Feeds RSS

Saturday, July 4, 2009

ကျခဲ့ဖူးသော စိတ်ဓါတ်




ပါးလုံး အခုတလော စာရေးလက်စ တန်းလန်းတွေ အရမ်းကိုများနေတယ်။ ဘာလို့လည်းဆိုတော့ စာရေးတာ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ ပျောက်နေတယ်ထင်တယ်။ ပြီးတော့ အခုတလော ရေးလိုက်သမျှ စာတွေကလည်း အရေမရ အဖတ်မရလို ခံစားရတယ်။

ပါးလုံးခံစားဖူးတဲ့ စိတ်ဓါတ်ကျတဲ့ အကြောင်းလေးကို မျှဝေချင်လို့ ဒီပို့စ်လေးကို ရေးတာပါ။ အကိုတွေ အမတွေကတော့ စိတ်ဓါတ်ကျဖူးသလား မသိဘူး။ ပါးလုံးတော့ အကြီးအကျယ် စိတ်ဓါတ် တခေါက် ကျဖူးတယ်။ အကြီးအကျယ်မှ အကြီးအကျယ် အဲ့အကြောင်းလေးကို ပါးလုံး ပြန်ပြောပြဦးမယ်။

ပါးလုံးက ခုနှစ်တန်းတုန်းက ပါးလုံးမှာရည်မှန်းချက် မဟုတ်တဲ့ ရည်ရွယ်ချက် တခုရှိတယ်။ ပါးလုံး ကျမ်းစာကျောင်း တက်ချင်တယ်။ ဒါပေမယ့် ဘုရားကျောင်းမှာ ၀မ်းဆက်ဝတ်ပြီး တရားဟောရုံ တော့မလုပ်ချင်ဘူး။ တောရွာတွေ နယ်တွေကို လျှောက်သွားချင်တယ်။ အဲ့အချိန်ကတော့ အတွေး ကသေးသေးလေး။

ဒါပေမယ့် အဲ့အတွေးကို ဘယ်သူ့ကိုမှမပြောပြခဲ့ဘူး။ ဆယ်တန်းအောင်တော့ ကျမ်းစာကျောင်း တက်ချင်ပေမယ့် ပါးလုံးက ဆယ်တန်းပြီးမှ နှစ်ခြင်းခံတယ်ဆိုတော့ ကျမ်းစာကျောင်းက နှစ်ခြင်းခံ ပြီးသုံးနှစ်ကျော်မှ ၀င်ခွင့်ဖြေလို့ရတယ်။

ပြီးတော့ နှစ်တိုင်းဆက်ကပ်တဲ့အချိန်ဆို ပါးလုံးကိုယ့်ကိုကိုယ် ဆက်ကပ်ထားတယ်။ ဘုရားသခင်အ အတွက် စက္ကန့်မလပ် အမှုတော် ဆောင်မယ့်သူတယောက် အဖြစ်ပေါ့။ အဲ့လိုဆက်ကပ်တော့ အိမ် ကမလုပ်နိုင်ပဲ မဆက်ကပ်ရဘူးတဲ့။ သေချာစဉ်းစားပြီးသားလားတဲ့။

အဲ့နောက်ပိုင်းမှာ ပါးလုံးတွေးလာတယ်။ ကျမ်းစာကျောင်းတက်ပြီး ဘုရားသခင်အကြောင်း လိုက်ပြောရုံလားပေါ့။ ဒါနဲ့ ပါးလုံးရဲ့စိတ်က မလုံလောက်နိုင်ဘူး ဖြစ်နေတယ်။ နောက်တော့ မာသာထရီစာ စာအုပ်ကို ဖတ်ပြီး အရမ်းအားကျလာတယ်။ မာသာထရီစာဆိုတာကတော့ အိန္ဒိယမှာ မိဘမဲ့ဂေဟာ လုပ်သွားတဲ့ မိခင်ကြီးပါ။

သူကအားလုံးကို တန်းတူလိုသဘောထားတယ်။ သူ့သားသမီးအရင်းလို သဘောထားတယ်။ သူအခက်အခဲတွေ အများကြီးကို ကျော်လွှားခဲ့ရတယ်။ သူပြန်ရတာကတော့ ပီတိပေါ့။ ပါးလုံး သူရခဲ့တဲ့ ပီတိကို ပါးလုံးအရမ်းလိုချင်တယ်။


သူဘာလုပ်လုပ်ဘုရားကို တိုင်ပင်ပြီးလုပ်တယ်။ အဲ့နောက်ပိုင်းမှာ ပါးလုံးရဲ့ ရည်ရွယ်ချက်ကနေ ရည်မှန်းချက်ရှိလာတယ်။ အဲ့ဒါကတော့ မိဘမဲ့ဂေဟာ အကြီးကြီးလုပ်မယ်။ မဖြစ်ဖြစ်အောင် ကိုလုပ်မယ်ဆိုတဲ့ ရည်မှန်းချက်ပေါ့။
ပါးလုံးအဲ့နောက်ပိုင်း ပိုကြိုးစားလာတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိလာတယ်။ ဘုရားကို လည်းပိုအားကိုးလာတယ်။ ဘာကိုမဆို သင်ယူချင်တဲ့ စိတ်တွေဖြစ်လာတယ်။ အိမ်မှာတုန်းက ချည်ထိုးလုံးဝမသင်ချင်ဘူး။ စိတ်လည်းမ၀င်စားဘူး။ ဒါပေမယ့် အဲ့လို မိဘမဲ့ဂေဟာကို လုပ်ဖို့ဆုံး ဖြတ်လိုက်တဲ့ အချိန်ကစပြီးတော့ ပါးလုံး မြင်မြင်သမျှ သင်ယူချင်စိတ်ပေါက်လာတယ်။

