Feeds RSS

Sunday, June 7, 2009

ကိုယ့်ရှူးကိုယ်ပတ်


အင်း ဒီစကားပုံကို ဒီအပတ်ပဲ ပူပူနွေးနွေးလေး ခံစားလိုက်ရလို့ ပါးလုံးစာမေးပွဲမပြီးသေးပေမယ့် ရေးမယ်ဆိုပြီး ရေးဖြစ်တာ။ ရေးချင်တာတွေများပေမယ့် အခုတလော အဆင်မပြေမှုတွေ များ လွန်းလို့ ဘာပြောရမှန်းတောင်မသိတော့ပါဘူး။

လာနောက်နေတဲ့ ကွန်ပျူတာကြီးကိုလည်း ဘာမှမပြောချင်တော့ပါဘူး။ အရမ်းအရေးကြီးတဲ့ စာမေးပွဲကို တရက်လို မှထပြောတဲ့ ဆရာမကို ဘာမှမပြောချင်တော့ပါဘူး။ ပြောချင်တာကတော့ ကွန်ပျူတာကို ရသလောက် လုပ်ပေးတဲ့ ကိုမီကိုဇံကြီးကို စပါရှယ် ကျေးဇူးတင်ကြောင်းပါ။

ဒီလိုဗျ။ ပြောမှာတောင် ဘယ်ရောက်သွားလည်းမသိဘူး။ ကျောင်းမှာ စာမေးပွဲမဖြေခင် တရက်က ပေါ့ ဆရာမက စာမေးပွဲရှိတယ်ပြောတော့ ပါးလုံးတို့ စိတ်ညစ်ကြတယ်လေ။ နောက် နှစ်ပတ်မှလို့ ပြောလို့ အားလုံးက အေးအေးဆေးဆေး နေနေကြတာကိုး။

ပါးလုံးတို့အခန်းက စာသင်တဲ့အချိန် တိတ်သလောက် နားတဲ့အချိန် တော်တော်ကို ဟေးလားဝါး လားနဲ့ နောက်ကြတယ်။ ပျော်ကြတယ်။ အစကတော့ အဲ့လိုမရှိကြဘူးဗျ။ ပါးလုံးက ကျောင်ကို ရောက်တာ တပတ်နောက်ကျတယ်။

အမှန်ဆိုရင်တော့ အတိအကျရောက်တာ။ ရောက်ရောက်ချင်းက ခရီးကလည်းပမ်း လူကလည်း လျှောက်သွားချင်သေး။ အထာလည်းမကျသေးလို့ မတက်သေးပဲ တပတ်နားလိုက်တာ။ နောက်ကျ သွားတယ်ဆိုပါတော့။ အဲ့တော့ သူငယ်ချင်းတွေထဲမှာ အသစ်လိုဖြစ်နေတာပေါ့။


ရောက်စက ပါးလုံးတို့အခန်းထဲမှာ နားချိန်ဆိုရင် သူတို့ပါတဲ့မုန့်လေးကို ထိုင်စား နားထဲကိုနားကြတ် တတ်ပြီး ဒီအတိုင်းနေကြတာ။ ပြီးတော့ သူတို့ယဉ်ကျေးမှုက "စားဦးလေ"လို့မပြောဘူး။ ကိုယ့်ဟာကို စားကြတာ။ ဟန်ဆောင်ပြီးတောင်မပြောဘူး။

အဲ့ဒါအိမ်ရောက်တော့ အဖေ့ကိုပြောပြတယ်လေ။ အဖေလို့ သူတို့ကသူတို့ဟာသူတို့ နေတာ စားဦးလေဆိုပြီးလည်း အားနာတာမရှိဘူးလို့။ အဲ့ဒါကောင်းတယ်။ နားအေးတယ်လို့ပြောတော့ အဖေက အဲ့လိုမလုပ်ရဘူးတဲ့။ အာရှယဉ်ကျေးမှုက ဖော်ဖော်ရွေရွေနဲ့ ၀ိုင်းလုပ် ၀ိုင်းစားတဲ့။ အဲ့ဒါကို သူတို့သိအောင် လုပ်ပေးရမယ်တဲ့။

