Feeds RSS

Sunday, June 21, 2009

ပါးလုံးနှင့် စီးတော်ယာဉ်များ



လိပ်ပြာဆိုတဲ့ တပုဒ်ကို ကြိုက်လွန်းလို့ မျှဝေချင်လွန်း လို့သာတင်လိုက်တာ။ တော်တော်ရှည်သွားတာကို အားတောင်နာမိပါတယ်။ အရှည်ကြီးကို စိတ်ရှည်လက်ရှည် ဖတ်ပေးကြတဲ့ အကိုအမတွေကိုလည်း ကျေးဇူးတင်ပါတယ်။

အပင်မှာပွေး လူမှာအကြွေးဆိုပြီး ကိုငချမ်းကောင် ပြောသလိုပဲ ပါးလုံးလည်း လေးလေးပင်ပင်လေး ရှိဖူးသည်ရှိအောင် ကိုလတ်တဂ်ထားတဲ့ တပုဒ်ကို မရေးသေးဘူးနော် အဟဲ။ ကုန်ကြမ်းရှာမရသေးလို့။ တောင်းပန်ထားတယ်နော်။ မကြာမှီလာမည် မျှော်ပေါ့ဗျာ။

မနက်ဖြန်ကျောင်းသွားရမယ်ဆိုပေမယ့် အိမ်စာလုံးဝမရှိဘူးဆိုပါတော့။ အချိန်ငါးမိနစ်ရရင် တောင်ငါးမိနစ် အိမ်စာပေးချင်တဲ့ဆရာမလည်း မပေးတော့ဘူး။ အဲ့ဒါလည်း ပါးလုံးလက်ချက်လေ။

ဆရာမကို အိမ်မက်မက်တယ်လို့။ အိမ်မက်ထဲမှာ ပါးလုံးတို့ ပျော်ပွဲစားထွက်တုန်း ပျော်နေတာကို ဆရာမက အိမ်စာလာပေးလို့ စိတ်တော်တော်ညစ်သွားတယ်လို့။ သူများပျော်နေတာကိုလို့ပြော လိုက်တာ။ သူလည်း တအားရယ်ပြီး အခုဆို အိမ်စာသိပ်မပေးတော့ဘူး။ အိမ်စာပေးခါနီးတိုင်း လည်းရယ်ပြီးတော့ ပါးလုံးကို ကြည့်တယ်။

အရစ်ရှည်နေတာနဲ့ လိုရင်းမရောက်တော့ဘူး။ ဒီလိုဗျ ပါးလုံး တောင်ငူမှာတုန်းက အဖေက အလုပ်က ပြန်လာပြီဆိုရင် ပြောတယ်။ နင်တို့ဆိုင်ကယ်စီးသင်တဲ့။ ပါးလုံးတို့ညီအမတွေ တယောက်မှမလှုပ်ဘူး။ စက်ဘီးကိုပဲ စိတ်ဝင်စားကြတယ်။ သင်လည်းမသင်ချင်ကြဘူး။

စက်ဘီးဆိုရင် လွယ်တယ်ဗျာ။ ပါးလုံးက ငယ်ငယ်ကတည်းက ကျောင်းသွားရင် စက်ဘီးနဲ့ လွယ်အိတ်ထဲမှာလည်း မူလီတို့ ၀က်အူလှည့်တို့ ဘောကျွတ်တို့ အကုန်ပါတယ်။ ဘာလို့လည်း ဆိုတော့ မြန်မာပြည်လမ်းက သိတဲ့အတိုင်း အရမ်းကို ချောလွန်းတော့ မူလီတွေခဏခဏပြုတ် အသံက တီးဝိုင်းဌားစရာမလိုဘူးလေ။