အဲ့တော့ ပါးလုံးချည်ထိုးလည်းသင်တယ်။ အားကစားဆိုလည်း ရသလောက် လေ့လာတယ်။ လုပ်တယ်။ ဘာသင်သင်လည်း ရည်မှန်းချက်ရှိတဲ့အတွက် ဘာလုပ်လုပ် အဓိပါယ် ရှိလာတယ်။ ဘာတခုခုသင်လိုက်တိုင်းလည်း ငါသူတို့ကို ပြန်သင်ပေးမယ်ဆိုတဲ့ အတွေးနဲ့ဆိုတော့ မောလို့မောမှန်းမသိတော့ဘူး။ မလုပ်ရသေးဘူး။

အဲ့အတွေးနဲ့တင် ပါးလုံးအရမ်းပျော်တယ်။ ပင်ပန်းသမျှ အမောပြေတယ်။ ဘာလို့လည်းဆိုတော့ ပါးလုံးလုပ်ချင်တဲ့ မိဘမဲ့ဂေဟာဆိုတာက ကလေးတွေကို ကျောင်းထားပြီး ထမင်းကျွေး အချိန်တန်တော့ ကြီးသွားမယ့် ဂေဟာမျိုး မဖြစ်ချင်ဘူး။

ကလေးတွေကို ဘက်စုံတော်တဲ့ ကလေးတွေဖြစ်စေချင်တယ်။ အားကစားဆိုလည်း သိရမယ်။ အင်္ဂလိပ်ဆိုလည်း ကောင်းရမယ်။ မြူးစစ်ပိုင်းလည်း နိုင်ရမယ်။ ပြီးတော့ အပင်ဆိုလည်း စိုက်တတ်ရမယ်။ အနုရော အကြမ်းရော အကုန်နိုင်ရမယ်ဗျာ။ အဲ့လိုလုပ်ချင်တယ်။

ပါးလုံးသူတို့ အားလုံးရဲ့ မိခင်ကောင်း တယောက်ဖြစ်ချင်တယ်။ သူတို့ဘာကို ၀ါသနာပါလည်းဆို တာကို သူတို့သိပြီး တကယ်ကိုကြိုးစားချင်ရမယ်။ ပါးလုံးသူတို့အကြောင်း စဉ်းစားမိရင် ပီတိဖြစ်တယ်။ ဒါတောင်တကယ်မလုပ်ရသေးပါဘူး။

ပါးလုံးတင်ထားတဲ့ ထမင်းဝိုင်းသက္ကသိုလ်ဆိုတာကို ပါးလုံးဘာလို့ဒိုင်ယာရီထဲ ကူးထားလည်းဆို တော့ ပါးလုံးသူတို့ကို တနေ့ကျရင် အဲ့အတိုင်းကျင့်ပေးဖို့ စဉ်းစားထားလို့ပါ။ ပါးလုံးအရမ်းကို သဘောကျလွန်းလို့ပါ။ အဲ့လိုကောင်းတာလေးတွေဆို ပါးလုံးကူးပြီး သိမ်းထားတယ်။ သူတို့အတွက်။ အကြံတခုခုရပြီဆိုရင်လည်း ရေးပြီးမှတ်ထားတယ်။ လုပ်ချင်တာများတော့ မေ့သွားမှာစိုးလို့။

နောက်ပြီးတော့ အဲ့လိုရည်မှန်းချက် ရှိလာကတည်းက ပါးလုံးဝိရိယတွေ ကောင်းလာတယ်။ ဧည့်သည်လာရင်တောင် အခန်းထဲကမထွက်တော့တဲ့ပါးလုံး လူတွေကိုစိတ်ဝင်စားလာတယ်။ ပြောချင်တာကတော့ အဲ့ရည်မှန်းချက်ရှိလာတဲ့ အတွက် ပါးလုံး စိတ်ဓါတ်ကျခဲတယ်။ မကျဘူး ဆိုပါတော့။

နေမကောင်းလည်း တော်ရုံဆိုမဖြစ်ဘူး။ ဖြစ်လည်းခဏပဲ။ အိမ်မှာဆို ပါးလုံးကို အဒေါ်တွေက စပြီးတော့ ဟာဂျူလီလို့ခေါ်တယ်။ သူများဘယ်လောက်ဖျားဖျား ပါးလုံးမဖျားဘူးလေ။ ဖျားလည်း ပေတေပြီးတော့ နေတာ။ အိမ်ကမသိခင်ပဲ ပျောက်သွားတယ်လေ။

ဒါပေမယ့် တနေ့တော့ ပါးလုံးကိုယ်တွေလက်တွေ အရမ်းကိုကိုက်နေတာ။ မခံနိုင်ဘူး။ ခေါင်းဆိုတာ ကကိုက်တာမှ လှုပ်မရအောင်ကိုက်တာ။ ကွဲထွက်မတတ်ပဲ။ ဒါပေမယ့် ပါးလုံးအရင်လိုပဲ ပျောက်မှာ ပါဆိုပြီးတော့ ဓါတ်ကြမ်းကုတယ်လေ။ ရေချိုးခေါင်းလျှော်တယ်။

နောက်တနေ့ကျတော့ ပါးလုံးမခံနိုင်တော့ဘူး။ ဒါပေမယ့် ပါးလုံး အိမ်ကိုမပြောဘူး။ အ၀တ်တွေလျှော်လိုက်သေးတယ်။ ပါးလုံးအဒေါ်ဟင်းချက်နေတာကို TTMY (တောက်တိုမယ်ရ) လုပ်ပေးသေးတယ်။ ဒါပေမယ့် ဆယ်နာရီလောက်ကျတော့ မခံနိုင်တော့ဘူး။ အခန်းထဲဝင်တာနဲ့ လည်းပါလေရော။