နောက်တော့ အဖေကပဲပင်ပေါက်ဖောက်တယ်။ ကျောင်းကဂျပန်မလေးကိုလည်း ပေးတဲ့။ သူတို့ ဂျပန်တွေရဲ့ရိုးရာအစားအစာတိုင်းမှာ ပဲပင်ပေါက်ပါတယ်ဆိုတော့ သူ့ကိုပေးတာပေါ့နော် နောက် ထိုင်းမကိုလည်းပေးတယ်။ အာရှသားအချင်းချင်း အဲ့ဒါမျိုးလုပ်တော့ သူတို့ကတအံ့တသြ ကြည့်ကြ တယ်။

နောက်တော့ သူတို့ကိုလည်း ပဲပင်ပေါက်ကြော်သွားပြီး မြည်းခိုင်းတာ။ သူတို့ကြိုက်ကြတယ်လေ။ ဟင်းချက်နည်းပါသင်လိုက်သေးတယ်။ နောက်တော့ သူတို့ကိုပါ ပေးတယ်လေ။ ပြီးတော့ အာရှ ဆိုင်ရောက်တယ်ဆိုရင် ပါးလုံးသူတို့အတွက် အာရှကလာတဲ့မုန့်တွေ ၀ယ်လာကျွေးတယ်။ အဲ့တော့ အစက အံ့သြတယ်။

နောက်တော့ သူတို့ပါ အဲ့လိုမုန့်လေးတွေလုပ်လာကြတယ်။ ပါးလုံးကတော့ အစားရဆုံးပေါ့ဗျာ။ အခန်းထဲမှာ အငယ်ဆုံး အသေးဆုံးဆိုပြီး ဦးစားပေးအခံရဆုံးလေ။ အဲ့ဒါအရေးမကြီးဘူး ကြာရင် ပီပါပိုင်းပြတ်ဖြစ်တော့မယ်။ အဟဲ။ တယောက်နဲ့တယောက် ကျွေးကြ။ ကူညီကြ နဲ့တဖြည်းဖြည်း အခန်းထဲမှာ ပျော်ဖို့ကောင်းလာတယ်။

ညနေဆိုချိန်းပြီး ကစားကြ။ လျှောက်သွားကြ။ ကြာလာတော့ တယောက်ကိုတယောက် အနွံတာလည်း ခံလာကြတယ်။ အခုဆို ဇွန်းတချောင်းတည်းကိုလည်း ၀ိုင်းစားကြတာပဲ။ အဲ့တော့ တခြားအခန်းနဲ့မတူတော့ဘူး ဖြစ်လာတယ်။ ဒီမှာ ဗမာလည်းမရှိဘူးဆိုတော့ ယဉ်ကျေးမှု မတူတာကို ဒီလိုညှိပြီး ပျော်အောင်နေရတာပေါ့ဗျာ။

နောက်တခုက ပါးလုံးတို့ ဗမာတွေရဲ့ ယဉ်ကျေးမှုလေးကို သူတို့လက်ခံလာတဲ့အတွက် ပျော်တယ်ပေါ့ဗျာ။ အခုဆို သူတို့ယဉ်ကျေးမှုလိုတောင် အခန်းထဲမှာ ဖြစ်လာတယ်။ သူတို့ရဲ့ကောင်းတဲ့ယဉ်ကျေးမှုလေးတွေလည်းရှိပါတယ်။

လမ်းကူးလို့ကတော့ ပါးလုံးတို့ဆီမှာ ဇွတ်ကူးရင် အဆဲခံရမယ်သာမှတ်။ ဒီမှာကတော့ ကိုယ်ကူးမယ့်အနေအထားမြင်တာနဲ့ ချက်ချင်းရပ်ပေးတယ်။ သူတို့မရပ်မိပဲ အရှိန်လွန်မောင်းမိရင် ချက်ချင်းခေါင်းလေးငြိမ့်ပြီး လှမ်းတောင်းပန်တယ်။ ၀ါသနာပါလို့ ကပြီးလမ်းကူးရင်တောင် သူတို့အပြုံးမပျက် ရပ်စောင့်တယ်။ အဲ့ဒါလေးကိုတော့ သဘောကျတယ်ဗျာ။

