Feeds RSS

Thursday, July 16, 2009

ရင်နှင့်ရင်း၍ (တက်ဂ်ပို့စ်)



အင်း ပါးလုံးတယောက် နွေကျောင်းသုံးပတ်ပိတ်လို့ အေးအေးဆေးဆေးလေး နှပ်မယ်ဆိုပြီး အဖေ ခရီးထွက်လို့ ခေါ်တာတောင် လိုက်မသွားဖြစ်ဘူး။ ဘလော့မှာလည်း စာရေးဖို့လုံးမဝမရေးချင်။ အိမ်လည်း ကောင်းကောင်းမလည်ဖြစ် အဲ့လိုဖြစ်နေတာကို ကိုသားကြီး တယောက် အကြားအမြင် ရပုံရတယ်။ သူ့ဆီသွားပြီး ၂ ရတယ်ကွ အလုပ်ကောင်းတာ တက်ဂ်ထားပါလေရဲ့။

အမှန်ကတော့ နောက်အပတ်မှရေးမလို့ အခုတော့ အဖေက ပုံတွေပို့ပေးပြီး မလိုက်လိုက်အောင် စည်းရုံးတယ်လေ။ ပါးလုံး ခရီးထွက်မယ်ဆိုတော့ ဒီအကြွေးကြီးက တင်နေတော့မယ် ပြန်လာရင် လည်း ကျောင်းက ဖွင့်ပြီ အဲ့တော့ အကြွေးဆပ်ခဲ့တော့ နားအေးတာပေါ့ဗျာ။ အဟဲ။

ပါးလုံး ဘလော့စလုပ်တုန်းက co.cc အဲ့ လုပ်တာ။ သူငယ်ချင်းတယောက်က လုပ်ပေးတာနဲ့ ပါးလုံးစာရေးဖြစ်တယ်။ အဲ့လိုစလုပ်တဲ့အချိန်ကဆိုရင် မန့်ဖို့မပြောနဲ့ စီဘောက်စ်မှာလည်း ဘယ်သူ မှမလာဘူး။ သူများအိမ်ကို လည်ရမှန်းလည်း မသိဘူး။


အဲ့တော့ ပါးလုံးက ဒီဘလော့ကြီးကို အထီးကျန်ဆန်ဆန်မထားနိုင်လေတော့ ဦးလေးတွေ၊ သူငယ် ချင်းတွေကို ကြော်ငြာဝင်ရတာပေါ့။ အတင်းလာခိုင်း ပြီးရင် စီဘောက်စ်မှာလည်း ရေးခဲ့နော် ပြော ရတာ ပါးစပ်လည်း နားရွက်တပ်ချိတ်ခါနီးပဲ။

ဟိုဦးလေး တယောက်ဆို ဘာရေးသွားတယ်မှတ်လည်း “ ပါးလုံးရေ အတင်းလာခိုင်းလို့ လာသွား တယ် ပြန်ပြီနော်” တဲ့ လူကဘာပြောရမှန်းတောင်မသိတော့ဘူး။ ကိုယ့်အသိထဲကပဲ လာကြတယ်။ အမတယောက်ဆို အမေရိကားမှာ ကလေးတယောက်နဲ့အလုပ်များပါတယ်ဆို အတင်းကို လာခိုင်း တာ။ သူ့ခဗျာလည်း ကလေးသိပ်ပြီးတာနဲ့ အပြေးလာရှာတယ်။

တခြားဘလော့အနေနဲ့ အရင်ဆုံးပါးလုံးဆီလာတာက မမကောင်းကင် သူကစီဘောက်စ်မှာအော် သွားရင် ပါးလုံးဘယ်လိုပျော်မှန်းကိုမသိဘူး။ ပြီးတော့ မာတီဘိုးဘိုးကြီး ပါးလုံးရေးသမျှ ဒိုင်ခံအား ပေးတယ်။ ကျေးဇူးလည်းအရမ်းတင်တယ်။