ပါးလုံးအဒေါ်က အဲ့တော့မှသိတယ်။ သူ့လောက်ပါးလုံးကို ဂရုစိုက်တာ သူပဲ အရိပ်တကြည့်ကြည့်နဲ့နော်။ ဒါပေမယ့် ပါးလုံးကလည်း ဟန်ဆောင်ကောင်းတယ်ထင်တယ်။ လုံးဝသူမရိပ်မိဘူး။ နောက်တော့ ပါးလုံးလုံးဝဟန်မဆောင်နိုင်တော့ဘူး။

အဲ့တော့ သူကမေးတယ်။ ဆေးခန်းသွားမလားတဲ့။ မသွားဘူးလို့ ဆေးသောက်ထားတယ်လို့ ပျောက်မှာပါလို့ ပြောပြီးတော့ ဒီအတိုင်းအိပ်နေလိုက်တယ်။ နောက်တော့ ဂျယ်လီစားမလားတဲ့ ပါးလုံးကဖျားရင် ဂျယ်လီစားရင် ပျောက်နေကြလေ။ သူကဂျယ်လီ အထုတ်ကြီး တထုတ်သွားဝယ်လာတယ်။

အဲ့ဒါတရက်လည်း မပျောက် နှစ်ရက်လည်းမပျောက် တော်တော်ကိုဆိုးတယ်ဗျာ။ အဲ့အချိန်ထိ လည်း ပါးလုံးစိတ်ဓါတ်မကျသေးပါဘူး။ လူတော်တော်များများကလည်း ပါးလုံးကို ဆေးခန်းသွားဖို့ပဲ ပြောနေကြတယ်။ အိမ်ကိုလာတဲ့ တီတီ့သူငယ်ချင်းကလည်း ဆေးခန်းသွားဖို့တိုက်တွန်းတယ်။

ဒါပေမယ့် ပါးလုံးက ခေါင်းမာတယ်။ မသွားချင်ဘူးလေ။ နောက်တော့ မရတော့ဘူး။ အခြေအနေက တော်တော်ဆိုးလာတာ။ အသက်လည်းရှုလို့မရတော့ဘူး။ မျက်နှာတွေလည်း သွေးမရှိတော့ဘူး။ အဲ့အချိန်က ပါးလုံးအလုပ်တွေအကုန်လုံးကို ဘာတခုမှ လှည့်မကြည့်နိုင်ဘူး။

အားနာပေမယ့် လူကလှုပ်လို့ကိုမရတာ။ နောက်တော့ ပါးလုံးကိုအတင်းပဲ ဆေးခန်းခေါ်သွားကြတယ်။ ပါးလုံးကိုယ်တိုင်ကလည်း မြန်မြန်ပျောက်ချင်တာလည်းပါတယ်။ ။ နောက်တော့ ဆရာမက ပါးလုံးပုံကို ကြည့်ပြီးတော့ သိပ်မစိုးရိမ်ရဘူးလို့ တွက်တယ်လေ။

ခံစားနေရတာတွေကို မေးတယ်။ အဲ့တော့မှ ဖြစ်သမျှ အကုန်ပြောပြလိုက်တယ်။ မထူးတော့ဘူးလေ။ အချိန်ကလည်း တပတ်နီးနီးဖြစ်နေပြီဆိုတော့ မြန်မြန်ပျောက်ချင်ပြီ။ ငြိမ်ငြိမ်မနေချင်တဲ့ပါးလုံး အိပ်ယာထဲမှာပဲ နေနေရတယ်ဆိုတော့ သိပ်ဘ၀င်မကျဘူးပေါ့။

ဆရာမကအဲ့တော့မှ မျက်လုံးပြူးသွားတယ်။ သေသေချာချာစစ်တော့ ခြေထောက်တွေလည်း ယောင်နေတယ်။ ငယ်ငယ်ကတည်းက ဖြစ်တဲ့ လက္ခဏာကိုလည်း မေးတယ်။ နောက်တော့ လေးဘက်နာဖြစ်နေတယ်။

အသက်ကလည်း ရှုမရဘူးဆိုတော့ နှလုံးကိုလည်း စမ်းတယ်။ သူမျက်လုံးပိုပြူးသွားတယ်။ နှလုံးရောဂါတဲ့။ တော်တော်ကိုဆိုးတယ်တဲ့။ နှလုံးက ရပ်သွားလိုက် ပြီးမှ တချက်ပြန်ခုန်လိုက်။ ဖြစ်နေတယ်တဲ့။ နှလုံးနားက ကြွက်သားတွေကလည်း ရောင်နေတယ်တဲ့ နှလုံးထဲကိုလည်း ရေ၀င်နေတယ်တဲ့။

အဲ့ဒါနောက်တော့ ဆူလည်းဆူတယ်။ ရောဂါကို မွေးထားတယ်တဲ့။ အဒေါ်က ပါးလုံးကို အဲ့လိုနှလုံးရောဂါဆိုတော့ သူကငိုပါလေရော။ ပါးလုံးက ဆရာမအဲ့လိုပြောတဲ့ အထိ စိတ်ဓါတ်မကျသေးဘူး။ တီတီ့ကိုတောင် အားပေးလိုက်သေးတယ်။

ပြီးတော့ ပါးလုံးဆေးတွေလည်း အများကြီး သောက်ရတယ်။ ဆေးတွေလည်း အများကြီးထိုးရတယ်။ တင်ပါးဆိုတာ နာလွန်းလို့ မထိုင် နိုင်ဘူး။ လမ်းဖြည်းဖြည်း လျှောက်တာတောင်မောတယ်။