စက်ဘီးကို မလှရင်မလှပါစေ။ အသံတိတ်ပြီး စီးလို့ညက်နေရင် ကျေနပ်တယ်လေ။ အဲ့တော့ လမ်းမှာ မူလီချောင်လည်း ကိုယ့်ဟာကိုကြတ်လိုက်တာပဲ။ စက်ဘီးပြင်ဆိုင်မှာဆိုလည်း စက်ဘီး ထားခဲ့ပြီးဘယ်တော့မှ ပြန်မလာဘူး။ သူဘာလုပ်လည်း ဘယ်နားဘာဖြစ်လည်း ကြည့် မေးအဲ့လိုဆို တော့ စက်ဘီးက ဘာဖြစ်သလည်း အသံကြားတာနဲ့ သိတယ်ဗျာ။

အခုဆိုင်ကယ်ဆိုတာက ဘာမှသိတာလည်းမဟုတ်။ တွန်းရင်လည်း အလေးကြီး အဲ့တော့ မသင်ချင်ဘူး။ အဖေသင်ခိုင်းတော့ လိုက်တော့မစီးဖြစ်ဘူး။ ဂီယာချိန်းတာ ဘာတာလေးကို မေးထားလိုက်တယ်။ အဖေကတော့ ဒီဟာက ဘာ ဒီဟာကဘာ ပြောပြတယ်။ သွားစီးကျင့်ခိုင်းတော့ မစီးဘူးလေ။

အဲ့လိုနဲ့ တောင်ငူက ထွက်လာပြီးတော့ မစီးလို့မရတော့ဘူး။ ကျောင်းတက်လည်း အိမ်ကလိုက်ပို့ရတယ်။ အစဉ်မပြေဘူးလေ။ ကြာတော့။ ပြီးတော့ ရုံးသွားဖို့လည်း အခက်အခဲဖြစ်လာတယ်။ အဲ့ဒါနဲ့ ပါးလုံးတို့ကို ဦးလေးက ဆိုင်ကယ်စီးသင်ခိုင်းတယ်။ ဆိုင်ကယ်လည်း တယောက်တစီးလုပ်ပေး ထားတယ်။

အဲ့ဒါနဲ့ ဆိုင်ကယ်ကိုစီးသင်ပါလေရော။ အဖေပြောပြထားတဲ့ အရှိန်လေးလည်း ရှိနေလေတော့ ပါးလုံးအမက လိုက်သင်ပေးတယ်။ ပါးလုံးအမက ပါးလုံးထက်သေးတယ်။ ပါးလုံးရယ် ပါးလုံးညီအမရင်းလို ချစ်တဲ့သူငယ်ချင်း ဖောလွဲမူးရယ်။ နှစ်ယောက်လုံးကို သင်ပေးရော။ နှစ်ယောက်လုံး တဟီးဟီးနဲ့ မြင်းဟီသလိုပဲ ပျော်နေတာ။

ဘာဖြစ်လို့လည်းဆိုတော့ ဈေးသွားမယ်ဆိုလည်း ပါးလုံးတို့က သူများပါမှ။ မုန့်စားချင်လည်း သူများပါမှ အဲ့ဘ၀က လွတ်ချင်ကြပြီလေ။ အဲ့ဒါနဲ့ ပါးလုံးတို့ ပျော်ကြတာပေါ့။ သွားစီးသင်တော့ ဖောလွဲက အေးဆေးပဲ။ စီးတာအမှန်အကန် အဲ့ဒါနဲ့ မမွန်က ခြေထောက်ထောက်တာတွေရော ဘာတွေရော အကုန်သင်ပေးတယ်။

အဲ့အချိန်က ပါးလုံးနဲ့ဖောလွဲက စာကြည့်တိုက်ကို တာဝန်ယူထားတယ်။ အဲ့တော့ ရုံးကနေ ဆယ့်နှစ်နာရီဆို ဒီနေ့ပါးလုံးဆို နောက်နေ့သူပေါ့။ အစကတော့ ရုံးကတယောက်ယောက် လိုက်ပို့တယ်။ မစီးတတ်သေးဘူးလေ။ အဲ့ဒါစီးသင်ပြီးနောက်တနေ့က ပါးလုံးနေ့ဂျူတီလေ။