အဲ့ဒါနဲ့ လိုရင်းကိုတောင်မေ့တော့မယ်။ ဖြစ်ပုံကဒီလိုဗျ။ ပါးလုံးတို့အခန်းက အင်္ဂလိပ်လိုပြောတာများ တယ်။ တခြားအတန်းတွေက နော်ဝေလိုပဲပြောကြတယ်။ ပါးလုံးတို့ဆရာမကလည်း နော်ဝေလိုပဲ ရှင်းတယ်။ အဲ့ဒါအခန်းထဲမှာ မသိရင်အင်္ဂလိပ်လို တိုးတိုးလေး တယောက်ကို တယောက်ရှင်းပြ ကြတယ်။ ဆရာမမသိအောင်။

အဲ့နေ့က ပါးလုံးကပြောတယ်။တယ်။ ဆရာမကို စာမေးပွဲ မဖြေချင်သေးဘူးလို့ နောက်အပတ်မှ ဖြေမယ်လို့ ဈေးစစ်တာ။ သူကနော်ဝေလိုပဲ ပလွတ်ပလပ်ပြောသွားတော့ နောက်အပတ်မှလိုလို ဒီအပတ်လိုလို နဲ့ ရောနေပါလေရော။ အဲ့ဒါနဲ့ အိုစမန်ကလည်း နောက်အပတ်ထင်ပြီး နားချိန်မှာ လေတချွန်ချွန်နဲ့ အပြင်ထွက်သွားရော။ အိုစမန်ဆိုတာက ဆိုမားလီးယားကလာတာ။

အဲ့ဒါခမီးလာက စိတ်ဆိုးတယ်။ ခမီးလာဆိုတာကတော့ ပါးလုံးအချစ်ဆုံးသူငယ်ချင်း အတွဲဆုံးပေါ့ နော်။ ရိုမေးနီးယားမလေး။ သူကငါမနက်ဖြန်ကျောင်းမတက်ဘူးတဲ့။ ရာသီဥတုကလည်း မကောင်း ဘူးတဲ့။ ပြေးမယ်တဲ့။ အဲ့တော့ မိုနီကာက အေးတဲ့ ငါတို့အကုန်မလာရင် ဒီဆရာမ ဘာတတ်နိုင်လည်းတဲ့။ အကုန်ပြေးမယ်တဲ့ ပြောရော။ မိုနီကာကတော့ ဂျာမဏီသူပေါ့။

အဲ့ဒါပါးလုံးကိုညှိတယ်။ ပါးလုံးက ငါတော့လာမယ်လို့ ပြောလိုက်တယ်။ အဲ့အချိန်အိုစမာကြီးက ၀င်လာပါလေရော။ သူကပြောတယ် ဘာတွေပြောနေလည်းတဲ့။ ငါတို့မနက်ဖြန် အော်လီစွန်းမြို့ ကိုသွားမလို့ပေါ့။ အော်လီစွန်းဆိုတာကတော့ ပါးလုံးတို့မြို့ကနေ လေးဆယ့်ငါးမိနစ် ကားစီးရ တယ်။

ဘာလို့လည်းတဲ့ ငါတို့မနက်ဖြန်စာမေးပွဲမဖြေချင်လို့လို့။ သူကစာမေးပွဲမရှိဘူးမဟုတ်လားတဲ့။ အဲ့ဒါနဲ့ ပါးလုံးတို့ သူ့ကိုဝိုင်းကြတ်ကြတာ။ မော်နီကာရဲ့ ကားနဲ့သွားမယ်လို့ ။မနက်ဖြန် ခမီးလာတို့အိမ်ေ၇ှ့မှာဆုံမယ်လို့ အားလုံးကိုညှိထားပြီးကြောင်း ပြောတာပေါ့။ အမှန်က အရေးကြီးတဲ့ စာမေးပွဲမို့လို့ အားလုံးလာကြမှာ။