အဲ့တော့ ပါးလုံးကလည်း အိပ်ယာထဲမှာပဲ နေနေရတယ်လေ။ စာလည်းဖတ်မ ရဘူး။ ဆေးတွေသောက်ရလွန်းလို့ မျက်စိကလည်း လုံးဝကို မမြင်ရတာ။ စာဖတ်တာက တစ် ကြောင်းလောက်ဖတ်ပြီးရင် စာလုံးတွေကို မမြင်ရတော့ဘူး။

အဲ့တော့ လုပ်စရာလည်းမရှိ အိပ်တဲ့အလုပ်ပဲ။ စားလည်းမစားချင်ဘူးလေ။ ဒါပေမယ့် မစားလည်း မရဘူး။ ဆေးတွေဒဏ်ကိုခံနိုင်ဖို့ စားရတယ်။ အဲ့တော့ ပါးလုံးအဲ့လိုဖြစ်တာက ၂လကျော်ကျော် လောက်က အိပ်ယာထဲမှာလေ ဆေးပဲသောက်နေရတယ်။

ဒီကြားထဲ ဗိုက်က အောင့်တာ ဘာထည့်ထည့်မရဘူး ရေကလွဲပြီးကျန်တာထည့် မရဘူး။ နာတာ အနာပေါ်တုတ်ကျသလိုပဲ။ အဲ့ဒါတပတ်လောက်တော့ ကျိတ်ခံသေးတယ် ဆေးတွေထပ်တိုးမှာ စိုးလို့။ တီတီကလည်း စိုးရိမ်နေတဲ့အချိန်ဆိုတော့ မပြောချင်ဘူး။

နောက်တော့မခံနိုင်မှ ဆရာဝန်မကို ပြောပြရတယ်။ အစာအိမ်ရောင်တယ်တဲ့။ တခါမှ စိတ်ဓါတ်မကျ ဖူးတဲ့ပါးလုံး အဲ့အချိန်က အရမ်းကိုစိတ်ဓါတ်ကျတယ်။ ဒေါသလည်း ထွက်တယ်။ ဘာလို့လည်းဆို တော့ အဲ့အချိန်က ပါးလုံးလို ငယ်ငယ်ရွယ်ရွယ်တွေ အရမ်းသေကြတယ်။

မထင်မှတ်ပဲ အကောင်းကြီးကနေ ဆုံးကြတာလေ။ ပါးလုံးကသေမှာကို မကြောက်ပါဘူး။ ဒါပေမယ့် ပါးလုံးကြိုးစားခဲ့သမျှ ပါးလုံးလုပ်ချင်တာ ပါးလုံးလိုချင်တာတွေ မရသေးပဲ သေမှာကိုဒေါသထွက် တာလေ။ အဲ့အချိန်က စိတ်ဓါတ်တော်တော်ကိုကျတာ။

ပြီးတော့ နော်ဝေလာခါနီးမှ ဖြစ်တာ။ ဘယ်လောက်ဆိုးလိုက်လည်းနော်။ ရည်မှန်းချက်အတွက် ကြိုးစားဖို့ လမ်းပေါ်ကိုရောက်ခါနီးမှ သေမယ်ဆိုတော့ ဒေါသထွက်တယ်။ နောက်တချက်က အဲ့မှာသေရင် ဂူကလှမှာမဟုတ်ဘူး။ သေချာတယ်။ နော်ဝေကသချိုင်းက အရမ်းလှတာ။

ဟိုမှာဆိုမလှဘူးလေ။ သချိုင်းဆို လူတိုင်းကြောက်တာ။ ဒီကသချိုင်းက အုတ်ပြားလေးတွေနဲ့ ပန်းပင်လည်း စိုက်ထားသေးတယ်။ အေးချမ်းနေရောပဲ။ ပါးလုံးဆိုဒီရောက်ပြီးတော့ စိတ်ထဲမှာ ညစ်တာနဲ့ သချိုင်းမှာ သွားသွားထိုင်တယ်။

အရမ်းကို အေးချမ်းလွန်းလို့လေ။ အဲ့တော့ အဲ့တုန်းက သေမယ်ထင်တယ်ဆိုတဲ့ အသိနဲ့ စိတ်ဓါတ်တွေ တော်တော်ကိုကျတာ။ ဘယ်လိုမှကုန်းကောက်စရာ မရှိအောင်ကျတာ။ ပြီးတော့ သေရင် ကျန်ခဲ့တဲ့သူတွေက ပူဆွေးမယ်။ ငိုမယ်။ သနားမယ်။ ဒါပဲ ပြီးပြီလေ။ နောက် တစ်နှစ်လောက်နေရင် အားလုံးက မေ့သွားကြမှာ။

ပါးလုံးအဲ့လိုအဖြစ်မခံနိုင်ဘူး။ မာသာထရီစာဆို သေသွားတာကြာပြီဖြစ်ပေမယ့် လူတိုင်းက သူ့ကိုသိကြတယ်။ သူ့နာမည်ကြားတာနဲ့ လေးစားကြတယ်။ အခုထိသူ့ကိုလူတိုင်းသိတယ်။ ပါးလုံးက အဲ့လိုမအောင်မြင်သေးပဲ မသေချင်ဘူး။ လူသိမယ်မသိဘူးဆိုတာထက် ပါးလုံးလုပ်ချင်တဲ့ ကိစ္စ သူခံစားသွားရတဲ့ ပီတိ မခံစားရသေးပဲ မသေချင်ဘူး။

