Feeds RSS

Friday, June 26, 2009

ရာဇ၀င်များနဲ့ ပါးလုံး(၁)

ပါးလုံးဆိုတဲ့ အမျိုးက ငြိမ်ငြိမ် လုံးဝမနေတတ်ပါဘူး။ တကယ် တခုမဟုတ် တခုကို လုပ်နေရမှ။ ပြီးတော့ အိမ်ပွနေရင် မနေတတ်ဘူး။ ထမင်းဟင်းချက် မီးပူတိုက်ကတော့ လုံးဝကို မလုပ်ချင်တာ။ ငြိမ်ငြိမ်လုပ်ရတဲ့ အလုပ်မလို့လေ။ အဲ့ဒီ ထဲကမှ မှတ်မှတ်ရရလေး နည်းနည်းလောက်ကို ပြောပြပါဦးမယ်။

အိမ်မှာ အဖေက တယူသန်ဗျာ သူက တခုခုဆို ဟောင်းနေပါစေ။ သုံးချင်တုန်းဗျာ။ အဲ့လိုဆိုတော့ အိမ်ပွရင် မနေတတ်တဲ့ ပါးလုံးနဲ့ တွေ့ကြပြီပေါ့ဗျာ။ ပါးလုံးအိမ်ရှင်းပြီဆိုရင် အကုန်လွှင့်ပစ်တာဗျ။ သူက သူ့အမှတ်အ သားနဲ့ သူထားတာဆိုပဲ။

အဲ့ဒီတုန်းကဗျာ မှတ်မှတ်ရရ သူ့ခြင်ထောင် အစုတ်ကြီးဗျာ ဘယ်လောက်လျှော်လျှော် အရောင်မထွက်တော့ တဲ့ခြင်ထောင်၊ ဒီကြားထဲ လျှော်လွန်းလို့ ကျုံ့ဝင်နေတာ တဖြည်းဖြည်းသေးလာတာ သူ့ခြေထောက်တောင် မလွတ်တော့ဘူး။

ခြင်ထောင် အမိုးကလည်း နှခေါင်းနဲ့ထိတော့မယ်။ အဲ့တော့ အဖေရေ အသစ်ရှိတယ်။ အဲ့ဒါထောင်ပါပြော တယ်။ ပြောတာ ပါးစပ်လည်း နားရွက်တက်ချိတ်တော့မယ်။ ဒီအဖေက ပါးလုံးရယ်ပဲ။ ပါးလုံးလည်း တော်တော်အမြင် ကတ်နေတာ အဲ့ခြင်ထောင်ကြီးကို။



အဲ့တော့ ပြောပါများတော့ အဖေက သူ့သမီးအကြောင်းသိတယ်။ အိမ်မှာဘယ်သူမှလည်းမရှိရော အဖေက အပြင်ထွက်ခါနီး ပါးလုံးနင် မဟုတ်ကဟုတ်က ဘာမှမလုပ်ထားနဲ့နော်တဲ့ အိမ်မှာလေ။ အဲ့တော့ ဘာမှတော့ ပြန်မပြောလိုက်ဘူး။ အဖေထွက်သွားတာ သေချာတာနဲ့ အဲ့ခြင်ထောင်ကြီးကို ကပ်ကြေးနဲ့ ညှပ်ပစ်လိုက် တယ်လေ။

အဖေက ပြန်လာတော့ မသိသေးဘူး ညကျမှ ပါးလုံးငါ့ခြင်ထောင်ရောတဲ့ အဲ့မှာလို့ ဆိုတော့ အသစ်ထုတ် ပေးထားတယ်။ ဟိုခြင်ထောင်တဲ့။ သူ့အစုတ်ကြီးကိုလေ။ ကတ်ကြေးနဲ့ ညှပ်ပစ်လိုက်ပြီလို့ ပြောတော့မှ အ ဖေလည်း ဘာပြောရမှန်းမသိတော့ဘူး။ နင်ကတော့လေတဲ့။

အရင်ကတော့ အိမ်က အရမ်းပြောတယ်။ နင်ကလေ ဒီဟာမလုပ်နဲ့ပြောရင် ဒီတခုကိုတော့ မလုပ်တော့ပါဘူး။ ဒါပေမယ့် ဟိုဟာလုပ်တယ်။ ဟိုဟာမလုပ် နဲ့ပြောရင် ဟိုးနောက်တခုလုပ်တယ်တဲ့ အိမ် မှာအမြဲပြောနေကျ။ နောက်တော့ သူတို့မပြောနိုင်တော့ဘူးဗျ။ အဲ့တော့ ဟယ်ပါးလုံးရယ်ပေါ့ ထုံးစံအတိုင်း။

