Feeds RSS

Sunday, May 31, 2009

ကျင်းတူးရခါနီး ရာဇ၀င်




ခေါင်းစဉ်မြင်တော့ အကိုတွေ အမတွေ၊ ဂျီတောက်တောက်(အဆိပ်ခွက်) တို့ကထင်ဦးမယ်။ ဒီပါးလုံးတယောက် ဘာတွေလုပ်ထားပြန်ပြီလည်းပေါ့။ ဒါမှမဟုတ် အသစ်ရေးတယ်တော့ တက်ဂ် တော့မှာပဲလို့လေ။ စိတ်ချလက်ချသာ ဖတ်ပါ။ မတက်ဂ်ဘူး။ ကိုယ်ချင်းစရာတရား ရှေ့ထားပြီး။ အဟဲ။

မနေ့က မောင်လေးတယောက် ပြောတယ်။ ဆယ်တန်းစာမေးပွဲ အောင်စာရင်း ထွက်တော့ မယ်တဲ့။ သိပ်မဖြေနိုင်ဘူးတဲ့။ သူပူပင်နေတဲ့ အသံကိုကြားတော့ ပါးလုံး ကိုယ်ဆယ်တန်းတုန်းက ဆိုးခဲ့သမျှကို သတိယမိတယ်။

ပြီးတော့ ပါးလုံးက စာကို ပေါ့ပေါ့ပါးပါးလေးတွေပဲ ရေးချင်တယ်။ ဟာသလေးတွေပေါ့။ အခု တလောက တက်ဂ်ပို့စ်ကလည်း ခေတ်စားနေလေတော့ အဲ့လိုမရေးရတာလည်း ကြာပေါ့။ အခုတော့ ရေးချင်တာလေးကို ရေးလိုက်ဦးမယ်ဗျာ။အကြွေးလေး ကင်းတုန်း။ ပါးလုံးက ဆယ်တန်း မှာ သိပ္ပံတွဲ ယူထားတယ်ဆိုပါတော့။

အဲ့ဒါကလည်း ဆရာဝန်ဖြစ်ချင်လို့တော့ မဟုတ်ဘူးနော်။ ပြောပြဦးမယ်။ ကိုးတန်းမှာ ခွဲ တော့ ဆရာမတွေက ကျောင်းမှာ ပါးလုံးတို့ကို တလတိတိ ဘာသာစုံ သင်ပေးတယ်။ အဲ့ဒါမှ ကိုယ် တကယ်ဘာကို လိုချင်တယ်ဆိုတာကို သိအောင်လို့တဲ့။

အစက ပါးလုံးက ၀ိပ္ပံယူတယ်ဗျာ။ အိမ်ကလည်း ကြိုက်တာယူခွင့် ပေးထားလေတော့။ ဘာမှ ၀င်မပြောဘူး။ အဲ့တော့ Physics, Chemistry, Eco. ပေါ့။ စီးပွားရေး လည်း နည်းနည်း စိတ်ဝင်စားတယ်ဆိုတော့။ အဲ့ဒါယူမယ်ဆိုပြီး အဲ့အတန်းမှာသွားထိုင်တယ်။ သူငယ်ချင်းတွေ အကုန်လုံးက တော့ ဘိုင်အိုပေါ့။

အဲ့ဒါနဲ့ စသင်တော့ အီကိုက ပညာပြပါလေရော။ ဟာ ကျက်ရတာ တွင်တို့ ကတို့နဲ့ ထောက် သလားမမေးနဲ့။ တစ်ချိန်လည်းပြီးရော ဆရာမကို သွားပြောတာပေါ့ ဆရာမ ရေးပေးတာမှားနေ တယ်ထင်တယ်လို့ တွင်တွေ ကတွေက အရမ်းထပ်နေတယ်ဆိုတော့ ငါသင်လာတာ သက်တမ်း လည်းကြာပြီတဲ့ ငါ့ကိုအဲ့လိုဘယ်သူမှလာမမေးဘူးတဲ့။ အီကိုဆိုတာ ဒီလိုမျိုးပဲကျက်ရမှာပဲတဲ့။