ပါးလုံးက ဘာလုပ်လုပ် ဆုတောင်းပြီးမှ လုပ်တတ်တဲ့အကျင့်ရှိတယ်။ ပါးလုံးငယ်ငယ်ကတည်းက အပြင်းအထန်တောင်းတဲ့ ဆုတခုရှိတယ်။ အဲ့ဒါကတော့ သတိယတိုင်းတောင်းတာ။ “ဘုရားသခင် သမီးကိုယောက်ျားမပေးစားနဲ့နော်။ သမီးလုပ်ချင်တာမလုပ်ရမှာစိုးလို့ ”ဆိုပြီးတောင်းတာ။

ဘာဖြစ်လို့လည်းဆိုတော့ ပါးလုံးသူငယ်ချင်းတွေ ယောက်ျားရပြီး သူတို့ဘ၀က သူတို့မွေးတဲ့က လေးနဲ့ ဘဝကြီး အဆုံးသတ်သွားရတာ။ မိသားစုကိစ္စနဲ့တင် ပြီးသွားရတာ။ ပါးလုံးအဲ့ဒါမလိုချင်ဘူး။ အဲ့ဒါကြောင့် ရောင်ရန်းပြီးတောင် ယောက်ျားအရမခံနိုင်ဘူး။ ပါးလုံးလုပ်ချင်တာကို အားကြိုးမာန်တက် အချိန်ပြည့်မလုပ်ရမှာကိုကြောက်တယ်။

နေမကောင်းမဖြစ်ခင်အချိန်ထိ အဲ့ဆုကိုသာ သဲကြီးမဲကြီးတောင်းခဲ့တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်တာက ငါအသက် ၇၀ကျော်ထိနေရမယ်လို့လေ။ ဒါပေမယ့် နေမကောင်းဖြစ်တဲ့အချိန်ကျ တော့ မရဘူး။ အဲ့ယုံကြည်မှုတွေလည်း ပျောက်ကုန်တယ်။

အဲ့တော့ ဆုတခုထပ်တိုးတောင်းရတယ်။ “ဘုရားသခင် လောကမိဘမဲ့နေတဲ့ ကလေးတွေအတွက် တာဝန်ထမ်းဆောင်ချင်တယ်။ သမီးကိုအဲ့တာဝန်ပေးပါ။ သမီးကိုမခေါ်ပါနဲ့ဦး။ သမီးလုပ်ချင်တာ လုပ်ပြီးမှ ကောင်းကင်နိုင်ငံလာပါရစေ။ သမီးအခုမလာချင်သေးဘူး ” ဆိုပြီး တောင်းတာ။

မျက်ရည်ကျပြီးတော့ သတိယတိုင်းတောင်းတယ်။ အဲ့နောက်ပိုင်း ပါးလုံးကလေးတွေကို မြင်ယောင်လာ တယ်။ အမှန်ဆိုပါးလုံး ဆေးလုံးဝမကြိုက်ဘူး။ မသောက်ချင်ဘူး။ အမြဲလွှင့်ပစ်တာ။ ဆေးသောက် ခါနီးဆို အဖေက ငါ့ရှေ့မှာသောက်ဆိုပြီး ပြောနေကြ။ ဒါပေမယ့် ပါးလုံး သူများပြောစရာမလိုပဲ များလွန်းတဲ့ ဆေးတွေကို အကုန်သောက်တယ်။

ပါးလုံးအဒေါ်က ပါးလုံးကို အစားပုံမှန်မစားတဲ့ အတွက် အမြဲဆူရတယ်။ အဲ့နောက်ပိုင်းတော့ ပါးလုံးမစားချင်လည်း အစားတွေကိုစားတယ်။ နောက်ဆုံး သုံးလလောက်နေတော့ ပါးလုံးတော် တော်လေးကို ကောင်းလာတယ်။ အရင်ဆို လမ်းတောင်ဖြည်းဖြည်းလျှောက်၇တာ။ အခုဆိုပါးလုံး ဘတ်စကတ်ဘောလုံး တောင် ကစားလို့ရပြီ။

ဒါကြောင့် ပါးလုံးရည်မှန်းချက်ကို အကောင်အထည်ဖော်ရင်း ကျနေတဲ့စိတ်ဓါတ်ကို ပြန်တင်ရင်း အားအင်တွေ ပြန်ပြည့်လာပါတယ်။ ပါးလုံးနောက်မဆုတ်ပဲ ဆက်လက်အကောင်အထည် ဖော်နေပါတယ်။ ပါးလုံး သေတဲ့အထိ အဲ့အတွက် ပါးလုံးအသက်ရှင်သွားချင်ပါတယ်။ ပါးလုံး အောင်မြင်မယ်လို့လည်း ယုံကြည်ပါတယ်။

ဒါကတော့ ပါးလုံးကျခဲ့ဖူးတဲ့ စိတ်ဓါတ်ကို ပြန်ကောက်တင်ခဲ့တဲ့ အကြောင်းအရာလေးပါ။

အားလုံးအားလုံးအပေါ် ဘုရားသခင်ကောင်းချီးပေးပါစေ။ ခင်မင်လေးစားကျေးဇူးတင်လျှက် ညီမလေး ပါးလုံး

23 comments:

ဝေမင်း said...

နံပါတ်(၁)....လိုချင်နေတာကြာပြီ။ အခုမှရလို့  အခုပဲယူလိုက်...ဟိဟီ..။ စိတ်ဓါတ်လေးကို အရမ်းလေးစားပါတယ်ညီမလေးရေ...ရည်မှန်းချက်တွေ အကောင်ထည်ဖော်ရင်း..အောင်မြင်ပါစေလို့  ဆုတောင်းပေးလိုက်ပါတယ်ညီမလေးရေ..။

ကောင်းကင်ပြာ said...