အဲ့လိုနဲ့ အသိတွေလည်းများလာ မမကောင်းကင်ကနေဆင့် လျှောက်လည်ရင်းနဲ့ သူငယ်ချင်းတွေ များလာတယ်။ အဲ့ဒါ ပထမဘလော့ဖြစ်တဲ့ co.cc မှာ နော်ဝေရောက်စက ပါးလုံးကို ဒုက္ခလှလှပေး ခဲ့တဲ့ ရော့ကာဖိနပ်ကြီးအကြောင်း ရေး တဲ့ပို့စ်မှာ စပြီးတော့ ကွန်းမန့်က ရှိလာတယ်။ ဖတ်ချင်ရင် ဒီမှာ ပါ။

အဲ့လိုနဲ့ တနေ့တနေ့ ကျောင်းသွားရင်းလည်း ဘာရေးရမလည်း ဘာရေးရမလည်းပဲ။ ပြန်လာရင် အရင်ဆုံးဖွင့်တာက ဘလော့ပဲ။ နောက်တော့ တနေ့ အဲ့ဒီ co.cc ကြီးက လာနောက်ပါလေရော။ ဖွင့်လို့မရတော့ဘူး။

ပါးလုံးက ငယ်ငယ်ကတည်းက သံယောဇဉ် အရမ်းကြီးတယ်။ ပြီးတော့ အစွဲအလမ်းကြီးတယ်။ အသစ်ပေးမယ်ဆိုရင်တောင် အဟောင်းလောက် တန်ဖိုးမထားချင်ဘူး။ အဲ့လိုဆိုတော့ ဒီဘလော့ ဖွင့်မရမှတော့ ပါးလုံးဘာလုပ်ရမှန်းမသိတော့ အိမ်တွေမှာလိုက်အော်တာပေါ့။ သူတို့ဖွင့်တဲ့အချိန် ကျတော့ ရတယ်ဗျ။

သူကပါးလုံးလိုပဲ ဂေါက်ပုံရတယ်။ တခါတလေရလိုက် မရလိုက်နဲ့လေ။ ဖွင့်မရတဲ့ ညကဆို ပါးလုံးတယောက် ခြေမကိုင်မိလက်မကိုင်မိ ဖွင့်ပေးတဲ့ သူငယ်ချင်းကလည်း လိုင်းပေါ်မှာ မတွေ့ ဘာလုပ်လို့လုပ်ရမှန်းကိုမသိဘူး။

တညလုံးလည်း အိပ်မပျော်ဘူး။ ကျောင်းပျက်မှာ ကြောက်တဲ့ပါးလုံး ဘလော့ဖွင့်မရမှပဲ မနက်ကျတော့ ဖျားပြီး ကျောင်းမသွားနိုင်တော့ဘူး။အဲ့ဒါနောက်ဆုံး ကိုဗညားက ညီမလေးရယ် ဘလော့စပေါ့ ပဲ လုပ်လိုက် ပါတဲ့။ သူလုပ်ပေးမယ်ဆိုတာနဲ့ ဟုတ်လို့သာပြောတာ လူက အဲ့ဒီ www.chitpalone.co.cc ကိုလုံးဝ မစွန့်လွှတ်နိုင်ဘူး။

လုပ်ပေးရင်လည်း လုပ်မယ်တော့ပြောလိုက်တယ်။ သူ့ခဗျာလည်းလေ ဆိုင်မှာ သုံးပြီးမြန်မာပြည် ကွန်ကကောင်းတာမဟုတ်ပဲနဲ့ အလုပ်များတဲ့ ကြားကလုပ်ပေးရှာတာ။ တမ်းပလိတ်ကိုတော့ ပါးလုံးကို ရွေးခိုင်းတယ်။ လိုချင်တဲ့အရောင် ပုံစံ ပါးလုံးကိုမေးပြီးလုပ်တယ်။ ပါးလုံးကလည်း ဇီဇာ ကြောင်တယ်ပြောလို့ရတယ်။ စိတ်ကြိုက်ဖြစ်ဖို့ကို တပတ်ကျော်ကျော်လောက် အချိန်ယူရတယ်။