အဲ့ဒါနဲ့ အဲ့ဒါဆိုလည်း မကျက်တော့ဘူးဆရာမရယ်။ သမီးဘိုင်အိုကိုပဲ အရည်ကျိုလိုက် တော့မယ်။ အီကိုတော့ ကျိုနိုင်မှာမဟုတ်ဘူးဆိုပြီး ညာတာပါတေးနဲ့ သိပ္ပံတွဲ ယူဖြစ်သွားတာဗျ။ အဲ့လိုနဲ့ ကိုးတန်းဖြေပြီးတာနဲ့ တပတ်ပဲ ပေးနားတယ်။ အိမ်က စာတန်းကျက်ခိုင်းတယ်။ ကျူရှင်တွေ တက်ရတယ်။

ပြီးတော့ သင်္ချာဆရာကလည်း ပါးလုံးတို့ ခြောက်ယောက်ကို ရွေးပြီးတော့ သူက၀ိုင်း သပ် သပ် လုပ်ပေး တယ်။ နောက်ပြီး အင်္ဂလိပ်ကလည်း ပါးလုံးအဖွားက အထက်တန်းပြ အင်္ဂလိပ် ဆရာ မဆိုတော့ ကျောင်းပိတ်တာနဲ့ ကဗျာတွေ ကလို့စ်တိုက် တွေကျက်ခိုင်းတယ်။

မြန်မာစာဆိုလည်း ခက်ဆစ်တွေ ဘာတွေကျက်ထားတယ်ပေါ့ဗျာ။ နောက်ကျောင်းဖွင့်တဲ့ အထိဗျာ။ ကျောင်းဖွင့်ပြီးတော့လည်း စာကျက်သေးတယ်။ နောက်တော့ သေသေချာချာစဉ်းစား လိုက်တယ်။ ငါကျောင်းပြီးရင်ရော ဘွဲ့ရပြီးရင် ဘာဖြစ်မလည်း စဉ်းစားလိုက်တယ်။ သူများတွေ ကျောင်းပြီးတာတောင် အလုပ်မရှိဘူးလေ။

ငယ်ငယ်ကတည်းက ရည်မှန်းချက်က သူများလို ကြီးကြီးမားမား မဟုတ်ဘူးလေ။ အင်ဂျင်နီယာလည်း မဖြစ်ချင်။ ဆရာဝန်လည်းမဖြစ်ချင်။ ကျမ်းစာကျောင်းတက်ချင်တာ ခုနှစ်တန်း ကတည်းက။ မာသာထရီစာကို အရမ်းအားကျတာ။ သူ့လို ဖြစ်ချင်တာ။

အဲ့တော့ ပါးလုံးစာလည်း မကျက်ချင်တော့ဘူးဖြစ်လာတယ်။ နောက်တော့ စာမကျက် တော့ဘူးလေ။ စာကျက်လို့ပြောရင် ဟိုစာအုပ်ထဲကဟာကို ဒီစာအုပ်ထဲကိုကူး ဒီစာအုပ်ထဲက ဟာကို ဟိုစာအုပ်ထဲကိုကူး။ ကျူရှင်မှာ အရိုက်မခံရယုံလောက်ပဲ စာကိုကျက်တာ။ ဒါပေမယ့် ကျောင်းတို့ ကျူရှင်တို့တော့ ဘယ်တော့မှ မပြေးဘူး။ သင်တဲ့အချိန်သေချာနားထောင်တယ်။

မနက်ကျူရှင်သွားဖို့ဆိုလည်း မရမက ရအောင်ထတယ်။ မထင်ချင်ရင်တောင် ကိုယ်ပိုင်ဆောင်ပုဒ်လေးကို ရွတ်ပြီးထတယ်။ ပါးလုံးကိုယ့်ဟာကို ထွင်ထားတဲ့ ဆောင်ပုဒ် လေးတပုဒ်ရှိတယ်။ အဲ့ဆောင်ပုဒ်လေးကို ရွတ်ပြီးတော့ ထတာ။ အဲ့ဆောင်ပုဒ်က “ပညာကိုလိုသော် ထ ထ” ဆိုပြီးတော့ အတင်းကို ဇွတ်ထတာ။ အဲ့ဆောင်ပုဒ်ကတော့ အခုထိကို လက်လွှတ်လို့မရသေးပါဘူး။ ညစ်။