စာကိုသေချာဖတ်နေလို့ နောက်ကျသွားရတယ် ပါလုံးလေး၊ ဆန္ဒတွေ အားလုံး အမြန်ပြည့်နိုင်ပါစေ၊ ကျန်းမာရေးလဲ ဂရုစိုက်ပါ:)

Unknown said...

ပါးလုံးရေ
လူတိုင်းလူတိုင်းတချိန်မဟုတ်တချိန်တော့စိတ်ဓါတ်ကျခဲ့ဘူးပါတယ်၊အဲလိုဖြစ်တဲ့အချိန်မှာကိုယ်ရဲ့စိတ်ဓါတ်ကိုယုံကြည်မှုပေါ်မှာပြန်တည်ဆောက်ပြီးတည်တ
်ညိမ်အောင်ထိမ်းသိမ်းရပါတယ်၊တခုသတိပြုရမှာကလုတိုင်းကကိုယ်ဖြစ်စေခြင်သလိုဖြစ်မှာမဟုတ်ပါဘူး၊လူုတိုင်းအပေါ်မှာကောင်းတဲ့စိတ်လေးထားတာဝမ်းသာစရာပါ၊အတုယူစရာလူတွေကိုအတုယူ့်တာကောင်းတဲ့အလုပ်ပါ၊အား
ပေးနေပါတယ်။

thawzin said...

သူတော်ကောင်းစိတ်ဓါတ်လေးကို လေးစားပါတယ်... မျှော်လင့်ထားတဲ့အတိုင်းပဲ မာသာထရီစာ ဆိုတဲ့ ပုဂ္ဂိုလ်လိုပဲ ပရဟိတ အကျိုး တွေ ထမ်းရွက်နိုင်ပါစေ... ပရဟိတ ဆိုတာ ကျွန်တော်တို့ ဘာသာ အယူမှာတော့ ပါရမီ ထိုက်ပါတယ်..., မျှော်လင့်ခြင်းကင်းသော ပေးဆပ်မှုတိုင်းဟာ ပါရမီထိုက်ပါတယ်..., မျှော်လင့်ချက်တွေ ထားနေရင်တော့ ပါရမီမထိုက်ပါဘူး။ ကုသိုလ်ဆိုတဲ့ ကောင်းကျိုးပေးမယ့် ကံတရား အရာမြောက်သွားပါတယ်.., ပါးလုံးနဲ့ ဘာသာမတူတော့ တခြားဘာသာရဲ့ အယူလေးတွေ အနည်းငယ်သိရတာပေါ့.., ပါရမီဆိုတာ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေသာ လုပ်နိုင်သော ပရဟိတ လုပ်ငန်းတစ်ခုပါ။
ပါးလုံးဘုရားသခင် ပါးလုံးအပေါ် ကောင်းချီးပေးပါစေ

ဧရာဝတီသား said...

ပါးလုံးရေ အင်တာနက် account ကုန်နေလို့ မရောက်ဖြစ်တာတောင်ကြာသွားပြီ။ အခုမှတ၀ကြီး လာဖတ်သွားတယ်။ အကိုလည်း အကြီးအကျယ် စိတ်ဓါတ်ကျခဲ့ဖူးပါတယ်။ ကျနေတဲ့စိတ်ဓါတ်ကို ရအောင်ပြန်အားတင်းနိုင်ခဲ့တာ ကိုလေးစားပါတယ် ညီမလေးရေ။
ရည်မှန်းချက်တွေ ပြည့်ဝပါစေ။

သားကြီး said...

လဲနေရင်ပြန်ထ ဒါလူ့သဘာဝပဲ
စိတ်ဓါတ်တော့မကျလိုက်လေနဲ့
လှလှပပညီမရဲ့စိတ်ကူးလေး အကောင်အထည်ဖေါ်ရမယ်
အသက်၇၀ဆိုတာနည်းတယ် ညီမလေးမှာအများအတွက်လုပ်စရာ
အများကြီးရှိသေးတယ် နှစ်ပေါင်း၁၂၀လောက်အသက်ရှည်လိုက်ပါ
ညီမဆန္ဒကိုဘုရားသခင်သိတယ်
ကိုယ့်ကိုကိုယ်ယုံကြည်မှုတစ်ခုသာမွေးထားပါ
ဒါပဲနော်ညီမလေး :)

Sein Lyan Tun said...

ကျခဲ့ဖူးတဲ့ စိတ်လေးကို ညီမနဲ့ အတူ အကိုကြီးကောက်သွားပေးပါတယ်..

ပြီးတော့ နေသားတကျ ပြန်လည်ထားပေးခဲ့တယ်...

ယုံကြည်မှုတစ်ခုပေါ့...

ဘာလုပ်လုပ် ငါလုပ်ရင် ဖြစ်ကိုဖြစ်တယ်ဆိုတဲ့ စိတ်ကလေးထားပေါ့..

အကိုကြီးလဲ စိတ်ဓာတ်ခဏခဏ ကျဖူးတယ်...အောက်ဆုံးထိရောက်တယ်...

ဒါပေမယ့် အရှုံးပေးတဲ့ ထဲမှာတော့မပါဘူး

ညီမလေး အဆင်ပြေ ပျော်ရွင်ပါစေ

စိတ်ချမ်းသာပါစေ

ချစ်ခင်စွာဖြင့်

ကိုကြီး ဖိုးစိန်

Ree Noe Mann said...

ညီမလေး ဒါ ဘုရားသခင်ရဲ့ ကျေးဇူးတော်ပဲ
ဘုရားသခင်ကို ဆုတောင်းရင်း ကျေးဇူးလည်းတင်ပါ။
မာသာပါးလုံးလေးနဲ့ ခင်မင်ခွင့်ရတာ ဂုဏ်ယူနေပါတယ်။

ချစ်ကိုကြီး
ရီနို

yaewoori said...