နောက်တော့ ကိုဆည်းဆာကလည်း ညီမလေးတဲ့ အကို့ဘလော့ကို ဝင်လေ့လာကြည့်ပေါ့တဲ့ သူကလည်း လိုသမျှကို ပြောပြပေးတယ်။ နောက် ကိုရီနိုကြီးကတော့ ရိမိုး လုပ်တာကို သူက ဝင်ဒေါင်းပေးပြီးတော့ လုပ်လို့ရအောင် လုပ်ပေးတယ်။ သင်ပေးတယ်။

အဲ့လိုနဲ့ ဂီးညှောင့် ဂီးညှောင့်နဲ့ ဒီဘလော့ အသစ်လေးဖြစ်လာတာ။ co.cc က ပို့စ်တချို့ကို ပြန်တင်လိုက်တယ်။ အဲ့မှာကျန်ခဲ့တဲ့ ကွန်းမန့်တွေကိုတောင် ကူးလို့ရရင် ကူးလိုက်ချင်ရဲ့ တော်တော်ကို သမျှော်တာဗျာ။ နောက်တော့ ကိုမနောဆီမှာ သွားဖတ်လိုက်လုပ်လိုက် ပြုပြင်လိုက် မွမ်းမံလိုက်နဲ့ နည်းနည်းကြည့်ပျော်ရှု့ပျော်ရှိလာတယ်။ ဒီဘလော့လေး အစဉ်ပြေကာစကျမှ ဟို co.cc ကြီးက ကျက်သရေရှိစွာ ၂၄နာရီ ဖွင့်လို့ပြန်ရသွား တယ်။

ပါးလုံးဒီဘလော့ ရပြီးကတည်းက ဟိုဘလော့လေးဆီကို မသွားတော့ဘူး ဘာဖြစ်လို့လည်းဆို တော့ ပါးလုံးအဲ့ဒါကို အရင်ဆုံး လုပ်ထားတာဖြစ်တဲ့အတွက် အဲ့ဘလော့ကို ဖွင့်လိုက်တာနဲ့ ရင် ထဲမှာ တနုပ်နုပ်ခံစားရတယ်။ လွမ်းသလို သမျှောသလို သူ့ဆီသွားရင် ခြောက်ကပ်နေသလို ခံစားရတယ်။

အဲ့ဒီခံစားချက်ကြီး မခံစားချင်တာနဲ့ လှည့်ကိုမကြည့်တော့ဘူး။ အခုတော့ ဒီဘလော့လေးကို ပါးလုံး သံယောဇဉ်ရှိနေပါပြီ။ တန်းပလိတ်အသစ်လေးတွေ လှတယ် ပြောင်းမလားပြောရင်တောင် ပါးလုံး ဒီပထမဆုံးစိတ်ကြိုက်ရွေးခဲ့တဲ့ တမ်းပလိတ်ကို ဘယ်တော့မှ ပြောင်းဖြစ်မှာ မဟုတ်ပါဘူး။

ဘယ်လောက်အသစ်ပေါ်ပေါ် ပါးလုံးဒီအိမ်လေးကို အခုဆို အရမ်းကိုသံယောဇဉ်ရှိနေပါပြီ။ သူ့ကြောင့် ပါးလုံးပျော်ရွှင်ရသလို သူ့ကြောင့် ပါးလုံးပီတိတွေလည်းရပါတယ်။ သူ့ကြောင့် ပါးလုံး တညလုံးမအိပ်ဖြစ်ခဲ့တဲ့ နေ့တွေရှိသလို သူ့ကြောင်း ပါးလုံး သူငယ်ချင်းတွေ အကိုတွေအမတွေ လည်း အများကြီး ရခဲ့ပါတယ်။

သူ့ကြောင့်ပါးလုံး စာတွေအများကြီးရေးဖြစ်သလို သူ့ကြောင့်ပါးလုံး စာတွေအများကြီး ဖတ်ဖြစ်ပါ တယ်။ အမှန်ဆို ဒီနိုင်ငံမှာ အထူးသဖြင့် ပါးလုံးတို့မြို့မှာ ဗမာလို ပြောရမယ့်သူငယ်ချင်း ချစ်စုမ ကလွဲရင် ဘယ်သူမှမရှိပါဘူး။