အဲ့လိုနဲ့ စာမကျက်ဘူး။ သိုင်းလောကရဲ့စိန်ခေါ်သံကလည်း ကောင်းသလားမမေးနဲ့ အိမ်က လုံးဝမကြည့်ခိုင်းဘူး။ အခန်းထဲမှာ ပိတ်ထားတာ။ ပါးလုံးပါဆို လုပ်ချင်ရင် ရအောင်လုပ်ရမှ။ တီဗီက ဧည့်ခန်းမှာ။ အဲ့တော့ ဧည့်ခန်းကို လှမ်းကြည့်ရမှာလေ။ ပါးလုံးအခန်းနဲ့က သိပ်တော့မဝေး ဘူးလေ။

အဖေကို ကျေးဇူး တခုတော့တင်ရမယ်သိလား။ အဲ့ဒါကတော့ အိမ်ဆောက်တုန်းက နံရံ အမြင့်ကြီးဆိုပေမယ့် ထုတ်တန်းလေးတွေနဲ့ တလှမ်းကျော်စာလေးတွေ တက်လို့ရအောင် လုပ်ထားလို့လေ။ အဲ့တော့ အဲ့နံရံကို တက် ပြီးတော့ ထုတ်တန်းပေါ်ကနေ ခိုပြီးတော့ကြည့်တာ။ အိမ်ကလူတွေကလည်း သိုင်းထဲ မျှောနေတာဆိုတော့ သတိမထားအားဘူး။

ကြော်ငြာလာမှ လှုပ်တာလေ။ ကြော်ငြာလာရင် အောက်ပြန်ဆင်းပေါ့။ အဲ့တော့ ညဆို လွင်ကူးရှုံးမျက်နှာမှ မမြင်ရရင် ပါးလုံးတို့ အိပ် မပျော်ဘူး။ သူကမူးပြီး သိုင်းကတာ လှလွန်းလို့လေ။ အမူးသမားကို ကြည့်မရပေမယ့် သူမူးတာကိုတော့ သဘောကျတယ်။ အဟဲ။ အဲ့လိုခိုး ကြည့်တာကိုသိတာက အဖေလေ။

ပါးလုံးက အပေါ်မှာဆိုတော့ သူတို့ လာမလာ။ ဘယ်သူလာ ချောင်းလည်း အကုန်မြင်ရတယ်ဗျာ။ အဲ့တော့ အဖေလာပြီဆိုရင် ကမန်းကတန်း ပြေးဆင်းပြီးတော့ စာအုပ်ကောက်ကိုင် စာအုပ်က ဇောက်ထိုးဖြစ်နေလို့ အဖေတည့်ပေးရပေါင်းလည်း မနည်း တော့ဘူး။

အဖေကတော့ ဘာမှမပြောဘူး။ ပါးလုံးနော်ဆိုပြီးပြီ။ အဲ့လိုစာကြိုးစားတာလေ။ ညနေ တွေဆိုလည်း စာကျက်မယ်ပြောပြီး လွယ်အိတ်တလုံးနဲ့ ခြံထဲကိုထွက်လာတယ်။ ပြီးတော့ မာကလာပင်ပေါ် တက် နေရာသေသေချာချာယူ ပြီးရင် လေကလေးကလည်း တိုက်။ အိပ်လို့ ကောင်းမှကောင်း။ ညနေထမင်းစားခါနီး အိမ်ကလိုက်ရှာတော့မှ အိပ်ပျော်နေတာ။ ပြုတ်မကျတာ ကံကောင်း။