အိမ်မှာ ထိုင်နေရင် ပါးလုံးတို့ထိုင်ရင် ရိုးရိုးမထိုင်ဘူး။ မျက်စိက ဘယ်နားပွနေလည်း လိုက်ကြည့်နေတာ။ အဲ့တော့ အိမ်ကဧည့်ခန်းထဲမှာ ခင်းထားတဲ့ ကော်ဇောကြီးလေ အဲ့ဒါကြီးက နည်းနည်းထွက်နေတယ်လေ။

အဲ့ဒါအဖေ့ကို အဖေလို့ ကော်ဇောကြီးက ရှည်နေတယ်နော်လို့ ဒီလောက်ဆိုအတော်ပဲဆိုတော့ အဖေက ပါးလုံးနင်နော်တဲ့။ သိနေတယ်လေ အဖေက။ ဘာလုပ်မယ်ဆိုတာကို။

အဲ့ဒါနဲ့ ပါးလုံးဘာမှမပြောဘူးလေ။ ထုံးစံအတိုင်း အိမ်မှာလူမရှိတဲ့အချိန်ကျမှ အဲ့ကော်ဇောကြီးကို ကပ် ကြေးနဲ့ အတိညှပ်ပစ်လိုက်တာပေါ့။ အဖေပြန်လာတော့ ဟယ် ပါးလုံး နင်တော့နော်။ ငါမပြောချင်တော့ဘူး။ တဲ့ နောက်ဆုံးသူလည်း ထပ်မပြောနိုင်တော့ဘူး။

အဲ့တော့ အိမ်မှာ ညှပ်စရာတွေလည်းမရှိ ဘာမှကိုလုပ်စရာမရှိတော့တာ ပြီးတော့ အဲ့အချိန်က အင်္ဂလိပ်စာကို အရူးအမူး မဟုတ်သေးတော့ အားနေတယ်ပေါ့ဗျာ။ ပါးလုံးတို့အိမ်မျက်စောင်း ထိုးလောက်မှာ အခင်း သေးသေးလေး တခင်းရှိတယ်ဗျာ။ သူကရေစင်နဲ့လည်း နီးတယ်။

အဲ့အခင်းကို လုပ်နေတဲ့ လူကြီးက သူကဈေးလည်းရောင်းတယ်။ အစုံပတ်ရောင်းတာ။ မိသားစုများတော့ အလုပ်တော်တော်လုပ်တယ်ဗျာ။ အဲ့တလောက သူကဈေးအရမ်းရောင်းနေရတော့ သူ့ခြံ ကြီးကို ပစ်ထားတယ်။ ဆက်မလုပ်တော့ မြက်ခင်းကြီးပေါ့ဗျာ။ အဲ့ဒီအခင်းကြီးကို ပါးလုံးက မျက်စိကျနေတာလေ။ အားနေလို့။

အဲ့လူကြီးနဲ့လည်းခင်တယ်။ ပါးလုံးကိုကတော့ မသိတဲ့သူမရှိသလောက်ပါ။ အဖေ့ကိုတောင် လူတွေက အဖေ နာမည်ကိုသာမသိရင်မသိမယ်။ ပါးလုံးတို့အဖေဆို သိတယ်။ တခုခုဆို ပါးလုံးတို့အဖေလေဆိုတာ မျိုး။ ဦးဇင်းတော်တော်များများဆိုလည်း ပါးလုံးကိုခင်ကြတယ်။ မုန့်စားရတယ်ဗျ ဦးဇင်းတွေနဲ့ခင်တာက။

ဦးဇင်းတွေနဲ့လည်း စနောက်နေတော့ အိမ်ကပြောတယ်။ နင်နောက်တာ ဦးဇင်းတွေတော့ ချမ်းသာပေးလိုက် ပါပါးလုံးရယ်တဲ့။ ဒါနဲ့ပဲ လိုရင်းမရောက်တော့ အရစ်က ရှည်နေတာ။ အဟိ။ အဲ့ဒီခြံကို စိုက်တဲ့လူကြီးနဲ့ ခင်တာကလည်း သူကဈေးရောင်းရင် အရှေ့က အော် ပါးလုံးက အနောက်က လိုက်ပြတ်တယ်လေ။