အဲ့တော့ လူကလည်း စီးတတ်ခါစ၊ ညနေကပဲသင်ထားတာ။ အဲ့နေ့က ပါးလုံးဦးလေးကလည်း ရုံးကို ရောက်နေတယ်။ ပါးလုံးက တဟီးဟီးနဲ့ သမီးစီးသွားမယ်လို့ လိုက်ပို့နေကျသူငယ်ချင်း ကိုတောင်မှ ငါ့ဟာငါသွားမယ်လို့ပြောလိုက်တာ။ ဦးလေးက ကြည့်လုပ်နော်တဲ့။

အေးဆေး Child Play ဆိုပြီး လစ်ရော။ အဲ့တော့ အားလုံးအိုကေတယ်ပေါ့။ မအိုကေတာက မြန်မာပြည်မှာဆို ဆိုင်ကယ်တော်တော်များများ က စတတ်နဲ့နှိုးရုံပဲ။ ဂီယာချိန်းစရာမလိုတဲ့ ဆိုင်ကယ်တွေလောက်ပဲ လက်နဲ့နှိုးတာလေ။ အခုက ကစ်နဲ့ချရတာ။ အဲ့တော့ ပြဿနာလေ။ လက်ဦးဆရာမြည်ထိုက်စွာ ဆိုသလိုပဲ။ ပါးလုံးတို့ အမကိုယ်တိုင်က ဆိုင်ကယ်နှိုးရင် အဲ့ဒီ ကစ်ကြီးကို ဆိုင်ကယ်ပေါ်တက်ပြီးမနှိုးတက်ဘူး။

အဲ့တော့ သူက အနောက်ကနေ ပတ်၊ ပြီးတော့ ပါးလုံးက အရှေ့ကနေ လီဗာကို ဆွဲပေး အဲ့လိုနှိုးတာ။ သူကကစ်ပေါ့။ အဲ့လိုနဲ့ နှိုးတာ။ သူကသင်ပေးလေတော့ ပါးလုံးတို့ စသင်ကတည်းက ဆိုင်ကယ်ပေါ်ထိုင်ပြီးမနှိုးတတ်ဘူးဗျ။ အဲ့တော့ ပါးလုံးလည်း သူများကိုနှိုးခိုင်းပြီးစီးလာပါလေရော။

အမှန်အကန် စာကြည့်တိုက်ကိုရောက်သွားတယ်။ အပြန်ကျတော့ အဲ့ကလူတယောက်ကို ပေါ်တာဆွဲပြီးတော့ နှိုးခိုင်းတယ်လေ။ သူတို့နှိုးပေးကြတယ်။ ဒါပေမယ့် လမ်းမှာရပ်သွားပါလေရော။ တွန်းလို့လည်းမရ။ စက်လည်း မနှိုးတတ်။ ဘာလုပ်လို့လုပ်ရမှန်းမသိတော့ဘူးလေ။

စီးချင်ဇောနဲ့ လစ်လာတာ ဖုန်းလည်း ကျန်ခဲ့တယ်။ ပိုက်ဆံအိတ်လည်း ပါမလာဘူး။ အိတ်ကပ်ထဲမှာလည်း တဘတ်မှကို မရှိဘူး။ အဲ့တော့ ဘာလုပ်ရတော့မလည်း။ အဲ့တော့ လမ်းမှာတွေ့တဲ့ လူတယောက်ကိုတား။ ပိုက်ဆံတဘတ်တောင်း။လမ်းဘေးဖုန်းဆီပြေး။ သူ့ကိုဆိုင်ကယ်ခဏစောင့်ခိုင်း သူခိုးကလည်း ခိုးမှာမဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ နှိုးလို့လည်းမရ တွန်းလို့လည်းမရလေ။ ခိုးပြီးရင်တောင် ထိုင်ငိုမယ်။