အဲ့လိုနဲ့ အိမ်က ပါးလုံးနဲ့ အရမ်းတွဲတဲ့ စာအရမ်းကျက်တဲ့ သူငယ်ချင်းအိမ်မှာ စာသွားကျက် ခိုင်းရော သူကစာတော်တော်ကိုလုပ်တာဗျာ။ အဲ့တော့ သူ့အိမ်ရောက်တော့ သူ့အိမ်ကဆောက်ရင်း တန်းလန်းဆိုတော့ အနောက်ဖေးလှေခါးလည်း မလုပ်ရသေးဘူး။

လွင်ကူချုံးကြည့်ချင်လို့ ခွင့်တောင်းတော့လည်း သူ့အိမ်ကခွင့်မပြုဘူး။ သူကသိုင်းလည်း စိတ်မပါဘူး။ အဲ့တော့ စည်းရုံးရေး မဆင်းလို့မရတော့ဘူးလေ၊ လွင်ကူးချုံး ဘယ်လောက်ချော ကြောင်း သိုင်းချပုံပါ ဟန်ပါပါ လုပ်ပြရသေးတယ်။ မပြောပါနဲ့တော့။

အဲ့ဒါနဲ့ ပါလုံးစည်းရုံးရေးအောင်မြင်တော့ သူ့အိမ်မှာကြည့်လို့ကမဖြစ်တာသေချာတော့ သူတို့အိမ်နောက်ဖေးကနေ လှေခါးလည်း မလုပ်ရသေးဘူးလေ။ အဲ့ဒါ အိမ်ကမြင့်တယ်။ တိုင်ကို ခွပြီးတော့ ချောဆင်းရတယ်။ အဲ့ဒါ ရေကလည်းကြီးနေတာ အကြီးအကျယ် အဲ့တော့ သူ့အဒေါ် အိမ်မှာသွားကြည့်တော့ သူ့အမေနဲ့ပြန်တိုင်မှာစိုးလို့ ရေထဲကနေ မတ်တပ်ရပ်ကြည့်ရတယ်။ မြွေတွေဘာတွေလည်း မျှောလာတတ်တယ်။ အခု ပြန်စဉ်းစားရင်တောင် ကြက်သီးထတယ်။ မြွေ မျှောလာရင် ကိုသေတာပြဿနာမဟုတ် သူတခုခုဆိုရင်လို့ တွေးတောင်မတွေးရဲဘူး။

အဲ့ဒါနဲ့ ဟိုလှိမ့်ဒီလှိမ့်နဲ့ စာမေးပွဲကြီးက ဖြေဖို့ ၂လပဲလိုတော့တဲ့ အချိန်ကိုရောက်လာရော။ ပါးလုံးအိပ်ခါနီး တရက်စဉ်းစားလိုက်တယ်။ သြော် ငါရှုံးရင် ငါ့သူငယ်ချင်းတွေအောင်ရင်လို့ စဉ်းစား မိတယ်။ ကျောင်းမတက်ရင်တောင် အောင်ထားတာ ကောင်းပါတယ်လေ ဆိုပြီးတော့ ပါးလုံး စာပြန် ကျက်ဖို့ ဆုံးဖြတ်လိုက်တယ်။

အဲ့လိုဆုံးဖြတ်ချက်လည်း ချပြီးရော နောက်နေ့ လက်မှာ ဆူးပင်းဝင်လို့ ၂ပတ်လောက် ငိုနေ ရတယ်။ ဆေးရုံမှာ သွားခွဲရတယ်။ အဲ့တော့ အချိန်က တလကျော်ကျော်လေးပဲ ကျန်တော့တယ် လေ။ အဲ့အချိန်ကျမှ အသေအလည်းကို ကျက်ရတော့တယ်။ တနေ့ကို ၃နာရီလောက်ပဲ အိပ်တယ်။ အသေကျက်တာ။ ကျူရှင် မပြေးထားတဲ့ ကျေးဇူးတော့ ခံစားရတာပေါ့ဗျာ။