အဲ့တော့ ပါးလုံးတို့အိမ်ရှေ့ရောက်ရင် သူက ကြည့်သေးတယ်။ ပါးစပ်ဟပြီး ပါးလုံးမရှိမှထအော်တာလေ။ သူကလည်း အော်ရင် ကာရံနဘေနဲ့ဗျ။ အဲ့တော့ စနောက်နေတော့ ခင်တယ်ဗျာ။ အဲ့လိုနဲ့ သူ့ကိုပြောတာပေါ့ ဦးချစ်ဖေ အဲ့ဒီ ခြံကိုမလုပ်ရင် သမီးကိုပေးဆိုတော့ သူက တူမကြီးနင်ဘာလုပ်မလို့လည်းတဲ့။

အပင်စိုက်မယ်လို့ပြောတော့။ တကယ်လုပ်မယ်ဆို ယူတဲ့။ ပါးလုံးက အပင်စိုက်တာ ၀ါသနာပါတယ်။ အပင် လေးတွေ စိမ်းနေရင် အရမ်းပျော်တာပဲလေ။ အဲ့တော့ အိုကေ ကျေးဇူးဆိုပြီးတော့ သူ့ဆီက မျိုးစေ့လည်း ပေးသေးတယ်။

အဲ့ဒါနဲ့ လုပ်ငန်းစမယ်ပေါ့ မနက်စောစောထပြီးတော့ပေါ့။ အိမ်ကတော့ ပါးလုံး နင်ဘာလုပ်ပြန်ပြီလည်းပေါ့။ ထုံးစံအတိုင်း။ အဖေကတော့ နေပါစေတဲ့။ ပေါက်တူးနဲ့ ဓါးကိုလည်း သေသေချာချာ ပြင်ထားတယ်ဗျာ။ အဲ့ လိုလုပ်ချင်တာများ လုပ်ရမယ်ဆိုရင် ပါးလုံးတို့ ၀ိရိယကောင်းသလား မမေးနဲ့။

အိမ်ကတော့ ပြီးမှ လာမညီးနဲ့တဲ့။ တကယ်ဟုတ်မဟုတ် စောင့်ကြည့်လိုက်မယ်ဆိုပဲ။ အဲ့ဒါနဲ့ မနက်ကျတော့ ၄ခွဲထတယ်ဗျာ။ မျက်နှာသစ်တာဘာတာနဲ့ ၅နာရီထိုးသွားတယ်။ ပြီးတော့ ဆောင်းတွင်းကြီးဗျာ။ အရမ်း အေးသလို မနက်ခင်းက မှောင်တယ်ဗျာ။

ပြီးတော့ ပါးလုံးတို့ အိမ်ရှေ့မှာနေတာက အကိုတွေ သူတို့က ပါးလုံးကို ညီမလေးအရင်းလိုပဲ ချစ်ကြတယ်။ ပါးလုံးကို သူတို့လည်း စောင့်ကြည့်နေကြတယ်။ ဒီပါးလုံးတယောက် ဘာလုပ်မလည်းဆိုပြီးတော့လေ။ သူတို့လည်း နိုင်မှမနိုင်ပဲ။ အဲ့တော့ ပြောမရတော့ စောင့်ကြည့်နေကြတယ်လေ။

ဒါပေမယ့် အဲ့ဒီမနက်ဆိုတာက ဘယ်သူမှမထချင်ဘူးလေ။ ဆောင်းတွင်းဆိုတော့ ပါးလုံးကတော့ သူများထ လာတာနဲ့ ငါ့ခြံကို ဒီနေ့မြက်အားလုံးရှင်းစေရမယ်ပေါ့။ အဲ့တော့ မြက်တွေကိုရှင်းတယ်ဗျာ။ အဲ့ဒီနေ့က မြက်အားလုံး ရှင်းသွားတယ်။

နောက်တနေ့ အဲ့လိုပဲ စောစောထတယ်။ အိမ်ကလူတွေကတော့ ပထမတရက်ကတော့ သူတို့သိပ်အိပ် မပျော်ကြဘူး။ ပါးလုံးဘာဖြစ်မလည်းဆိုပြီးတော့လေ။ သူတို့နိုးတော့ တကယ်ပဲ ခြံကရှင်းနေတယ်ဆိုတော့ နောက်တနေ့တော့ သူတို့ စိတ်ချလက်ချ အိပ်ကြတယ်ဗျာ။