ဪ~~~~ အသိစိတ်ဓာတ် ခြင်းကွာပ

ငါတော့မိုက် တုံး ဟာ
ွဂုဏ် ယူပါတယ် စိတ်ဓာတ်လေးကို

ပြီထာဝရ ဘုရား ရဲ့ အရိပ်အောက်
ကောင်းခြီးတွေပြည်. ဝပါစေ

မေဇင် said...

စိတ်ကူးကောင်းလေးပဲ...နောင့် လဲ မာသာထရီစာ ကိုသဘောကျတယ်..ဒါပေမယ့် ပါးလုံး လောက် စိတ်ဓာတ်မရှိဘူးပြောရမှာပေါ့နော်... သဘောကျပေမယ့် သူ့လို မိဘမဲ့ ဂေဟာ တည်ဆောက်မယ် ဘာမယ် တစ်ခါမှ စိတ်မကူးဖူးဘူး...တတ်နိုင်သလောက်လေးပဲ ကူညီသွားမယ် ပဲရှိတယ်... ပါးလုံး စာကိုဖတ်ပြီး ကိုယ့်စိတ်ဓာတ်ကို ကိုယ် ရှက်တောင် ရှက်မိပါရဲ့....း).. ပါးလုံး ဆန္ဒတွေ ပြည့်ဝ ပါစေ..။

တလနွန် said...

ညီမလေး ပါးလုံးရေ လာဖတ်သွားပြီး။ စိတ်ဓါတ်ကျရာကနေ ပြန်ကြိုးစားနေ
တာကိုတော့ ဝမ်းသာပါတယ်။ ရှေ့ ဆက်ပြီး ပရဟိတ လုပ်ငန်းတွေ အများကြီး လုပ်နိုင်ပါစေလို့  ဆုတောင်းပေးပါတယ်

ခင်မင်ခြင်းနှင့်
တလနွန်

မြစ်ကျိုးအင်း said...

မာသာ လိုတပုံစံထဲဖြစ်ရမယ်ဆိုတဲ့စိတ်ကိုမထားစေချင်ပါဘူး
အခုရောက်နေတဲ့အရွယ် ရောက်နေတဲ့နေရာ မှာ ပါတ်ဝန်းကျင်ကို ဖေးမမယ် ကူညီမယ် ကိုယ့်ပါတ်ဝန်းကျင်ကို ပျော်ရွှင်စေချင်တဲ့ ရည်ရွယ် ချက်ကိုထားစေချင်တယ်...တောင်တလုံးထက်တလုံး ပိုပြီးမြင့်နိင် ပါတယ်
စိတ်ကိုအရမ်းတင်းထားရင် ဖိစီးမှုတွေများပြီး အဆင်မပြေတဲ့ အချိန်မှာ
ဘာမှ မလုပ်ချင်အောင် စိတ်ဓါတ်ကျမှာစိုးလို့လေ...။
ညီမလေး ပုန်းပုန်းရေ ကျန်းမာရေးတော့ဂရုစိုက်ပါ...
ရှင်သန်ခြင်းမှာ ဖြစ်နိင်ခွင့်တွေအားလုံးရှိနေတယ်ဆိုတာ မမေ့စေချင်ဘူး...
...ခင်မင်သောအားဖြင့်...

မိုးစက်အိမ် said...

နေမကောင်းဒီလောက်ဖြစ် နေတာတောင် ဂျယ်လီက
စားသေးတယ် ဒီပလုံလေးကတော. အရိုက်ခံရတော.
မယ်...ကျန်းမာရေးကို ဂရုစိုက်ပါညီမလေး
အသက်ထက်ဘာမှ တန်ဖိုးမရှိဘူး...အသက်ရှင်
နေသမျှကာလ ပတ်လုံး ညီမလေး ဖြစ်ချင်တာတွေ
ကြိုးစားခွင်. ရှိတယ်ဆိုတာ မမေ.ပါနဲ.ညီမရေ..
အားပေးလျက်ပါ...

Han said...

ပလုံး
မြစ်ကျိုးအင်းပြောတာမှန်တယ်။ သူရဲကောင်းတွေကို ထိုင်အားကျနေတာထက်စာရင် လက်တွေ.ဘ၀မှာ တစုံတရာ လုပ်ပေးနိုင်မှုက အရေးကြီးတယ်နော့်။ စိတ်ကူးနဲ. လက်တွေ. ဆိုတာ လွန်ဆွဲကြတဲ့ အရာတွေပေါ့.

Chitpalonelay said...

သမီးကို အခုလို ပြောပြပေး အားပေးကြတာ ကျေးဇူးတင်ပါတယ်။ ပါးလုံးစိတ်ကူးယဉ်နေတာမဟုတ်ပါဘူး။ လက်တွေ့မှာပါ ဖြစ်စေရမယ်ဆိုတဲ့ ရည်ရွယ်ချက်ပါ။ ဒါတွေကိုတော့ ပါးလုံးပြောရင် ဒါဟာ မဖြစ်နိုင်ဘူးလို့ ပြောကြမှာသေချာပါတယ်။လှောင်ကောင်းလှောင်နေကြမှာ သိပါတယ်။ ပါးလုံး ဖြစ်ကိုဖြစ်ရမှာပါ။ ဖြစ်စေရမယ်ဗျာ။ လက်တွေ့ဘဝမှာပါ တစုံတရာ အကျိုးပြုရုံမကျေနပ်နိုင်တာပါ။
ခင်မင်လေးစားလျှက်
ညီမလေးပါးလုံး

Unknown said...