သူကနင်တို့ကလည်းတဲ့ ဆိုပြီး မျက်လုံးကအရောင်တောက်လာရော။ သူ့ကို အေးနင်စဉ်းစားပေါ့ လို့ ငါတို့လျှောက်သွားမှာလို့ နင်ဆုံးဖြတ်ပြီးရင် ကိုးနာရီမှာ ဆုံကြမယ်လို့ပြောတာပေါ့။ သူကအေးတဲ့။ အဲ့ဒါနဲ့ အဲ့အတိုင်းထားလိုက်တာလေ။

နောက်နေ့ကျတော့ ပါးလုံးတို့ ကျောင်းရောက်တော့ စာရလားဘာညာမေးတာပေါ့။ ပါးလုံးက စာမေးပွဲဆို ဘယ်တော့မဆို စာကိုတညလုံးနီးနီးထိုင်လုပ်တတ်တဲ့ အကျင့်ရှိတယ်။ ပိုဆိုးတာက ဒီစာမေးပွဲက နီဗာဝမ်းအားလုံးဖြေရမယ့်ပွဲ။ အဲ့တော့ စာအုပ်ပုံကိုထိုင်ကြည့်ပြီး တလုံးမှမလုပ်ပဲ အဲ့ညက အိပ်လိုက်တာ။

မနက်မှ အရမ်းခက်တဲ့ဟာတွေကို ရွေးကြည့်သွားတာ။ အဲ့ဒါနဲ့ သူတို့မေးတော့ ငါတော့ မအိပ်စဖူး အိပ်ရေးတော်တော်ဝတယ်လို့ ညကလို့ပြောလိုက်တယ်။ သူတို့ကိုမေးတော့ အခန်းတခါမှမရှင်းတဲ့ မီရှယ်က ငါကတော့ ညကအခန်းရှင်းတယ်တဲ့။ မီရှယ်ဆိုတာက အာဂျင်တီးနားက ဂေါ်လီလေ။ လျှာမှာလည်း အပေါက်တွေနဲ့ တကိုယ်လုံးလည်း ဆေးမှင်ကြောင်နဲ့။ နားမှာလည်း အပေါက်သတ်သတ်ပဲ။
စာသင်ရင်လည်း ပုံထိုင်ဆွဲနေတာ။ သူကဘယ်တော့မှ စာမေးပွဲမဖြေဘူး။ ခပ်တည်တည်ပဲ ထိုင်နေတာ။

အေးဆေးပဲသူကတော့။ အဲ့ဒါဒီတခေါက်လည်း မဖြေဘူးတဲ့။ ပြောရော။ ခမီးလာကလည်း ငါလည်း အိမ်ကိုကြမ်းတွေဘာတွေတိုက်တယ်တဲ့ စာမကြည့်ခဲ့ဘူးတဲ့။ မော်နီကာကတော့ ငါကတော့ ကြည့် တယ်ဒါပေမယ့် မရဘူးတဲ့။

ပါးလုံးက စောသေးလို့ ထိုင်ပွားကြတယ်လေ။ စာမကြည့်ပဲ။ အဲ့ဒါကို စာမေးပွဲဖြေတဲ့အချိန် ရောက် လာတာတောင် အိုစမန်က မလာဘူးလေ။ ဆရာမကလည်း သူ့ကိုစောင့်တယ် ငါးမိနစ် ပြီးတော့ ပါး လုံးတို့အခန်းမှာ ဖြေရတာမဟုတ်ဘူး။ ဟောထဲသွားဖြေရတာ။ တခြားအတန်းက သူတွေနဲ့။

အဲ့တော့ အိုစမန် အခန်းမှားနေမှာစိုးလို့ ဆရာမကလည်း စိတ်ပူနေတယ်။ နောက်တော့ စာမေးပွဲ စဖြေပါလေရော။ မေးခွန်းက ဖြေခဲ့သမျှထဲမှာ အလွယ်ဆုံးပဲ။ ဒါပေမယ့် အားလုံးမပျော်နိုင်ဘူးလေ။ မနေ့ကကြတ်ထားတာ။ သူစာမေးပွဲမလာဖြေတာ ပါးလုံးတို့ကို စောင့်နေတာနေမှာပေါ့ဆိုပြီးတော့ လေ စိတ်မကောင်းဖြစ်နေကြတာ။