အိမ်ကတော့ မအောင်ဘူးပဲ တွက်ထားတယ်။ စိတ်ဓါတ်ကျမှာစိုးလို့ ဘာမှမပြောကြဘူး။ မြန်မာသဒ္ဒါတွေဆို မနက်ဖြန်ဖြေမယ်ဆိုမှ ဒီနေ့လိုညနေလေးနာရီမှာ စကျက်တာ။ အဲ့လောက်ထိ။ အဲ့လို နဲ့ စာမေးပွဲလည်းဖြေရော အခန်းထဲရောက်တာနဲ့ ဆုတောင်း ဘောပင်တွေကိုင်ပြီးဆုတောင်း မေးခွန်းမဖတ်ခင်ဆုတောင်း၊ အဖြေအပ်ခါနီး ဆုတောင်း အဲ့လိုတောင်းပြီးတော့။ စာမေးပွဲကြီး ပြီးသွားပါလေရော။

စာမေးပွဲပြီးလို့ အောင်စာရင်းထွက်ခါနီးကျတော့ အိမ်ကအဒေါ်တွေက ဘာပြောလည်းဆို တော့ ပါးလုံးတဲ့ နင်စာမေးပွဲရှုံးလို့ကတော့ ကျင်း တကျင်းတူးထားတဲ့၊ ငါတို့တသက်လုံး ကိုယ့် သိက္ခါနဲ့ ကိုယ်နေလာတာတဲ့။ နင်တို့ညီအမလေးယောက်တည်းမှာ နင်ပဲ တစ် နေမှာ သေချာတယ်တဲ့၊ ငါတို့ သူများတွံတွေးခွက်ထဲ ပက်လက်အမျှောမခံနိုင်ဘူးတဲ့။ အဲ့တော့ ကျင်းတ ကျင်းတူး၊ ပြီးရင် အဲ့ကျင်းထဲ နင်ဝင်ရင်ဝင် မ၀င်ရင် ငါတို့ဝင်မယ်တဲ့။

အဲ့တော့ ပါးလုံးက ဘာမှတော့ပြန်မပြောလိုက်ဘူး။ ညကျတော့ စဉ်းစားတယ်။ ကျင်းဘယ် နေရာမှာ တူးရင်ကောင်းမလည်းလို့လေ။ ပါးလုံးက အဆိုးဘက်ကြိုကို တွေးထားတာများတယ်။ အဲ့ဒါ မှခံနိုင်ရည် ရှိအောင်လေ။ အဲ့ဒါနဲ့ ကျင်းက တူးပြီးရင်တောင် ငါပဲဝင်မယ်လို့ လည်းစဉ်းစား ထားတယ် သူတို့အကုန်ဆိုရင် ကိုကကျင်းကိုပိုလည်း ကျယ်ကျယ်တူးရမယ်။ ကိုယ့်အပြစ် နဲ့ကိုယ်ကိုး သူတို့ကို ၀င်ခိုင်းလို့ ဘယ်တရားမလည်းနော် ဘယ်ဖြစ်မလည်းနော်။

တသက်လုံး အောင်စာရင်းထွက်ရင် အိမ်ကကြည့်ပေးနေကျ ပါးလုံးဆယ်တန်းအောင်စာ ရင်းထွက်မယ့်နေကျတော့ ဘယ်သူမှ မကြည့်ပေးကြဘူး။ ရှုံးမှာပဲတဲ့ ရှက်တယ်တဲ့။ ပါးလုံးလည်း ညကျတော့ ဘယ်လောက်စိတ်လှုပ်ရှားလည်းဆိုရင် ဆင်နင်းတောင်နိုးမှာမဟုတ်ဘူး။ မနက် အောင်စာ ရင်းထွက်ခါနီး သူငယ်ချင်းတွေက အတူတူသွားမယ်ပြောထားပြီး မလာလို့ လာခေါ်တော့မှ နိုးတယ်။

