Feeds RSS

Monday, May 25, 2009

အမှတ်တရ ( Nick Name) တက်ဂ်ပို့စ်


စာမရေးတာကြာတော့ ဘယ်ကစရေးရမှန်းကိုမသိဘူး။ အရင်ဆိုရင်တော့ ဘလော့မှာဘာလေးရေးမလည်း ဆိုပြီး အတွေးထဲရှိသေးတယ်။ အခုက ခေါင်းထဲမှာ စာမေးပွဲပဲတွေးနေတာနဲ့။ ကိုရီနိုမန်ကြီးက အလိုက်တသိ ငါ့ညီမလေး စာမေးပွဲရှိလို့ လွှတ်ပေးတယ်ဟဲ့ ဆိုတော့ ၀မ်းသာမယ်မကြံသေးဘူး။ ကိုဝသန်ကြီးက အလိုက်မသိ ခင်မင်စွာဖြင့် တက်ဂ်တော့လည်း ရေးရသေးတာပေါ့။ အဟဲ မရေးချင်ရှာဘူးနော်။

Nick Name တွေကတော့ ပါးလုံးလောက်ပေါတာ ပါးလုံးပဲ။ ပြောရင်တော့ ကုန်မှာမဟုတ်တော့ဘူး။ အဲ့ထဲကမှ အမှတ်မိဆုံး Nick Name လေးတချို့ကိုပြောပြချင်ပါတယ်။ ဒီလိုဗျ ပါးလုံးဆိုတဲ့နာမည်က ပါးလုံးငယ်ငယ်က ပါးလုံးရဲ့ဦးလေးက ပါးလုံးကို ချစ်စနိုးနဲ့ပေးထားတဲ့နာမည်ပါ။ အိမ်နာမည်ဆိုပါတော့။ အဲ့ဒါလည်းရာဇ၀င်နဲ့ဗျ။ ပါးလုံးငယ်ငယ်က ပါးက အရမ်းလုံးဝိုင်းနေလို့ ဦးလေးက ပါးလုံးလေးဆိုပြီး ခေါ်တာ။ အားလုံးဆိုပါတော့။

ငယ်ငယ်က အဲ့နာမည်ကို အရမ်းမုန်းတာ။ ဘာလို့လည်းဆိုတော့ အဖေတို့ရွာကိုသွားရင် အားလုံးက ချစ်ကြတော့ စကြတယ်လေ။ လူကိုများစစရာမှတ်လို့ " ပါးလုံးပါးလုံး စာစီကုန်း ကျောင်းသားတွေ တပြုံးပြုံး" တဲ့ စိတ်တိုလိုက်တာ။ တချို့က ပြောသေးတယ်။ တောင်းဆိုးပါးလုံးဆိုးပစ်ရိုးထုံးစံ ရှိတယ် ဆိုတဲ့စကားပုံနဲ့ စသေးတာ။ လူကို။ နောက်ပြီးတော့ ပြောသေး "ရေထဲကို ခဲလုံးလေးပစ်ချလိုက်တော့ ပလုံစွက်" တင်းသလားမမေးနဲ့။


အဲ့ဒီလိုမျိုးတွေကြောင့် အဲ့နာမည်ကိုစိတ်တိုတယ်။ သိတဲ့သူအားလုံးကတော့ ပါးလုံးလို့ပဲခေါ်ကြတယ်။ အိမ်ကပေးသမျှနာမည်ကတော့ အနှောင့်အသွား မလွတ်ဘူးပဲပြောရမလား မသိဘူး။ GTC တက်တဲ့အချိန်မှာ မန္တလေးသိန်းဇော်အခွေထွက်တယ်။ နာမည်က မြတ်ဆုမွန်တဲ့။ သေဟ။ တခါတည်း ကျောင်းကကောင်တွေပါးစပ်ထဲကို ရောက်တော့တာပေါ့။ မြတ်ဆုမွန်လို့ ခေါ်သံကြားလို့ လှမ်းကြည့်လိုက် မသိချင်ယောင်ဆောင်ပြီး သီချင်းဆိုပါလိမ့်မယ်။ "ဗုဒ္ဓဘုရား ဟောကြားတော်မူ..." ဆိုတဲ့သီချင်းလေ ပါးလုံးလည်း ရေးရေးလေးပဲရတယ်။ သူတို့ဆိုလို့။