အိမ်ရှေ့က အကိုတွေကလည်း အလယ့် ပါးလုံးကတယ်ဟုတ်ပါလားပေါ့။ အဲ့တော့ သူတို့လည်း နှစ်နှစ်ခြိုက် ခြိုက်ကို အိပ်နေကြတာလေ။ အဲ့ဒါနဲ့ ပါးလုံးလည်း ဘောင်လုပ်တယ်။ အဲ့ဒါစိုက်ဖို့ လှလှလေးပေါ့ဗျာ။ ကိုယ့် ကိုကိုယ်သာ အလှပြင်ရမှာ ၀ါသနာမပါတာ။ မျက်စိကတော့ ကဗျာဆန်ဆန် အေးအေးချမ်းချမ်းလေး ကြိုက်တယ်ဗျ။

အဲ့တော့ အဲ့လိုလုပ်ရင်းနဲ့ အတွေးလေးနဲ့ပေါ့ဗျာ။ ပါးလုံးတို့ရပ်ကွက်ကို ရေပေးတဲ့ ပိုက်က အဲ့ဒီခြံကဖြတ်တာ ဗျ။ အဲ့ဒါသေချာရှောင်ပြီး မြေကြီးကို ပေါက်ခါမှ သေချာကို အဲ့ပိုက်ကြီးကို ပေါက်မိတယ်ဗျာ။ ပိုက်လုံးက အကြီးကြီးဗျာ။

အဲ့တော့ ဘာလုပ်ရတော့မလည်း။ အော်တာပေါ့။ အဖေရေ ဒယ်ဒီဒက်ရေ ဆိုတာက ဘယ်နှစ်ခါမှန်း မသိတော့ဘူး။ ဒယ်ဒီဒက်ဆိုတာကတော့ အဖေ့ကိုစပြီးခေါ်နေကြကနေ ခေါ်ဖြစ်သွားတာ။ အဲ့ဒါ ကယ်ကြပါကပါသေးတယ်။ အခုရေးရင်းတောင်ရယ်ချင်တယ်။ အခုမှရယ်နိုင်တာပါ အဲ့တုန်း ကတော့ ဆောင်းတွင်းကြီး ခြွေးတွေဆိုတာ တဒီးဒီးကျနေတာ။

အဲ့လိုအော်တော့ အိမ်ရှေ့အိမ်က အကိုတွေက အိပ်နေတာကနေ ပါးလုံးပေါက်တူးထိပြီ ထင်ပြီး ပုဆိုး စွန်တောင်ဆွဲပြီး ဆင်းလာကြတာလေ။ အမှန်ကပိုက်ပေါက်တာ။ အဲ့လိုအေးနေတဲ့အချိန်မှာလေ ရေတွေနဲ့ စိုရွှဲနေတဲ့ ပါးလုံးကို ကြည့်ပြီးတော့ သူတို့ ဘာလုပ်ရမှန်းမသိဘူး။

အဲ့ဒါနောက်တော့ ရေကဒလဟောကျလာတာ။ အဲ့ဒိရေတွေက ရက်ကွက်နှစ်ဟိုးအောက်ထိ စီးတာလေ။ ရေတွေကြီးသလားမှတ်ရတယ်လေ။ ရပ်ကွက်လူကြီး အိမ်ရှေ့ကို ရေကရောက်နေပြီဗျ။ အဲ့တော့ အိမ်ရှေ့ ကအကိုတွေက ပိုက်ကို ကျွတ်ကျွတ်အိတ်နဲ့ လတ်တလော ပိတ်ကြတယ်။

အဲ့တော့ ပါးလုံးလည်း ချက်ချင်းပဲ သတိယလိုက်တယ်။ ကရင်ရွာကလူတွေက အဲ့ဒီပိုက်တွေ ကိုပြင်တာလေ။ အဲ့တော့ အဲ့ဒါပါးလုံးတို့အိမ်ကိုလာနေကြ ဦးစိုးမိုးဆိုတာက ကရင်ပဲ။ သူ့အိမ်ကို တချိုးတည်းပြေးတာပေါ့။ သူ့ကကရင်ရွာက ပိုက်ပြင်တဲ့ သူနဲ့ခင်တယ်ဆိုတာ ကြားဖူးထားလို့ ပြေးပြောတာ။