အဲ့လိုသွားတဲ့အချိန်ထိ ဘာမှမဖြစ်သေးဘူး ကျောင်းနားရောက်ခါနီးမှ ဘယ်အချိန်က ၀င်လာတယ် မသိဘူး ရင်ဘတ်ထဲမှာ အလုံးကြီး အဲ့ဒါနဲ့ ကဲမဖြစ်ချေဘူး။ မြန်မြန်ကြည့်မှပေါ့။ ခုံနံပါတ်က ၉၂ဆိုတော့ ဘာပဲဖြစ်ဖြစ် ၂ရွက်မြောက် ၃ရွက်မြောက်လောက်မှာ ရှိမှာပဲဆိုပြီးတော့ ကြည့်တော့ မပါဘူးလေ။ အဲ့ဒါနဲ့ ငါတော့ ကျင်းတူးရတော့မယ်ထင်တာ။

နောက်တော့ ပထမစာရွက်ကို စိတ်ဓါတ်ကျကျနဲ့ ကြည့်တော့မှ အကျများလို့ ပထမဆုံးအရွက် ၉ယောက်မြောက် မှာ ပါးလုံးနာမည် အောင်မလေးထခုန်တာ ဘေးကလူကိုတောင် တက်နင်းမိတယ်။ ပါးစပ်ကတော့ ငါအောင်တယ်ဟေ့လို့ မအော်မိဘူး။ ကျင်းမတူးရတော့ဘူးဟေ့ လို့ အော်တော့ ဘေးကလူတွေ ကလည်းလှည့်ကြည့် သူငယ်ချင်းတွေက အံ့သြနေကြတယ်လေ။ ပြန်ရှင်းပြရတာပေါ့။ ပါးစပ်ကလည်း အိမ်ပြန်တလမ်းလုံး တော်သေးတယ် ငါကျင်းမတူးရတော့ဘူးပဲပြောနေတာလေ။

အဲ့လိုနဲ့ ပါးလုံးကျင်းမတူးရတော့ပဲ ညာတာပါတေးနဲ့ ဆယ်တန်းအောင်။ ပြီးတော့ ကျောင်း ဆက်မတက်ဘူးပြောတာကို အိမ်က အဒေါ်တွေအတင်းတင်တာနဲ့ အဝေးသင်တက်ဖြစ်တယ်။ အဖေက အတင်းတင်တာနဲ့ ဂျီတီစီေ၇ာက်သွားတယ်။ ကျောင်းမတက်ချင်ဘူးဆိုခါမှ ၂ကျောင်း တောင်တက်လိုက်ရတယ်။ အဲ့ဒီကျင်းတူးရမယ့် ရာဇ၀င်ကတော့ အဲ့ဒါပါပဲဗျာ။

အားလုံးအားလုံးအပေါ် ဘုရားသခင်ကောင်းချီးပေးပါစေ။
ချစ်ခင်လေးစားလျှက်
ညီမလေး ချစ်ပါးလုံး

18 comments:

yaewoori said...

ဟဲဟဲ ငါကွ
ဦးဦး ဖျားဖျား
ကောင်းချီးတွေယူသွားတယ်

အိုက် ချီ ခန့် said...

အဟဟ... မမချစ်ပါးလုံးတော့... အဟီး... အနော်နဲ့တော့ကွာပါ့.. အဟီး..
အကုန်တူလာတယ်.. စာမေးပွဲနီးမှ မတူတူ အနော်က မကျက်ဖူး... အဟီး..
ဆော်ဗွန်နေတာ.. အဟီး... ဒါပေမဲ့ ယက်ကန်ယက်ကန်နဲ့အောင် ပါတယ်.. အဟီး.. အမှတ်မကောင်းလို့ ကျောင်းဆက်မတက်တော့တာလေ... အဟစ်..
အဖေလဲ မနိုင် အမေလဲ မနိုင်ဆိုတော့.. ၁၀ တန်းပြီးပြီ လုပ်ချင်တာလုပ်မယ် ဆိုဖီး... လစ်ထွက်လာတာ... အဟီး..။

အိုက်နောင့် (ညီလေး ) ခီခန့် (လူပျင်းလေး)

ဇော် said...

အဲ
တူလုပ်မှ နာတောင် ၁၀တန်းကို ပြန်သတိရသွားပြီ။ ဟွန်း။
=)

ဂျပန်ကောင်လေး said...