ကျေးဇူးတော်ပဲ။ ဖုန်းနံပါတ်တွေကို အလွတ်ရနေလေတော့ ဦးလေးကလည်း ရုံးမှာရှိနေတော့ သူ့ဖုန်းကို လမ်းဘေးဖုန်းကနေဆက်။ ပြီးတော့ လာခေါ်ခိုင်းတာ။ အဲ့ဒါရုံးကနေ လာခေါ်တယ်လေ နေပူထဲမှာ မတ်တပ်လေး။ ဦးလေးကလည်း ရုံးက တယောက်ကိုလွှတ်ပေးလိုက်တယ်။

ပြီးတော့ ပါးလုံးတွန်းမရတာက ဆိုင်ကယ်က ဂီယာဝင်နေတာလေ နောက်မှသိတာ။ စက်ရပ်သွားတာကတော့ ဆီကုန်သွားလို့။ အဲ့လိုနဲ့ ပါးလုံးတို့ဆိုင်ကယ်စစီးတယ်ဆိုပါတော့။ အဲ့ဒါနဲ့ ညနေကျတော့ ရုံးဆင်းတော့ ပါးလုံးအမရယ်၊ ဖောလွဲရယ် သူတို့နှစ်ယောက်က တစီး။ ဖောလွဲကိုမောင်းခိုင်းတယ်။

အဲ့တော့ ဖောလွဲမူးတို့ မောင်းလိုက်တာ။ လီဗာသေအောင်ဆွဲပြီးတော့ ဆိုင်ကယ်က အဲ့နားက ခြံစည်းရိုးတွေ သူများစိုက်ထားတဲ့ အပင်တွေ အကုန်လုံးကိုကျော်ဖြတ်ပြီးသကာလ ဌက်ပျော်ပင်မှာ ဆိုင်ကယ်က သွားစိုက်ပါလေရော။ ပါးလုံးအမက တက်မယ်လုပ်တုန်း သူကထွက်သွားတာ။ ပါးလုံးအမကတော့ ကျန်ခဲ့တယ်လေ။ အိတ်ကလေးနဲ့။

အဲ့တော့ ရုံးကလူကြီးတွေလည်း အုန်းခနဲ့ ဆူညံကုန်တော့ လန့်ကုန်တာပေါ့။ တော်သေးတယ် ဘာမှမဖြစ်ဘူး။ သူလည်း ဘာဖြစ်လို့ဖြစ်မှန်းမသိဖြစ်သွားရော။ အဲ့ကတည်းက သူဆိုင်ကယ်ကို မမောင်းရဲတော့ဘူး။

ပါးလုံးကတော့ မောင်းရဲတယ်။ ဒါပေမယ့် စက်မနှိုးတတ်ဘူးဗျာ။ အနောက်ကပဲ ပတ်နှိုးနှိုး အရှေ့ကပဲ နှိုးနှိုး ဘယ်လိုမှမနှိုးတတ်ဘူး။ ဖောလွဲကတော့ စက်နှိုးတဲ့နေရာမှာ ဆရာပဲ။ အဲ့တော့ နောက်ဆုံး ပါးလုံးနဲ့သူ နှစ်လွှာတရွက်ဖြစ်လာ တယ်လေ။ သူက အနောက်ကနေစက်နှိုး ပါးလုံးက အရှေ့က လီဗာကိုဆွဲပေါ့။ ပြီးတော့မှ ပါးလုံးက မောင်းပေါ့။

ဘယ်သွားသွား လူတိုင်းဝိုင်းကြည့်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ စက်နှိုးခါနီးကျရင် နှစ်ယောက်သား အရမ်းအလုပ်ရှုပ်တာလေ။ သူက ဒေါက်မြင့်ဖိနပ်ကြိုက်တယ်။ ပါးလုံးကတော့ ရိုးရိုးပဲစီးတယ်။ အဲ့တော့ ဒေါက်မြင့်နဲ့ သူစက်နှိုးလို့ ပြတ်ပေါင်းများပြီလေ။ အဲ့တော့ စက်နှိုးခါနီး သူနှိုးမယ့် ဖိနပ်တခြမ်းကို ပါးလုံးက ဌားရတယ်။