တယောက်မျက်နှာတယောက်ကြည့်ပြီး စာမေးပွဲသာဖြေတာ ဖီးကမလာဘူး။ တကယ်ပါပဲ။ အိုစမန်ကလည်း ပေါ်မလာဘူးလေ။ ကိုးခွဲတဲ့အထိ။ အဲ့ဒါနောက်ခွဲပြီး ငါးမိနစ်မှ ပြာယာပြာယာနဲ့ ၀င်လာတယ်။ အဲ့တော့ စီဒီကနားထောင်ပြီး ဖြေရတာလည်းပါလေတော့ သူကနောက်ကျတော့ သူ့ကိုအခန်းသေးတခန်းထဲမှာ ဖြေရတာပေါ့ သူကချွေးတလုံးလုံးနဲ့ဗျာ။

သူ့ကိုကြည့်ပြီး အားလုံးက စိတ်မကောင်းဖြစ်ကြတယ်လေ။ အဲ့လိုနဲ့ စာမေးပွဲလည်းပြီးရော ဒင်းက ဒီနေ့ဖြေရတာ အရမ်းကို လွယ်တယ်ဆိုပဲ။ အဲ့ဒါနဲ့ အားလုံးက အိုစမန် နင်ငါတို့ကိုစောင့်နေတာလားပေါ့။ ငါတို့စတာ လွန်သွားတယ်ပေါ့။ ပြောတော့ သူကဘာလည်းဟင်တဲ့ သူမေ့နေပုံရတယ်။

အဲ့ဒါနဲ့ နင်ငါ့တို့ကိုစောင့်နေလို့ စာမေးပွဲနောက်ကျတာ မဟုတ်လားဆိုတော့ သူကအော်ရယ်ပါ လေရော။ ဘယ်ဟုတ်မလည်း သူက အိပ်ယာထနောက်ကျပြီးတော့ လွယ်အိတ်တောင်မယူနိုင်ပဲ ကျောင်းကိုရောက်လာတာ။

ပါးလုံးတို့အားလုံး အော်ပဲငိုရမလား အော်ပဲရယ်ရမလား မသိတော့ဘူး။ အဲ့တော့ကိုယ်စထားတာ လွန်သွားတယ်အထင်နဲ့ စိတ်ပူပြီး လွယ်လွန်းတဲ့ စာမေးပွဲကို ပျော်ပျော်မဖြေလိုက်ရတာ တကယ်တော့ ပါးလုံးတို့ အားလုံး ဒီအိုစမန် နဲ့မှပဲ ကိုယ့်ရှူးကိုယ်ပတ်တော့တယ်ဗျာ။ အဟုတ်ပါပဲ။

အားလုံးအားလုံးအပေါ် ဘုရားသခင် ကောင်းချီးပေးပါစေ။
ခင်မင်လေးစားလျှက်
ညီမလေးပါးလုံး





18 comments:

မေလေး said...

ညီမငယ်လေးပါးလုံး
မမလာဖတ်သွားတယ်နော်..........ဘယ်နေရာဘဲရောက်ရောက် ဖော်ဖော် ရွေ ရွေ ပွင့်ပွင့်လင်းလင်း ဆက်ဆံတာ ကောင်းတယ် ညီမလေးရဲ့ တနေ့ကိုယ် စေတနာတွေ နားလည်လာလိမ့်မယ်..လူမျိုးဘာသာ ဘယ်လောက်ခြားခြား ကိုယ့်ကို အလေးထား တန်ဖိုးထား ဆက်ဆံတာ လူတိုင်း သဘောကျတတ်ကြတယ်...
မမကညီမလေးကိုချစ်လို့ပြောတာနော်
စိတ်မဆိုးရဘူး
မမဆီလာလို့မရဘူးဆိုလို့
လိပ်စာချန်ခဲ့တယ်နော်
ညီမလေးပျော်ရွှင်ပါစေ
မမမေလေး

ဂျပန်ကောင်လေး said...

ဟဲလို ပါးလုံးရေ.. ပြီးပလားစာမေးပွဲ..း)... tayasaion@gmail.com ပါဗျာ.. ကျနော့်အီးမေ်းလ်က...

Anonymous said...

