသစ် ။ ဟားဟား .. အလွဲများ နဲ့  ပါးလုံးလေးရေ ... ခုတော့ မလွဲတော့ဘူးပေါ့ နော် .. တန်းတန်းမတ်မတ် .... ဆက်လျှောက်နော် ....

သားကြီး said...

ညီမလေးရေ
ညမှလာဖတ်မယ် အသစ်တွေ့တာနဲ့ပြေးလာတာ
လူကမအားသေးဘူး အလုပ်ထဲမှာ တော်ကြာ သူဋ္ဌေးနဲ့
ဂွမ်နေရဦးမယ်
ဘိုင်နော်

Khyl said...

ဟားဟား... ပါးလုံးလေးရေးတာ ဖတ်လို့ကောင်းချက်...
တော်တော်ရီရတယ်... စိတ်နာနာနဲ့ ဆော်ဒါ တွေ မော့လိုက်ရတာပေါ့..ဟုတ်ရား... ခီး..

Yu Ya said...

ဟောဗျာ.. ပါးလုံးက တောင်ငူကလားဗျ.. ဒီနေ့မှ မမျှော်လင့်ပဲ ပို့စ်အဟောင်းကို ဖတ်မိရင် သတိထားမိသွားလို့.

yu ya

thawzin said...

အေးဟာ.... နင်တို့က အဲလို လေယာဉ်ကို အပိုင်းလိုက် စီးဖူးတာတော့ အဲဒီဒုက္ခတွေ ကြုံရတာပေါ့။ ငါ့တို့ကျတော့ လူများတော့ လေယာဉ်အစင်းလိုက်ဖြစ်နေတော့ ကျွေးသမျှ အကုန်ကစ်တာပဲ။ ကာတာနိုင်ငံထင်တာပဲ အဲဒီမှာ လေယာဉ်ဆီဖြည့်ဆိုပြီး ရပ်ပြီး ဆီဖြည့်တယ်။ လူတွေ မဆင်းခိုင်းဘူး။ အိမ်သာ တတ်ချင်လို့ အိမ်သာ သွားတာဟာ.., လေယာဉ်မောင်က မသွားရဘူးလို့ပြောတာ, ငါလဲ နားမလည်ဘူး ၀င်သွားတာ, ပြီးတော့ နောက်ကနေ အတင်းလိုက်ခေါ်တာဟေ့။ ရှက်တာဟာ........ တော်သေးတယ် ငါနဲ့ သူနှစ်ယောက်တည်းမိုလို့။ ဟဲ့...... ဘယ်သူမှ သွားမပြောနဲ့အုံးနော် ဒီအကြောင်းတွေ ဒါပဲ....။ ပြန်ရင်တော့ နင်တို့လို အပိုင်းလိုက် လေယာဉ်စီးပြန်ရမယ်ထင့်ပါဟာ။ အဲဒီကျမှ နင်ကို ကိုယ်ချင်းစားကြည့်တော့မယ်။ လေယာဉ်ကြီး စီးချင်ပြီးဟ။ နင်တို့တော့မသိဘူး။ ငါတို့တော့နိုင်ငံခြားဆိုတာကြီးကို အရမ်းကို ပျင်းစရာကောင်းမှန်းသိနေပြီးဟေ့။
ခင်မင်စွာဖြင့်
ရောင်းကြီး
သဗ္ဗေသဒ္ဒါ ကမ္မသကာ

သားကြီး said...

Toilet အချိုရည်တဲ့ ခုမှပဲကြားဖူးတော့တယ်
အဟတ် ပါးလေးတို့အလွဲတော်တော်ရယ်ရတာ
အိမ်လည်တာအရေးမကြီးပါ
စာမေးပွဲကအရေးကြီးတယ်
ပါးလေးမျှော်မှန်းထားသလိုသာဖြစ်အောင်ကြိုးစား
အမြဲတမ်းမုဒိတာပွားနေမယ်

မေလေး said...

ညီမလေးရေ အလွဲလေးတွေ လာဖတ်တယ်နော်။
နေကောင်းတယ်ဟုတ်

မေထက် said...

ပလုံးရေ
အလွဲများနဲ့ပြာရာခတ်နေတယ်ဟုတ်.........

မိုးအိမ့်ဖြူ said...

နည်းနည်းလေးတော့ လွဲနေမယ် လွဲလွဲလေးပဲ ကောင်းပါတယ် .... ။ :)

မိုးစဲနေ said...

ချစ်ပါးလုံးရေ အလွဲတွေလာဖတ်သွားပါတယ် ချစ်ပလုံး ကအရုပ်ကလေးတခု
ပုံကိုပဲ ကော်မန့်တွေမှာထည့်ထားတော့ မနည်းကြည့်ဖတ်ရတယ်ဗျာ..အားလုံးတူနေလို့..

မိုးစဲနေ said...

ချစ်ပါးလုံးရေ အလွဲတွေလာဖတ်သွားပါတယ် ချစ်ပလုံး ကအရုပ်ကလေးတခု
ပုံကိုပဲ ကော်မန့်တွေမှာထည့်ထားတော့ မနည်းကြည့်ဖတ်ရတယ်ဗျာ..အားလုံးတူနေလို့..

Unknown said...

ပါးလုံးရေ.....

မဆုံဖြစ်တာကြာပေါ့... မအားလပ်တဲ့ကြားထဲက ဆက်လက်ရေးတာကိုပဲ ၀မ်းသာမိပါတယ်.... အတွေ့အကြုံလေးတွေကို မျှဝေခံစားသွားပါတယ်...

နေကောင်းကျန်းမာပျော်ရွှင်ပါစေဗျာ....

Post a Comment

အခုလို သေသေချာချာဖတ်ပြီး ကွန်မန့်လာပေးတဲ့အတွက် ကျေးဖူးအထူးပင် တင်ရှိပါကြောင်း ဖတ်ပြီးမှတော့ မန့်ပြီးမှသာ ပြန်စေချင်ကြောင်း ကောင်းသည်ဆိုးသည် ကြိုက်သလိုသာ ဝေဖန်နိုင်ကြောင်း အားလုံးပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေလို့ ဆုတောင်းရင်း ကွန်းမန့်လေးတွေဖတ်ရင်း အားမွေးနေမယ်နော်။ အဟိ။