သူနှိုးပြီးရင် ဖိနပ်ပြန်လည်း တခါတလေ ပြီးလို့ဆိုင်ကယ်ပေါ်တက်ခါမှ စက်ကရပ်သွားတဲ့အခါ ရပ်သွား။ အစကပြန်နှိုး။ အဲ့တော့ လူတွေဝိုင်းကြည့်တာပေါ့ဗျာ။ နောက်တော့ ပါးလုံးစီးတဲ့ ဆိုင်ကယ်က ပါးလုံးတို့မစီးခင်က ဖရီးဒါ ဆိုတဲ့ ဆွီဒင်မကို ဌားထားတာ။

အဲ့တယောက်လည်း ကတ်စေးဘယ်လောက်နည်းလည်းဆိုရင် အလကားရတာတောင်မှ သော့ကို အပျက်ကြီးနဲ့ အဲ့တိုင်းစီးတယ်။ သော့က မရှိဘူးဗျာ။ အဲ့ဒါဘာနဲ့လှည့်လှည့်ရတယ်။ အဲ့တော့ စက်နှိုးခါနီး တယောက်ယောက်သော့ကိုဌားပြီးတော့ လှည့်တာပေါ့ဗျာ။

စက်ရပ်ခါနီးလည်း အဲ့လိုလှည့်ရတယ်။ သော့မရှိရင် ငါးဘတ်စေ့နဲ့လှည့်တယ်။ တနေ့ ဖောလွဲကနေမကောင်းလို့ ရုံးကိုတယောက်တည်းလည်းသွားရရော အသွားကတော့ အိမ်က နှိုးပေးလိုက်တယ်။

ရုံးရောက်တော့ ဥက္ကဌက အရှေ့မှာထိုင်နေတယ်။ ပါးလုံးက သော့မရှိတော့ ဆိုင်ကယ်ကို စက်ရပ်လို့မရဘူးလေ။ အဲ့ဒါရုံးထဲဝင်ပြီးသော့ရှာတာပေါ့။ ဥက္ကက ဆူပါလေရော။ အပျင်းကိုကြီးတယ်တဲ့ တခါတည်း ပိတ်ခဲ့ပါလားတဲ့။ သူက မဟာဆိုင်ကယ်ကြီးအကြောင်းမှ မသိတာကိုး။

အဲ့တော့ ပါးလုံးလည်း ပိတ်စေချင်ရင် သော့ရှာကူလို့ပြောတော့ “ ဟင်” တဲ့။ နောက်တော့ သော့တချောင်းရှာပြီးပိတ်တော့မှ သူလည်းရယ်ပါလေရော။ ညနေကျတော့ ဖောလွဲလည်း မလာတော့ သူ့အလုပ်ပါလုပ်ပေးရင်းနဲ့ အပြန်နောက်ကျတယ်။ စက်နှိုးပေးမယ့်သူ တယောက်မှ မရှိဘူးလေ။ကျန်နေတဲ့ မဟာကံထူးရှင်က ဥက္ကဌ။ အဲ့ဒါနဲ့ ဥက္ကဌကိုနှိုးခိုင်းရတော့မယ်လေ။

မနှိုးခိုင်းရင်လည်း မဖြစ်တော့ဘူး။ သူကတော့ ထိုင်ပြီးဘာတွေတွေးနေတယ်မသိဘူး။ ဆီဆိုင်ကလူတွေတောင် ပါးလုံးအကြောင်းသိပေမယ့် သူကတော့ ပါးလုံးအကြောင်းမသိဘူးလေ။ ဆီဖြည့်ပြီးတာနဲ့ သူတို့စက်နှိုးပေးလိုက်တယ်။ အဲ့တော့ ပါးလုံးလည်း တခါမှ ဟန်ဆောင်မနှိုးဖူးတာ။ သူ့အရှေ့မှာ ဒီနေ့မှ စက်ကိုနှိုးမရသလိုနဲ့ ဟန်ဆောင်နှိုးရတာပေါ့။