ဘုရား ဘုရား... တဂ်တယ်ဆိုလို့ ရင်တမမနဲ့...း)

အဆိပ်ခွက် said...

အင်လေ နော်.. ခုဆို ကျင်းထဲရောက်နေလောက်ပြီ...ဟီး....
ကျနော် လဲအတူတူဘဲ.... စာမေးပွဲဖြေခါနီးမှ စာကျက်တာ မိုက်တယ်ဂျ

ခင်မင်လျှက်
အဆိပ်ခွက်

မိုးခါး said...

တို့ညီအမတွေက ဥာဏ်ကောင်းလို့နေမယ် .. စာဟေ့ဆို မြင်တာနဲ့ ငိုက်တယ် .. :P

Anonymous said...

စာကျက်ရမှာပျင်းတာချင်းတူတယ်, သိုင်းကားဆို အခုထိ ၀ါသနာပါတုန်းပဲ, ငယ်ငယ်က ကြားဖူးတာ မကြည့်ဖူးဘူး အိမ်မှာက လျှပ်စစ်ပစ္စည်ဆိုလို့ ရေဒီယိုတောင်မရှိဘူး, အခုဒီရောက်တော့ ကျောင်းပိတ်ရင် ညလုံးပေါက်သိုင်းကားထိုင်ကြည့် ,သိုင်းကား ကတော့ အသေကြိုက်တာ

Anonymous said...

ပါးလုံးရေးတာ တွေ့တော့ ကိုယ်တွေ ၁၀ တန်းဖြေတာတောင် ပြန်သတိရသေး ... ကိုယ်တွေတုန်းက စနစ်ဟောင်း ၂၀၀၀ လေ ... အီကိုကတော့ မပြောပါနဲ့တော့ ကျက်သရေကို ပါးတယ် .. ဘာတွေမှန်းကို မသိဘူး .. မှားမှန်တောင် နံကြားထောက်ဖြေလာတာ ... သမိုင်းနဲ့ ပထဝီကယ်လို့ ၁၀ တန်း အောင်လာတာ ... အဟီး .. ခုနောက်ပိုင်းလည်း ပို့စ်တွေ ဖတ်သာဖတ်ရတယ် စိတ်ထဲမှာ မရဲတော့ဘူး .. ပို့စ်ကို မဖတ်ခင် အောက်ဆုံးကို အရင်ကြိုဖတ်နေရတယ် .. " တက္ကသိုလ်ဝင်တန်း အတွေ့အကြုံ " ဆိုပြီး တက်ဂ်များတက်ဂ်ထားသေးလားလို့ . အဟီး ... ပါးလုံးတက်ဂ်ထားတာ တစ်ခုတောင် မဆပ်ရသေးဘူးနော် .. ခွင့်လွှတ်ပါ ညီမလေးရေ .. စာမေးပွဲ ကာလကြီး ဖြစ်နေလို့ပါ ... စာမေးပွဲ ပြီးတာနဲ့ သေသေချာချာရေးပေးပါမယ် .. အိုကေတယ် ဟုတ် ?? :D

မိုးစက်အိမ် said...

ပါလုံးနဲ. အကိုလဲ အဖြစ်ချင်းတော.တူ
သားကွ...အဖြီး အဖြန်းတော်လို.သာပေါ.
မဟုတ်လို.ကတော. ငါတို.မောင်နှမတွေ
တစ်နေမှာသေချာတယ် ဟီးးးးးးးးးးးးးးးးးးးးး

Anonymous said...

ပာာဗျာ။ ကျောင်းတော်ကြိးကို လွမ်းလိုက်တာ။

ဖိုးဂျယ် said...

ကျင်းမတူးရတော့ဟေ့ အကိုလဲ ညီမလိုပဲ ဆိုးခဲ့တယ်ကွယ်

မြစ်ကျိုးအင်း said...