ဒါပေမယ့် သူ့အိမ်နဲ့ကလည်း ဝေးတယ်။ သူ့ကိုဖုန်းဆက်ရင်လည်း သူက ဂိမ်းဆော့နေတော့ မမနောက်မှပြောမယ်နော်ဆိုတာက လာသေးတယ်လေ။ အဲ့တော့ ဒီအိမ်လေးကသာ ပါးလုံးသူငယ်ချင်း ရင်ဖွင့်ရာ ကြည်နူးရာဖြစ်လာတော့တယ်။

ကွန်းမန့်လေးတွေများဖတ်ရရင် အားဘယ်လိုရှိမှန်းကိုမသိဘူး။ ဘာရေးရမလည်း ဘာရေးရမလည်း နဲ့ကိုနေတာပဲ။ လာလည် အားပေးကြတဲ့ ညီအကိုမောင်နှမအရင်းသဖွယ် ခင်ရသော အကိုအမ များကို ကျေးဇူးတင်ရှိပါတယ်။ များများလည်း မန့်ပေးနော်။ ဒီအိမ်လေးကဆိုရင် ပါးလုံးရဲ့ ရင်ဘတ်ထဲမှာ နေရာအကြီးကြီးယူထားတယ်ဆိုရင် မမှားပါဘူး။

ဒီလောက်ဆို ကိုသားကြီးလည်း ကျေနပ်ရောပေါ့နော်။ ပြီးတော့ ပါးလုံးဒီနှစ်ပတ် အိမ်လည်ဖြစ်မယ် မထင်ပါဘူး။ ခရီးထွက်မှာမလို့ပါ။ အချိန်ရသလောက်တော့ ရအောင်ကြိုးစားလည်ပါ့မယ်။ ဦးလေး အိမ်ကိုတော့ ကွန်ပျူတာတလုံး အပိုင်စားပေးထားရမယ်နော်လို့တော့ ကြိုညှိထား ပါတယ်။

အခုလို မကောင်းမကန်းလေးကို သည်းခံဖတ်ပေးကြသော အကိုအမများကို အထူးအထူးပင်ကျေးဖူးတင်ရှိပါတယ်ရှင်။ တက်ဂ်တာတခြား ရေးထားတာကတခြားဖြစ်နေတာတော့ သေချာတယ်။ ကိုသားကြီး ခွင့်လွှတ်နော် သွေ့ပူချီ အဟီး။ သော့မရှိလို့ ဘယ်သူ့ကိုမှ ပြန်မတက်ဂ်တော့ဘူးနော်။

အားလုံး အားလုံးအပေါ် ဘုရားသခင် ကောင်းချီးပေးပါစေ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး




13 comments:

ဝက်ဝံလေး said...

ဝေးးး ငါ ၁ ကွ
ဖတ်သွားတယ် ပါးလုံး profile မတွေ့တော့ဘာမှန်းမသိပါ တို့ကတော့ ၂၀ ပြည့်မယ်ဒီစက်တင်ဘာ ဟုတ်ပြီနော် ဘိုင်

သားကြီး said...

ချစ်ပါးလေးရဲ့ ရင်ဘတ်ထဲမှာ နေရာအကြီးကြီးယူထားတယ်ဆိုတဲ့ဘလော့ထဲက ကိုယ့်tagကို
အားရဝမ်းသာစွာလာဖတ်သွားပါတယ် တကူးတကရေးပေးတာ
ကျေးဇူးပါကွယ် ဘာပဲပြောပြော စတင်ခြင်းတွေကတူနေကြတယ်
ကိုယ့်ဘလော့လေးလူတစ်လုံးသူတစ်လုံးဖြစ်လာတာကို
ဘလော့ပိုင်ရှင်တိုင်းဝမ်းသာအားရဖြစ်ကြမှာပါ
ပါးလေးရေ အိပ်ပြီလား?
ကိုတော့ရော့ကာဖိနပ်ကြီးဆီပြေးလိုက်ဦးမယ်နော်
god bless u my dear :)

ဝက်ဝံလေး said...