နောက်တော့ ဥက္ကဌ သမီးစက်နှိုးမရဘူးဆိုတော့မှ ညည်းကလည်းအေတဲ့ ရအောင်နှိုးတဲ့။ မရပါဘူးဆိုလို့ပြောတော့မှ သူကလာနှိုးပေးတယ်။ သူလည်းဘေးကပဲဗျ နှိုးပေးတာဗျ။ နောက်တော့ သူက နှိုးပေးပြီး ခြံစည်းရိုးတံခါးကြီးက မဖွင့်ရသေးတော့ ပါးလုံးက လီဗာလွှတ်လိုက်ရင် သူပြန်နှိုးပေးရမှာသိနေတော့ နောက်ဆုံးသူပဲ တံခါးပါအစစ်ဖွင့်ပေးလိုက်သေးတယ်။

ပါးလုံးနဲ့ ဆိုင်ကယ်စီးချင်တဲ့သူမှန်သမျှက အနောက်ကနေ စက်နှိုးတတ်ရတယ်ဗျ။ သူငယ်ချင်းနဲ့ လည်မယ်ဆိုလည်း သူ့ကိုနှိုးတတ်လား မေးပြီးမှ သွားတယ်။ လာခဲ့ဖို့ခေါ်တဲ့သူဆိုလည်း နှိုးပေးမလား မေးပြီးမှလစ်တယ်။ အဲ့တော့ အကိုတွေအမတွေလည်း ပါးလုံးနဲ့ ဆိုင်ကယ် စီးချင်တယ်ဆိုရင်တော့ အဟဲ စက်နှိုးတက်မှရလိမ့်မယ်နော်။

အားလုံးအားလုံးအပေါ် ဘုရားသခင်ကောင်းချီးပေးပါစေ

ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး


14 comments:

လင်းကြယ်ဖြူ said...

အစ်ကိုပြည်ကိုရောက်တုန်းကလေ..ဆိုင်ကယ်စီးဦးထုတ်မဆောင်းရင် ၁၅၀၀၀/- နောက်လူမပါပဲ ခြေနင်းတဲ့ဟာချထားမိရင် ၁၂၀၀၀/- လေပေါင်ချိန်မပြည့်ရင် လည်း ၁၅၀၀၀/-တဲ့ ကံကောင်းလို့ အဖမ်းမခံခဲ့ရတယ်..စည်းကမ်းတ္ဂေကြီးလ္ဂန်းလို့ ..တောင်ငူမှာတော့မသိနော်
အခုအပြင်ရောက်တုန်း ဟာလီဒေးဗစ်စန်တ္ဂေဘာတ္ဂေ ၀ယ်စီးပစ်ဟ..

Unknown said...

အခုတော့ ကိုယ်တိုင်နိုးတက်ပြီပေါ့.....။

ရောင်ပြန် said...

ဆိုင်ကယ် စက်နှိုးတတ်တယ်ဗျို့.. အပြင်သွားရင် လာခေါ်မယ်.. :P

Anonymous said...

ပာားပာား
ပါးလုံးလေးကတော့လေ
လာသွားမယ်ပော့ကောင်
စက်နိုးတက်တယ် အပြင်ကို
ပွာန်း

ခင်တဲ့
ကိုကြီး

ဂျပန်ကောင်လေး said...

း).. ပျော်စရာကြီး.. ဖတ်ရတာ.. ဟီး..

Anonymous said...

ဆိုင်ကယ်အကြောင်းဘာမှမသိတော့ သိပ်တော့နားမလည်ပါဘူးကွယ်,
ဒါပေမယ့်ပြီးအောင် တော့ ဖတ်မိပါရဲ့ , ဆိုင်ကယ်ကကောင်းဘူးပေါ့,
စီးတဲ့သူကိုဒုက္ခပေးရုံမက ဘေးလူတွေပါ ဒုက္ခပေးသလိုထင်ပါ့,
ဘုရားသခင်ကောင်းချီးပေးပါသည်။ ယူစေကွယ့်.... :)

သားကြီး said...