ပါးလုံးရေ .. ကိုယ့်ယဉ်ကျေးမှုကို သူတို့ဆီပါ ကူးစက်သွားအောင် လုပ်နိုင်ခဲ့တယ် ဆိုတော့ ညီမလေး တော်လိုက်တာ .. တစ်ဦးမေတ္တာ တစ်ဦးမှာတဲ့ ... ဒီ့ထက်ပိုပြီး တိုင်းတစ်ပါးသားတွေ ခြားမှာ ပျော်ရွှင်နိုင်ပါစေ ..

တောင်ပေါ်သား said...

အလည်လာ ပိုစ့်ကောင်းလေး ဖတ်သွားတယ် ၀မ်းသာပါတယ် အစဉ် ဆောင်ရွှက်နိုင်ပါစေ..

လေးစားလျက်
တောင်ပေါ်သား

ဇော် said...

=)
ပြုံး၏
ကောင်း၏
ကြိုက်၏
ထို့ကြောင့် မန့်၏
ထို့နောက် ပြန်ပြီ။ ဟီးဟီး

( တက်ဂ် ထားတယ် ကလေးမ။ အိမ်ကို ကြွခဲ့ဦး။ ငှဲငှဲ )

မိုးစက်အိမ် said...

အိုစမာန် မို.ဘဲ ပါးလုံလေးရေ အိုစမာဘင်
လာဒင်ဆိုလို.ကတော. ငါ.ညီမတော.
ပြေးပေါက်မှားပြီ...:P

လင်းကြယ်ဖြူ said...

နောက်လာမည့်စာမေးပ္ဂဲတ္ဂေကိုလေည်းကောင်းကောင်းဖြေနိုင်ပါစေခင်ဗျ.
ဝေစားမျှစား စိတ်ကကောင်းပါတယ်..တစ်စုံတစ်ခုကလ္ဂဲရင်ပေါ့လေ..ဟဲ..ဟဲ..

ဝသန်မိုး said...

ပါးလုံးလေး ပျောက်နေပါလားလို့  ထင်နေတာ
တော်သေးတယ်
အခုမှပဲပြန်ပေါ်လာတော့တယ်
ပါးလုံးသူငယ်ချင်းတွေအကြောင်းဖတ်သွားတယ်
အိုစမန် ဆိုလို့  အိုစမာနဲ့ အမျိုးတော်လားဟင်
မဆီမဆိုင် မေးခွန်းထုတ်သွားတယ်
ခင်တဲ့
ကိုဝသန်

ကောင်းကင်ပြာ said...

မမလဲလာဖတ်တယ်၊ စာလာဖတ်တာနောက်ကျရတာ ခွင့်လွှတ်ပေးပါ

အိုက်ခီလောက် said...

ပလုံးလေးက ကိုယ့်ရှုးကိုယ့်ပတ် ဆိုလို့ 
ဘယ်လိုပတ်လည်းဆိုတာလာကြည့်တာ သိလား
ရှူးရှူး ပတ် တယ်ဆိုတာ ခံရခက်လားဟင်
စိုနေမှာပေါ့ :D
ချစ်လို့ ပါးလေးထပ်လိမ်ဆွဲသွားတယ်
မနေ့ ကညာဖက် ဒီနေ့ က ဗယ်ဖက်
:P

မိုးခါး said...

အိုစမန်ကိုမှ သွားစတာကိုး :P
ပျော်ရွှင်ပါစေ ညီမလေး ပါးလုံး :D

ဆည်းဆာသံစဉ် said...

စာတွေလာဖတ်တိုင်း...အမြဲနောက်ကျနေတယ်...ညီမလေးရေ...စောတီးဂျာ.နော်..။ ဘာပဲပြောပြော ငါ့ညီမလေးတော်တယ်..သိပြီးသားနော်..။ မြှေက်ခဲ့တယ်နော်..ကော်ဖီတိုက်..:D။ ပျော်ရွှင်ပါစေညီမလေးရေ..။

s said...

