မျက်စိမှိတ်ထားပါလျှက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည်။
အလွန်ဝေးကွာသည့် အရပ်သို့ ရောက်နေပါလျှက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားရောင်နေတတ်ပါသည်။
အခန်းကျဉ်းထဲမှာ အိပ်နေပါလျှက်
ဥယျာဉ်ထဲသို့ စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ကို ခံစားရရှိတတ်နေပြန်သည်။
သေဆုံးသည်ထိ
မှတ်မိကျွမ်းဝင်သွားစေမည့် အရာမှာ
ငါ့ချစ်သူသာ ဖြစ်၏။
မှတ်ချက်။ ။ မောင်စိန်ဝင်း ပုတီးကုန်း ရဲ့ ကဗျာလေးပေါ့။ ခံစားချက်ချင်း တိုက်ဆိုင်လို့ အလွတ်မှတ်ထားမိတဲ့ ကဗျာလေးဆိုလည်းမမှားပါဘူး။ အဲ့တုန်းက စာအုပ်တအုပ်ကနေ ဖတ်မိရင်း ခံစားမိလို့ မှတ်ထားပေမယ့် နမော်နမဲ့နိုင်တဲ့ ပါးလုံး ကဗျာခေါင်းစဉ်ကိုတော့ မမှတ်မိပါဘူး။ ကိုယ့်ဟာကို ခေါင်းစဉ်ပေးရလောက်အောင်လည်း ...........ခွင့်လွှတ်ပေးကြပါနော်။ ပါးလုံးခရီးသွားရင်လည်း လက်လွတ်စပါယ် မသွားပဲ ဗဟုသုတလေးတွေလည်း ပြန်မျှဝေနိုင်အောင် ကြိုးစားပါ့မယ်။
အားလုံးအားလုံးအပေါ် ဘုရားသခင် ကောင်းချီးပေးပါစေ
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး
17 comments:
ကိုက ကဗျာနဲ့နည်းနည်းဝေးတယ်
ဒါပေမယ့်မောင်စိန်ဝင်းကဗျာတော်တော်များများကိုတော့
ဖတ်ဖူးသလောက်ကြိုက်ပါတယ် နားလည်ခံစားဖို့လွယ်တာကြောင့်လည်းပါမှာပေါ့
ဒီတစ်ပုဒ်ကတော့ မဖတ်ဖူးသေးတဲ့အပုဒ်ပါ
ပါးလေးရဲ့ဘလော့မှာကိုနှစ်သက်ခဲ့တဲ့စာရေးဆရာတစ်ယောက်ရဲ့
ကဗျာကိုလာဖတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်
အလွန်ဝေးကွာတဲ့အရပ်ကိုရောက်နေရင်တောင်
ဘလော့ဂင်ကိုစဉ်းစားလိုက်ရင် ကိုယ့်အသံကိုကြားယောင်နေတတ်ပါလို့
မမလုံးပါး ရေ သတိရ မဟုတ်ဘူးလား ဘာလို့ သတိယ ဖြစ်နေတာလဲ ထွင်ရေးတာထင်တယ်နော် မောင်စိန်ဝင်း ပုတီးကွင်းက အလဲ့ခံစားချက်တူတယ်တဲ့လား အိုကေလေ နောက်တခါ များ လဲ ကဗျာတင်မယ် သူငယ်ချင်း များ ကိုပေးထားတဲ့ကဗျာလေး လာခံစားမယ် ဟုတ်
ဘိုင် ဘိုင် မမလုံးပါး တာ့တာ
ကဗျာလေးက ကောင်းတယ်နော်
ခံစားချက်ကဘယ်လိုတိုက်ဆိုင်တယ်တော့ မသိဘူး
ကဗျာလာဖတ်သွားပြီ ပါးလုံးရေ။ အစ်ကိုလည်း အဲဒီ့ ကဗျာမဖတ်ဖူးသေးဘူး။
တင်ပေးတာကျေးဇူးနော်။
အယ် ပလုံလေးတို.ကတော. လုပ်ပြီ ဒီကဗျာ
လေးက ကောင်းတယ် ... ဒါပေမဲ. နေမင်း
အိမ်လည်း ဒီကဗျာခုလေးတင် ဖတ်လာတယ်
ခုငါ.ညီမပလုံလေးလဲ ဒီကဗျာ ဟုတ်တော.ဟုတ်
သေးဘူး မောင်စိန်ဝင်း ဓာတ်များကျနေကြလားမသိဘူး :D :P
သေဆုံးသည်ထိ
မှတ်မိကျွမ်းဝင်သွားစေမည့် အရာမှာ
ငါ့ချစ်သူသာ ဖြစ်၏။
မှန်ပ
ပါးလုံးရေ..ကဗျာလေး လာခံစားသွားပါတယ်...