HEY,
IT is good nyi ma lay

phoechan said...

အင်း...
ရည်မှန်းချက်ကိုတော့ အရမ်းလေးစားသွားပြီ။
ထက်သန်တဲ့စိတ်က အရာရာကို အောင်နိုင်မှာပါ။
ပါးလုံးရည်မှန်းချက်တွေ အမြန်ဆုံး အောင်မြင်နိုင်ပါစေ။

လင်းကြယ်ဖြူ said...

ဂျယ်လီလေး...လိုရာတ္ဂေ က ပြည့်စုံလာမှာပါ....
ပျော်ရွှင်ပါစေ...

Angelhoneymoe said...

ယောက်ျား ရပါစေ....အဲဒါငြိမ်းအေးတယ် .......ဟီးးး

s said...

ညလေး အရေးအသားကောင်းတယ်၊ စိတ်ဓါတ်ကိုလည်းလေးစားတယ်၊ ကျန်းမာရေး ဂရုစိုက်နော် ကောင်မလေးး)

ကိုတိုး said...

ကျခဲ့ဘူးသောစိတ်ဓာတ်လေးကိုသေချာဖတ်နေတယ်နော်။ လူဆိုတာကတော့ လဲရာကနေပြန်ထကျတာပဲလေ အားမလျော့တော့နဲ့နော်။ ပါးလုံးရဲ့ဆန္ဒလေးတွေ အမြန်ဆုံးပြည့်ဝပါစေနော်။ လာတာနောက်ကျသွားတယ်နော်။


ခင်မင်လျက်

ကိုတိုးလေး

moekhar said...

ညီမလေး ရည်မှန်းချက် ရည်ရွယ်ချက်တွေ ပြည့်စုံပါစေနော် ..း)
ပါးလုံးလေးက တော်တယ် ..း))

Anonymous said...

ဒေါ်ကြီးပါးလုံးရေးတာ အရမ်းကောင်းပါတယ်.......... နောက်ပြီး ကျွန်တော်တစ်ခုပြောချင်တာက စိတ်ဓါတ်ကျတယ်ဆိုတာ ပြန်ပြုပြင်လို့ရသေးတယ် အဓိက က နောင်တမရမိဖို့ပါပဲ ကျွန်တော်ကတော့ နောင်တရခဲ့ရဖူးသူဆိုတော့ နောင်တရဲ့အရသာကို ကောင်းကောင်းသိတယ်.. စိတ်ဓါတ်ကို ခိုင်အောင် ၊ငါဘာအတွက်လုပ်လဲဆိုတာ၊ ငါလိုချင်တာက ငါရဲ့အခြေအနေနဲ့ ရရဲ့လားဆိုတာကို ကိုယ်က အရင်ကြိုတင်ပြီး တွေးထားသင့်တယ်.... အဲ့လိုမှမဟုတ်ဘဲ ကိုယ်က ကိုယ်ဖြစ်ချင်တာကိုပဲဦးစားပေးမယ်ဆိုရင်တော့ စိတ်ဓါတ်ကကျမှာပဲ... ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုဦးစားပေးသင့်တယ်လို့ လူကြီးတွေက ဆုံးမဖူးမှာပါ....... ဒေါ်ကြီးပါးလုံးလည်း စိတ်ဓါတ်မကျပါနဲ့ ငါဒါမဖြစ်ရင် ဒါတော့ ဖြစ်မှာပဲဆိုတဲ့ စိတ်လေးကို မွေးထားလိုက် အိုကေသွားမယ်...... ကျွန်တော်ကတော့ ကျွန်တော့်လို မဖြစ်စေချင်ဘူး..... နောင်တရတာပေါ့..... နောင်တရဖူးတဲ့သူတစ်ယောက်ကောင်းကောင်းသိမှာပါ... ကိုယ်နောင်တရသွားရင် သေချင်စိတ်တောင်ပေါက်တယ်ဆိုတာ......... လောကမှာ အရေးအကြီးဆုံးက စိတ်ဓါတ်ပါပဲ...... ကိုယ့်စိတ်ဓါတ်ကို ကိုယ်ကမှ မနိုင်ဘူးဆိုရင် တခြားသူတွေကို သွန်သင်ဆုံးမနေလို့လဲ ထိရောက်မှာမဟုတ်ပါဘူး......... ကျွန်တော်က ကြားထဲကနေ ပြီး ဆုံးမစကားပြောသွားတာပါ..... ဟီး ..... စိတ်မဆိုးနဲ့နော်....... စေတနာနဲ့ပြောတာ.......... ဒေါ်ပါးလုံးကိုတော့ မဟုတ်ပါဘူး... အားလုံးကိုရည်ရွယ်ပြီးပြောတာပါ...... ကျွန်တော်ကတော့ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးတတ်တဲ့ စိတ်လေးကို မွေးထားလိုက်ပါပြီ..... ကျေးဇူးတင်ပါတယ်ခင်ဗျာ.............

Post a Comment

အခုလို သေသေချာချာဖတ်ပြီး ကွန်မန့်လာပေးတဲ့အတွက် ကျေးဖူးအထူးပင် တင်ရှိပါကြောင်း ဖတ်ပြီးမှတော့ မန့်ပြီးမှသာ ပြန်စေချင်ကြောင်း ကောင်းသည်ဆိုးသည် ကြိုက်သလိုသာ ဝေဖန်နိုင်ကြောင်း အားလုံးပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေလို့ ဆုတောင်းရင်း ကွန်းမန့်လေးတွေဖတ်ရင်း အားမွေးနေမယ်နော်။ အဟိ။