သူကလည်း အဲ့အချိန်မှ အိပ်ယာက နိုးပီးည၀တ်ဘောင်းဘီကြီးနဲ့ အပြင်ကို ထွက်ထိုင်တုန်း သန်းနေတုန်းကို အတင်းဆွဲပြီးတော့ ဦးအခုသွားပေး အခုသွားပေးဆိုပြီး စက်ဗိုင်းရပ်စ်ကိုက်တုန်းက တွေ့တဲ့သူတိုင်းကို ဂျီကျသလိုပေါ့ဗျာ။ ဂျီကျတာ။ သူလည်း အဲ့ဘောင်းဘီကြီးနဲ့ ချက်ချင်းကို ထွက်သွားရတယ်လေ။

သူထွက်သွားတော့ ခြံကိုပြန်ပြေးကြည့်တော့ ဟိုမှာ ဟိုအကိုတွေ အကုန်လုံး အဖေရော ရေတွေ တကိုယ် လုံးစိုရွှဲနေကြပြီလေ။ ပါးလုံးကတော်သေးတယ်လေ။ မြေပေါက်ထားတော့ ပူနေတယ်။ သူတို့က အိပ်ယာက ထလာတာလေ။

အဲ့အချိန် ရပ်ကွက်လူကြီးအသစ်ကလည်း သူကြီးဘစီဒီဇိုင်းနဲ့ သူကတော့ ခြောက်လုံးပြူးမဟုတ်ဘူး။ တုတ် တချောင်းနဲ့ ဗိုက်ကြီးရှေ့ပစ်ပီးတော့ ရောက်လာပါလေရော။ သူပါဝင်လုပ်တော့ သူလည်းရေစိုပေါ့ဗျာ။ အဲ့နောက်ပိုင်း ပါးလုံးကို မြင်ရင် အဲ့သူကြီးက ရေပိုက်ပေါက်တဲ့ ကောင်မလေးလို့ ခေါ်တယ်။

အင်း အဲ့ရက်ကွက်လူကြီးအကြောင်းလည်း နောက်မှရေးဦးမယ်။ ပါးလုံးကြောင့် သူအလုပ်တော်တော်များ သွားပုံပေါ့။ အဲ့ဒါနဲ့ ပါးလုံးတို့ ရပ်ကွက်အောက်ပိုင်းတခုလုံး ဆောင်းတွင်းကြီး ရေကြီးကုန်တာပေါ့ဗျာ။

လူကြီး တွေလည်း ရေအကုန်စို နောက်ဆုံး အေအာစီက လာတော့မှပဲ ရေပိုက်တွေသူတို့ ဟိုးအရင်းကပိတ်ပြီးတော့ မှ ရေပိုက်တွေပြန်ဆက် အဲ့တော့မှ အစဉ်ပြေသွားတော့တယ်။ မနက် ၆ခွဲလောက်ကနေ ၁၀ခွဲသွားတယ်။

အိမ်ကအဒေါ်ကတော့ ရေပိုက်လုပ်ပေးတဲ့ လူတွေကို ရေနွေးတွေဘာတွေတိုက်ပေါ့။ ပြီးတော့ အားနာ ကြောင်းပြောပေါ့။ ရေကြီးကုန်လို့ လာမေးကြတဲ့သူတွေလည်း အိမ်မှာ အပြည့်ပဲလေ။ ဈေးနေ့ကလည်း ဖြစ်လေတော့ လူကိုစည်နေတာပဲလေ။

ဟို အတင်း လွှတ်လို့ ည၀တ်ဘောင်းဘီကြီးနဲ့ ကရင်ရွာထိသွားရတဲ့ ဦးလေးလည်း ပြန်လာတော့ ပုဆိုးနဲ့။ သူမနက်က ဘာဝတ်သွားလည်း ပါးလုံးလည်း သတိမထားမိပါဘူး။ ကိုယ့်အပူနဲ့ကိုယ်မလို့။ သူကပြောတော့မှ ပါးလုံးတို့ ရိုက်ချက်ကတော့ ပြင်းတယ်တဲ့။