မောင်စိန်ဝင်းရဲ့ ကဗျာလေးတွေ ကောင်းတယ်.. ပါးလုံး...ခရီးကပြန်လာရင်... ဓာတ်ပုံလေးတွေ နဲ့ ဧည့်ခံနော်...
ခင်တဲ့
မေဇင်
ပါးလုံးရေ... ကဗျာလေး လာခံစားသွားကြောင်း...
လမ်းခရီး ဖြောင့်ဖြူးလို့  ပျော်ရွှင်စရာ ခရီးလေး ဖြစ်ပါစေလို့  ဆုတောင်းပေးလိုက်မယ်နော်။
ပြန်လာရင် မုန့် တွေ အများကြီး ၀ယ်လာခဲ့ပါလို့ လဲ မှာလိုက်မယ်။
ကဗျာလေးကကောင်းလိုက်တာ..
ညီမလေး ခုလိုကဗျာကောင်းလေးတွေ ဝေမျှ ပေးတဲ့အတွက်ကျေးဇူအနန္တပါနော်။
ခရီးသွားတယ်တဲ့လား ပြန်လာမှ မေးရအုံးမယ်
ခံစားချက်ချင်းတူတယ်ဆိုတာ ဘယ်အပုဒ်လဲ ဖြေပေးအုံး
ညည်းအကိုအတွက် ဘာမုန့်ဝယ်လာသလဲဆိုတာပြောအုံးနော်
ငါ့ညီမလေး ပုန်းပုန်း သွားတဲ့လမ်း ပြန်တဲ့လမ်း သာယာပါစေကွာ
ဒီကဗျာလေးသိပါတယ်လို့ မှတ်တယ်။ အမလည်းကူးထားဖူးတယ်။ ခေါင်းစဉ်တော့မမှတ်ထားမိဘူး။ မောင်စိန်ဝင်းကဗျာတွေကိုကြိုက်တယ် လေ။
ဒီကဗျာလေးကို ပထမဆုံး ဖတ်ရခြင်းပါ.....ကဗျာလေးကောင်းတယ်
ချစ်တဲ့
ဂျစ်
မရောက်တာကြာပြီ...
တကယ့်ကိုကောင်းတဲ့ကဗျာလေးပါပဲ
ပထမဆုံးအကြိမ်လာလည်ခြင်းပါ ညီမလေးရေ။
Template လေးတော်တော်လှတယ်။
ဆရာမောင်စိန်ဝင်းရဲ့ ကဗျာကောင်းလေးကို
ပြန်ဖတ်ရခြင်းအတွက် ကျေးဇူးနော်။။
အေးချမ်းပါစေ။
ခင်မင်လျှက်...ခင်မာလာအောင်..:)
ကဗျာလား.. ကောင်း၏.. မျှမျှ.. ရောက်တဲ့နေရာတိုင်းမှာ တစ်ခုခု ပြန်မျှစရာ ရအောင်ရှာလာခဲ့ ဒါဗြဲ.. :PP
Post a Comment
အခုလို သေသေချာချာဖတ်ပြီး ကွန်မန့်လာပေးတဲ့အတွက် ကျေးဖူးအထူးပင် တင်ရှိပါကြောင်း ဖတ်ပြီးမှတော့ မန့်ပြီးမှသာ ပြန်စေချင်ကြောင်း ကောင်းသည်ဆိုးသည် ကြိုက်သလိုသာ ဝေဖန်နိုင်ကြောင်း အားလုံးပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေလို့ ဆုတောင်းရင်း ကွန်းမန့်လေးတွေဖတ်ရင်း အားမွေးနေမယ်နော်။ အဟိ။