ကျင်တူးရခါနီးဆိုလို့ နေမကောင်းဖြစ်တဲ့အကြောင်းထင်ထားတာ...။
ပါးလုံးလိုပဲ ငါတို့လဲ မဖြေခင်ညရောက်မှ သူငယ်ချင်းလေးယောက်
တယောက်တပုဒ်ကြည့်လိုက် ကိုယ်ကျက်ထားတာတွေ ကိုလူပြိန်းနား လည်အောင်ပြန်ရှင်းပြကြတာလေ....။
ဥာဏ်ကောင်းတာတော့မဟုတ်ဘူး..တကယ်အားစိုက်ရမယ့်အချိန်မှန်း သိလို့ အာရုံစိုက်လိုက်တာလေ...။
အောင်စာရင်းထွက်တော့ ရင်ထဲမှာဘာမှမရှိဘူး...အမေ့ကိုအောင်တယ်လို့
ပြန်ပြောပြတော့ မေမေက အိမ်သာထဲ ၀င်ငိုမှပဲ ဆယ်တန်းကျရင် ကြောက်စရာပါလားလို့ သိပြီး လန့်ရကောင်းမှန်းသိတာ..။
ပြန်အမှတ်ရစရာပါပဲ...။

mikozan said...

နာ ကတော့
စပေါ့ ရိုက်တယ် copy သေးသေးလေးတွေကူးတယ်
မရရင်စရာမပုံစွဲပေးလိုက်တယ်

လွမ်းလိုက်တာဟာ

ခုစာမေးပွဲရှိတယ်ဆို ကျင်းလာတူးပေးရမလား :)

Anonymous said...

အင်း တူတယ် သိုင်းလောကစိန်ခေါ်သံကို ခိုးကြည့်ရတာချင်း
ပေါ့ပေါ့ပါးပါးလေးနဲ့ ကိုရယ်ရတယ်
အဆင်ပြေပျော်ရွှင်ပါစေဗျာ

ဆည်းဆာသံစဉ် said...

အင်း...အင်း....သူများဖိနပ်ကြားထဲမှာ ၀ှက်ပြီးယူလာတဲ့ စာရွှက်လေး ပါးစပ်ထဲထည့်ပီး မျိုချလိုက်ရတာ ပြန်တောင်မှတ်မိသွားပီ..:P။ ပါလုံးရေးမှပဲ အရင်အတိတ်ဟာ..အရာရာ မနေ့ ကလို ပြန်မြင်ယောင်လာမိတယ် ညီမလေးရေ..။

ဝသန်မိုး said...

ကဲကဲ ဆရာလာပြီ
မနေ့ က သင်ထားတာတွေ
ပြန် ဆို ပြပါဦး ပါးလုံးရေ
း)

အိုက်ခီလောက် said...

အင်း ကျင်းတူးဆိုလို့ ဘာများလည်းလို့ 
လက်စသတ်တော့ သူ့ ကမြင်းထားတာကို
အဟား နံရံပေါ်ကနေကြည့်တော့ မျက်လုံးအားကောင်းမှာပေါ့နော်
ခုန်ပျံကျော်လွှားလည်းသင်စရာမလိုပဲတတ်သွားတယ်ပေါ့နော်
အာဂ ပါးလုံးလေးပဲ ချစ်လို့ ပါးလေးလိမ်ဆွဲသွားတယ်

flowerlay said...

hi nyi ma,
I am also liked u.
I didn't study well and i also like Chinese series very much..hehe
I am also lucky that i passed the 10th standard...
thank you nyi ma

Post a Comment

အခုလို သေသေချာချာဖတ်ပြီး ကွန်မန့်လာပေးတဲ့အတွက် ကျေးဖူးအထူးပင် တင်ရှိပါကြောင်း ဖတ်ပြီးမှတော့ မန့်ပြီးမှသာ ပြန်စေချင်ကြောင်း ကောင်းသည်ဆိုးသည် ကြိုက်သလိုသာ ဝေဖန်နိုင်ကြောင်း အားလုံးပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေလို့ ဆုတောင်းရင်း ကွန်းမန့်လေးတွေဖတ်ရင်း အားမွေးနေမယ်နော်။ အဟိ။