ငါ့မှာ ည၀တ်ဘောင်းဘီကြီးနဲ့ ကရင်ရွာထိရောက်သွားတယ်တဲ့။ သူ့ကို ဂျီကျတော့ သူကဘာလုပ်ရမှန်းမသိ သူလည်း မေ့ပြီး ပြေးတာလေ။ အဲ့ဒါပြန်လာတော့ သူရှက်လည်းရှက်တာနဲ့ သူ့သူငယ်ချင်းပုဆိုးဌားဝတ်လာ ရတယ်တဲ့လေ။

နောက်ဆုံး အဲ့ခြံကို ပါးလုံးအိမ်ရှေ့က အကိုတွေက ပါးလုံးရယ် နင်လတ်လတ်ဆတ်ဆတ် စားချင်ရင် စားရပါစေမယ်။ ငါတို့စိုက်ပါ့မယ်။ မယ်မင်းကြီးမရယ် အိမ်မှာပဲ အေးအေးဆေးဆေးလေး နေပါတဲ့ဆိုပြီး နောက်ဆုံး ခြံစိုက်ဖို့ တခါမှစိတ်ကူးမရှိတဲ့ အိမ်ရှေ့က အကိုတွေ အားတဲ့အချိန် ဂျူတီခွဲပြီး အပင်စိုက်တဲ့ အလုပ်ရသွားတယ်လေ။

နောက်ဆုံးတော့ သူတို့ စိုက်တာကို ခန့်ခန့်ကြီးနဲ့ ဆန့်ဆန့်ကြီး စားရုံပေါ့ဗျာ။ အဟဲ။ အဲ့ဒါ ပါးလုံးနဲ့ သိတဲ့ သူမှန်းသမျှက အစပိုင်းတော့ ဝေဖန် ပြစ်တင် ပြောနိုင်တယ်။ နောက်ပိုင်းသူတို့ပဲ မောလာတာလားတော့ မသိဘူး။ ဟယ်ပါးလုံးရယ် ပဲပြောနိုင်တော့တယ်။ လုပ်လိုက်မှဖြင့် အရာရာနဲ့ အကြောင်းကြောင်းပဲမလို့လေ။

နောက်မှပဲ အဲ့လို ရာဇ၀င်များနဲ့ မဆုံးနိုင်တဲ့ ပါးလုံးအကြောင်းကို ပြောပြဦးမယ်နော်။ အခုတော့ တခန်းရပ်လိုက်ပြီနော်။

အားလုံးအားလုံးအပေါ် ဘုရားသခင်ကောင်းချီးပေးပါစေ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး



21 comments:

ကောင်းကင်ပြာ said...

ဟာကွာ နို့မို့ဆို ပါးလုံးစိုက်တာ စားရဦးမှာ၊ ခုတော့ ရေပိုက် ပေါက်ရတယ်လို့၊ ရာဇ၀င်ပဲ

ခြေလှမ်းသစ် said...

ပါးလုံးလေးရေ လာရောက်မန့်သွားပါတယ် နံပါတ် ၁ မရ ရအောင် လိုက်နေတာ တခါမှ မရသေးဘူး

သားကြီး said...

ဟားဟား ငါ့ညီမလေးတို့ရိုက်ချက်ပြင်းတာတော့ ပုဆိုးတောင်စွန်တောင်ဆွဲရသတဲ့
လူကြီးတွေကိုတော်တော်ဒုက္ခပေးတယ်
တစ်ခုစဉ်းစားမိတယ် ..ကိုနေတဲ့အခန်းပါးလုံးမြင်ရင် အားလုံးကို မီးဖိုပစ်လိုက်မလားမသိဘူး
အခန်းကတအားရှုပ်တယ်လေ CDတွေ စာအုပ်တွေ အဝတ်တွေ ရေဘူးရော ခေါင်းလိမ်းဆီရော အရက်ပုလင်းလှလှလေးတွေပါ အားလုံးအားလုံးကြမ်းပြင်မှာ :P ပါးလုံးနဲ့ခပ်ဝေးဝေးမှာ နေရတာ ဘုရားသခင်မတာပဲ :P

mikozan said...

ပလုံး ပလုံး
စာစီကုံး
ဖတ်ထဲသူတွေတပြုံးပြုံး

god bless u

လင်းကြယ်ဖြူ said...

တော်တော်ကို သတိထားနေရမယ့်ပုံပဲနော...
ဘာပဲပြောပြော ဖတ်လို့ကောင်းတယ်...ညီမရေ

phoechan said...