ဆိုင်ကယ်တစ်ခါတိုက်ပြီးကတည်းကအကြောက်ကြီးကြောက်
သွားတယ် ခုထိမစီးဖြစ်တော့ဘူး
တန်းပလိတ်ကိုညကကလိလိုက်တယ်linkတွေပျောက်ကုန်တယ်
ညမှပဲ ညီမလေးlinkကိုပြန်လာယူတော့မယ်
ရေးထားတာတွေဖတ်လို့ကောင်းတယ်
ဒါပဲနော် ညီမလေး....ဘိုင် :)

ကောင်းကင်ပြာ said...

လိုက်ပဲ စီးပရစေ ပါးလုံးလေးရေ၊ မမလဲ မနိုးတတ်ဘူး၊ ကားဆိုတော့ ဘာလာလာ ရတယ်၊ ဆိုင်ကယ်ကြောက်တယ်

Sein Lyan Tun said...

ကိုကြီးကတော့ ဆိုင်ကယ်ကိုသဘောကျတယ်


ငယ်ငယ်တုန်းက ညီအနောက်ကနေလိုက်စီးတဲ့ ပြုတ်ကျကျန်ခဲ့တဲ့ အမေ့အဖြစ်ကိုတောင်သတိရမိသေးတယ် ပါးလုံးလေးရေ...

ကိုကြီးနက်မကောင်းဘူး

ဒါကြောင့်အိမ်လည်နောက်ကျတာပါ

ချစ်ခင်စွာဖြင့်

ဖိုးစိန်

Anonymous said...

ဆိုင်ကယ်စီးဖို့ ဖိနပ်လဲနေကြတဲ့ သူ ၂ ယောက် မျက်စိထဲ ပြေးမြင်လာတယ် ... ဖိနပ်လဲလိုက် ဆိုင်ကယ်ကို ရှေ့က ပတ်လိုက် .. နောက်ကပတ်လိုက် ... စက်နိုးသွားတော့ ဖိနပ်ပြန်လာလဲလိုက် ... ဟော စက်က ရပ်သွားပြန်ပြီ :D လုံးချာကိုလိုက်နေမှာပဲ .... ဟဟ .. ပါးလုံးနောက်က ဆိုင်ကယ်လိုက်စီးဖို့တော့ အတတ်ပညာ တစ်ခုလိုပြီ :D
နေဒေးသစ်။

ဖိုးဂျယ် said...

အကိုလဲ နောက်ကနေ လက်လွှတ်စီးတတ်တယ်
ဟီး ၀င်နောက်တာပါ ပါးလုံးနဲ့ ဆိုငကယ်စီးချင်ရင်
နောက်ကနေ စက်နှိုးတတ်ရမယ် ဆိုပါတော့း)

mgnge said...

ကိုယ့်ဘာသာ ပဲစီးတော့မယ် တော်ပြီ..
ရှုပ်နေတာပဲ :P

မိုးခါး said...

ညလေး
အမလည်း စက်နှိုးအရင်သင်ပြီးမှ လိုက်စီးတော့မယ်နော် :D

မိုးစက်အိမ် said...

ပလုံလေးရေ အကိုတော. နင်နဲ. လိုက်မစီးတော.
ဘူး...ဒီလောက်ဆို ငါ.ညီမ စကေး ကိုသိသွားပြီ... :P

Post a Comment

အခုလို သေသေချာချာဖတ်ပြီး ကွန်မန့်လာပေးတဲ့အတွက် ကျေးဖူးအထူးပင် တင်ရှိပါကြောင်း ဖတ်ပြီးမှတော့ မန့်ပြီးမှသာ ပြန်စေချင်ကြောင်း ကောင်းသည်ဆိုးသည် ကြိုက်သလိုသာ ဝေဖန်နိုင်ကြောင်း အားလုံးပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေလို့ ဆုတောင်းရင်း ကွန်းမန့်လေးတွေဖတ်ရင်း အားမွေးနေမယ်နော်။ အဟိ။