ညီမလေးက ဖော်ဖော်ရွေရွေးလေး ကောင်းတယ်၊သူငယ်ချင်းများတာပေါ့၊စကားလည်းပိုရတယ်၊မမကတော့ မဖော်ရွေဘူး၊း) ဒါနဲ့ နော်ဝေးကဆိုလို့ အတူ၂ပဲမို့ တွေ့ရသာဝမ်းသာပါတယ် ရှင်။ မမ ဘလော့ဂ်ကိုလည်းလာလည်ပါဦး။

Anonymous said...

ပါးလုံး ရူးရူးပါတယ်မှတ်လို့ဖတ်နေတာ။
အော်
ကိုရူးကိုပတ်တာကိုး
ကျောင်းတော်ကို သတိရတယ်ဗျာ။
တကယ်ပါပဲ ပါလုံးတို့လုပ်လိုက်မှဖြင့်။
ပိားပီား

Anonymous said...

ကိုယ်ရှူးကိုယ်ပတ်မလေး ကွန်ပျူတာကြီးကောင်းသွားပြီလားး)) စိတ်ညစ်ညစ်နဲ့ ပိုစ့်တစ်ပုဒ်တောင်ထွက်လာသေး အဟေးဟေး တော်ချက်ပါးလုံးတို့ကတော့ စာမေးပွဲကြီးမြန်မြန်ပြီးပြီး လူလည်းစိတ်ချက်လက်ချက်နားရပါစေဗျာ။

မြစ်ကျိုးအင်း said...

ပုန်းပုန်းရေ ခေါင်စဉ်က ကိုယ့်ရှုးကိုယ်ပတ်ဆိုတော့ ကောင်းပါတယ်
သူများသွားမပတ်ရင်ပြီးတာပဲ...
ပုန်းပုန်းရဲ့လုပ်ဆောင်ချက်ကို လေးစားတယ်...
ကောင်းတယ်ဘယ်နေရာရောက်ရောက် ကိုယ့်ရဲ့ ကောင်းတဲ့ ဓလေ့ထုံးစံကို
ဝေမျှပေးပါ...။

Unknown said...

အင်္ဂါလေးရေ....

အဲဒီမှာ ပျော်နေပြီပေါ့လေ.... တို့တွေကတော့ ဘယ်အချိန်ထိ ၀ဋ်ခံနေရအုံးမလည်းမသိပါဘူးဟာ... ငမည်းတွေ မက္ကဆီကန်တွေနဲ့ မျက်စေ့နောက်နေတာပဲ... ဒီကြားထဲ တုတ်ကွေးကလည်း ကမ္ဘာ့ကပ်ရောဂါဆိုတော့ ဘယ်လိုနေရမှန်းကိုမသိတော့ဘူး... နေရာဟောင်းလေးကို သတိရတယ်ဟာ...

ပြန်မရနိုင်မှန်းသိပေမယ့် တောင်းတနေမိတယ်...

အင်္ဂါလေးလည်း နေ့သစ်တွေလှပါနိုင်ပါစေ...

ဘုရားသခင်ကောင်းချီးပေးပါစေ....


-ကမ္ဘာလေး

သားကြီး said...

ကိုယ်ပိုင်မဟုတ်တာတောင်ဒီလောက်စာအရှည်ကြီးရေးရတာ
ပင်ပန်းလှပါပြီ တန်ဖိုးရှိတဲ့မျှဝေမှုအတွက်ကျေးဇူးပါ
အကြိုက်တွေရှိနေသေးရင်ထပ်မျှပါဦး
ဗိုက်အောင့်တယ်ဆို...?
ကျန်းမာရေးဂရုစိုက်ပေါ့ အဆင်ပြေပျော်ရွှင်ပါစေ။

Post a Comment

အခုလို သေသေချာချာဖတ်ပြီး ကွန်မန့်လာပေးတဲ့အတွက် ကျေးဖူးအထူးပင် တင်ရှိပါကြောင်း ဖတ်ပြီးမှတော့ မန့်ပြီးမှသာ ပြန်စေချင်ကြောင်း ကောင်းသည်ဆိုးသည် ကြိုက်သလိုသာ ဝေဖန်နိုင်ကြောင်း အားလုံးပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေလို့ ဆုတောင်းရင်း ကွန်းမန့်လေးတွေဖတ်ရင်း အားမွေးနေမယ်နော်။ အဟိ။