တော်သေးတယ်။ အသိစောလို့။ နောက်ဆိုပါးလုံးမြင်တာနဲ့ အိမ်တခါး ပိတ်ထားရမယ်။ မဟုတ်ရင် မျက်စိရှုပ်တယ်ဆိုပြီး အကုန်ဖျက်ဆီးပစ်လို့ စည်းစိမ်ပါ ပြုပ်သွားနိုင်တယ်။ အခုတောင် အိမ်သူကြီးက မြူနီစပယ်အမှုက်ပုံနဲ့ တူတယ်ဆိုပြီး မျက်စောင်းတခဲခဲနဲ့ရယ်။ ပြောမရတဲ့အဆုံး နေချင်သလိုနေ အခန်းတခါးတော့ မဖွင့်နဲ့တဲ့။ ဧည့်သည်လာရင် သူသိက္ခာကျတယ်တဲ့လေ။ အခုတော့ ရန်သူတစ်ယောက် တိုးပြီ။ အိမ်သူကြီးသာ ပါးလုံးဘလော့ဝင်ဖတ်မိလို့ကတော့ ဒီကောင်ကြီးတော့ ဘဝပျက်ပြီ။

တောင်ပေါ်သား said...

အသေအချာဖတ်ပြီး ကောမန့်လေး ပေးသွားပါတယ် ပါးလုံးလေးရေ.. ဒီလိုပဲ တခါတလေတော့ အတိတ်ကဟာလေးတွေ တွေးပြီး ပြန်ပျော်ရွှင်နေကြရတာပါပဲ.. ပြန်ပြီး ဖြစ်ချင်နေကြမှာပဲနော့်.. တော်တော် ကြိုးစားတဲ့ ညီမလေးပဲ


လေးစားလျက်
တောင်ပေါ်သား

Angelhoneymoe said...

ရေပိုက်ပေါက်လို့  ..မျက်လုံးလေး တလည်လည်နဲ့ ပုံကို မျက်စိထဲပုံဖော်ကြည့်မယ် ... အင်း ဒီလိုလေးနေမှာ ဟီးးးးးးး

ဝါးရုံပင်ကြားညပ်နေတဲ့ ဇီးကွက်လေးလိုနေမှာ ... ဟီးဟီးးးးးး

Anonymous said...

ခြွေး မဟုတ်ဘူး ချွေးဒီးဒီးကျတယ် လုပ်ပါဟယ်

ဂျပန်ကောင်လေး said...

နောက်ဆက်လာမယ့် အကြောင်းတွေကို မျှော်လင့်လျက်နော်.. ပါးလုံး..း)

မိုးခါး said...

ဟဟဟ
နောက်ဆက်ရန်တွေ မျှော်နေမယ်ပါးလုံးရေ :D

ဆည်းဆာသံစဉ် said...

ဟာ...ရှော့ရှိတယ်ဟ...သူနဲ့ တွေ့ တဲ့လူတွေတိုင်းတောင် ပုဆိုးစွန်တောင်ဆွဲရတယ် ဆိုပါလား..လွယ်ဝူးဟ...:P။ စာဖတ်ရင်းနည်းနည်းတော့ ပေါက်လိုက်တယ်။ မစိုက်ချင်လို့  အိမ်ရှေ့က အကိုတွေကို ပညာနဲ့ အလုပ်ပေးလိုက်တာမှတ်လား။ အင်း..ရပ်ကွက်လူကြီး အကြောင်းလေး စောင့်ဖတ်နေမယ်နော်။ အားပေးခင်မင်လျှက်ပါ...ညီမလေးရေ။။။

htet said...

ပါးလုံးရေ.....
အဲတုန်းက ညအိပ်ဘောင်းဘီကြီးလဲ ပါးလုံးလိုပဲ မျက်စိနောက်လို့ အစ်မလက်ချက်နဲ့ကတ်ကြေးစာမိသွားပြီ....အဲတုန်းကရေပိုက်ပေါက်တဲ့အချိန်နင့်အစ်ကိုကဘာလုပ်နေတယ်ထင်လဲ...
ဟဲဟဲ တောစီးကရက်.....သိချင်ရင်တိုးတိုးလေပြေပြမယ်......ညဘက်ရေပိုက်ပြုတ်တဲ့အကြောင်းကော ရေးဦးမလို့လား..
မထက်

Anonymous said...