ကဲ ဂလိုဆိုရင် မမပါးရေ များ အိပ်ပြီ ဗျိုးးး မနက်ဖြန်မှပဲ စောင့်ဖတ်တော့နော် ဘိုင်

yaewoori said...

ပလုံးငယ်
ငါမန့်ရင် ရင်ထဲက လာတာပဲနော်

ညည်း မန့်တာလေးဖတ်ဖူးချင်သေးတယ် ငါ့အိမ်မှာ

Angel Shaper said...

ချစ်ပါးလုံးတဲ့ ချစ်ဖို့ ကောင်းတဲ့ နာမည်လေး၊ ငှက်ကလေးစာမျက်နှာကနေ တွေ့ ဖူးနေတာကြာပြီ၊ ခုမှရောက်ဖြစ်တယ်။ ကိုယ်လည်းအတူတူပါပဲ။ ဘာမှမရေးတတ်ပဲနဲ့  ဘလော့ဝင်ကလိရင်းဖြစ်လာတာ။ ပါးလုံးက အရေးအသားလေးတွေ ဖတ်လို့ ကောင်းအောင်ရေးတတ်တာပဲ။ ဖတ်လို့ အရမ်းကောင်းတယ်။ နောက်လည်းလာလည်ပါရစေနော်။
ဆက်ရေးပါ၊ အားပေးနေပါတယ်။

Anonymous said...

ရင်နှင့်ရင်း၍ ဖန်တီး ထားတယ်ဆိုပဲ, အမြဲတမ်းတည်မြဲနိုင်ပါစေဗျာ

မေဇင် said...

ပါးလုံးရေ...တူတူပါပဲ..။ ဆက်အားပေးနေမယ်နော်...။

မျက်မှန်လေး said...

ပါးလုံး ရေ..ရင်နှင့်ရင်းပြီးတည်ဆောက်ထားတဲ့ ဘလော့ခ်လေးကို အမြဲလာအားပေးမှာနော်။
မခေါ်လည်းလာမှာဘဲ ဟီး၂

ဂျပန်ကောင်လေး said...

ပါးလုံးရေ.. အဟီး..ခွင့်လွှတ်နော်. ပုံမှန်မရောက်ဖြစ်လို့..း)

Unknown said...

ပါးလုံးရေ...
အရမ်းကောင်းလာတယ်...

မိုးစက်အိမ် said...

ပလုံလေး နင်လဲ အကိုနဲ.တူနေပြီ ... အဟောင်းကို
လေ အသစ်ထက်ပို မြတ်နိုးတာ ဘာအကျင်.လဲမသိဘူး
အစွဲအလမ်းလဲ ကြီးပ ကွာ ... အဲဒါတွေကတခါ
တလေကျတော.မကောင်းဘူး ချစ်ညီမရ နာတို.မောင်နှမ
တွေ ကြိုးစား ပြင်မှ ရမယ်နော. ... ဟုတ်တယ်ဟုတ်...

လင်းကြယ်ဖြူ said...

အိမ်သစ်အိမ်ဟောင်း ဘယ်လိုပြောင်း
ကောင်းကောင်းကြီးကို လာလည်ပါတယ်..
ပျော်ပါစေ..

ကောင်းကင်ပြာ said...

ကွန့်မန့် လာရေးသွားတယ် ရှင့်

Post a Comment

အခုလို သေသေချာချာဖတ်ပြီး ကွန်မန့်လာပေးတဲ့အတွက် ကျေးဖူးအထူးပင် တင်ရှိပါကြောင်း ဖတ်ပြီးမှတော့ မန့်ပြီးမှသာ ပြန်စေချင်ကြောင်း ကောင်းသည်ဆိုးသည် ကြိုက်သလိုသာ ဝေဖန်နိုင်ကြောင်း အားလုံးပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေလို့ ဆုတောင်းရင်း ကွန်းမန့်လေးတွေဖတ်ရင်း အားမွေးနေမယ်နော်။ အဟိ။