မထက်ရေ ရေးမယ်စဉ်းစားထားတယ်။ ဦးစိုးမိုးကြီး ရေပိုက်ပေါက်တာလေ။ အဟီး။ အဲ့ဒါလည်း ဦးစိုးမိုး မသိသေးတဲ့ တော့စီးကရက်ရှိတယ်။ သမီးအဲ့ဒါ ထည့်ရေး ဦးမယ်။ မထက်ရေ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

ဂျစ် said...

ညီမလေးရေ..
ဖတ်လို့ကောင်းတယ်...ဝေးးးးးးး
ဂျစ်လိုပဲ လုပ်လိုက်မှဖြင့် အရာရာနဲ့အကြောင်းကြောင်း.......
ဆက်ရန်ကို စောင့်မျှော်နေတယ်...နော်

ချစ်တဲ့
ဂျစ်

Anonymous said...

ဂျစ်တူး မလေး
ပာားပာား
တော်တော်ဆိုးတာပဲနော်။ ဒါပေမယ့်လည်း အိမ်လေးကတော့
စိုပြေနေမှာပါပဲ။ ဆည်းလည်းလေးလိုပဲပေါ့။

ခင်တဲ့
ကိုကြီး

မြစ်ကျိုးအင်း said...

ဆက်မလုပ်ချင်လို့ရေပိုက်ကို ခွဲလိုက်မှန်းသိပါတယ်....။
ဟယ်ပုန်းပုန်းရယ် ဆက်ရေးပါအုံး။။။။

Sein Lyan Tun said...

ပါးလုံးလေးရေ...


ညီမလေးဘယ်နေ့မွေးတယ်ဆိုတော့သိချင်သွားပြီးကွာ...


တူလွန်းလို့

ကောဇော်ကိစ္စ အိမ်ရှင်းလို့မထင်ရင်လွှင့်ပြစ်တဲ့ကိစ္စ ခြင်ထောင်ကိစ္စ

တိုက်တိုက်ဆိုင်ဆိုင်ဗျားးး

ဒီပိုစ့်လေးကို အဖေနဲ့အမေကိုဖတ်ပြတော့ သဘောကျပြီး ဒုတိယဖိုးစိန်ဘာလားဆိုပြီး ရယ်နေကြတယ်...

ကဲမွေးနေ့ကိုတိုးတိုးလေးလာပြောပေတော့....

ချစ်ခင်စွာဖြင့်
ကိုကြီးဖိုးစိန်

ဇော် said...

ပလုံးရဲ့ရာဇ၀င်ကတော့
လန်းတယ်ကွာ။ ကြိုက်သွားပြီ။ ဟဲဟဲ။ =P

အိုက်ခီလောက် said...

တော်ပြီ တော်ပြီ တွေ့ ရင် လိုက်ထိန်းရမယ့်လူဆိုရင်တော့ ဝေးဝေးကကြိုရှောင်ထားပြီ ဂျစ်ညီမ ထက်ဆိုးတဲ့ ပလုံးပဲ သောင်းကျန်းလိုက်တာ စုံနေတာပဲ ဘေးလူပါထိခိုက်တယ်
ပါးလိမ်ဆွဲတာ ကိုမကျေနပ်ပဲ လိုက်ပြီးဒုက္ခပေးနေမှ ဟုတ်ပေါ့ဖြစ်နေမယ် :D
ကဲကဲဂျယ်လီတစ်ထုတ်နဲ့ ခေါင်းခေါက်ပြီးပြန်တော့မယ်

မိုးစက်အိမ် said...

ပါးလုံးတို.ကတော. ပေါက်
ကရလုပ်ရမယ် ဆိုရင်ဘယ်လူမှမနေရဘူး
ဝေ. အစ်ကိုတောင် ဖျားချင် လာပြီ :D :P

Post a Comment

အခုလို သေသေချာချာဖတ်ပြီး ကွန်မန့်လာပေးတဲ့အတွက် ကျေးဖူးအထူးပင် တင်ရှိပါကြောင်း ဖတ်ပြီးမှတော့ မန့်ပြီးမှသာ ပြန်စေချင်ကြောင်း ကောင်းသည်ဆိုးသည် ကြိုက်သလိုသာ ဝေဖန်နိုင်ကြောင်း အားလုံးပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေလို့ ဆုတောင်းရင်း ကွန်းမန့်လေးတွေဖတ်ရင်း အားမွေးနေမယ်နော်။ အဟိ။