အဲ့ဒါလှည့်ကြည့်ရင်လေ နင့်ကိုခေါ်တာမဟုတ်ဘူး အဲ့ဒါမန္တလေးသိန်းဇော်သီချင်းတဲ့။အခွေနာမည်ကို ငါတို့ကရွတ်ပြီးမှ ဆိုတာတဲ့။ တခါတည်း တင်းပဲတင်းရမလား ပြတ်ပဲပြတ်ရမလားမသိဘူး။ကျောင်းမှာတော့ တချို့က ပေစုတ်လို့ခေါ်တယ်။ တချို့က ပလိန်လို့ခေါ်တယ်။ (ချာလီချက်ပလိန်) ကိုပြောတာ။ဟာသပြောလွန်းလို့တဲ့။ အဲ့ထဲမှာ မှတ်မှတ်ရရကတော့ အနှစ်လို့ခေါ်တာကိုပဲ။ အနှစ်ဆိုတာက အချစ်ရဲ့ အနှစ်ကို ပြောတာ မဟုတ်ဘူးနော်။ ပါးလုံးက ကျောင်းတက်တဲ့အချိန်မှာ မနက်၈နာရီအရောက်
သွားရတယ်။ အဲ့တော့ ၇ခွဲဆိုအိမ်ကထွက် ထမင်းချိုင့်က ၇နာရီဆိုအဆင်သင့်။

အဲ့တော့ ဘယ်တော့မှ ဟင်းမမှီဘူး။အမြဲတမ်း တို့ဖူးသုတ်၊ အာလူးသုတ်၊ ကြက်ဥပြုတ်သုတ်၊ ကြက်ဥကြော်၊ တနေ့တမျိုး မရိုးရလေအောင် ကြက်ဥကို ငရုတ်သီးလေးနဲ့ကြော်လိုက် ချက်လိုက်နဲ့ ဆိုတော့ အိမ်ပြန်ရောက်တော့လည်း နောက်ကျတော့ မောလွန်းလို့မစားနိုင်ဘူး။ အဲ့တော့ ကျောင်းမှာ သူငယ်ချင်းတွေကနေ့လည်ဆို ကန်တင်းက ဟင်းဝယ်စားကြတယ်။သူတို့က အဆောင်မှာနေတာဆိုတော့။ အဲ့အချိန်ဆို ပါးလုံးကို ဦးစားပေးတယ်။ မြတ်ဆုဘာဝယ်ရမလည်း။ သူတို့သွားဝယ်လို့ရှိရင် အဲ့တော့ ပါးလုံးက အနှစ်ဟင်းလေ ဘာဟင်းဖြစ်ဖြစ် အနှစ်ကလေးနဲ့ဝယ်ခဲ့။ အဲ့လိုပြောလွန်းလို့ နောက်ဆုံးသူတို့က အနှစ်ရေ လို့ခေါ်ကြတာ။

ပေတွေရှည်ကုန်ပြီထင်တယ်။ မြန်မာပြည်ကထွက်လာပြီးကတည်းက ဘာလို့လည်း မသိဘူး။ ပါးလုံးဆိုတဲ့နာမည်ကိုကြိုက်လာတယ်။ အဲ့လိုစမယ့်သူမရှိတော့လို့လားတော့ မသိဘူး။ဘယ်သူနာမည်မေးမေး မြတ်ဆုမွန်လို့မပြောဖြစ်တော့ဘူး။ ပြောဖြစ်ရင်တောင် ပါးလုံးဆိုတဲ့ နာမည်ကိုပဲ ကြိုက်တယ်လို့ ပြောဖြစ်တယ်။ အဲ့လိုနဲ့ မနှစ်က ဘလော့လုပ်သေးတယ်။ မတင်ဖြစ်ဘူး။ သူငယ်ချင်းက သူလုပ်တော့ အရူးထပြီးလိုက်လုပ်တာ။

ပါးလုံးလည်း ဘလော့နာမည် ဘာပေးရမှန်းမသိဘူးဖြစ်နေတာ။ အဲ့တလောက အဲ့သူငယ်ချင်းက ဘာအရူးထလည်းမသိဘူး။ ထိုင်းမှာ အဲ့သူငယ်ချင်းနဲ့က အတူတူသွား အတူတူစား အတူတူအိပ် မုန့်သွားစားလည်းအတူတူဆိုတော့ သူကအဲ့တလောက တခုခုဆို ချစ်ပါးလုံးကြီးရေ နင့်ကိုအရမ်းချစ်တာပဲဆိုပြီး အတင်းကို ဆွဲစိတ်တာ။ အသားကိုနယ်ဖတ်ပြီး နာသလားမပြောနဲ့ ဆိုင်မှာ မုန့်စားရင်းလည်း ထထပြီး ချစ်ချစ်ပါးလုံးကြီးရေ ဆိုတော့ လူက ကြက်သီးပါမွှေးညှင်းထတယ်။ အဲ့ကရင်မလေးကို လွမ်းတောင်လွမ်းလာပြီ။

အဲ့ဒါနဲ့ ပါးလုံးလည်း ပါးလုံးဆိုတဲ့နာမည်ကို ဘလော့မှာပေးဖို့အကြံရသွားတာ။ နောက်ပြီးတော့ သူကချစ်ချစ်ပါးလုံးကြီးခေါ်လွန်းလို့ ဟုတ်ပြီ ချစ်ပါးလုံးလို့ပေးမယ်ဆိုပြီး ဖြစ်သွားတာ။ ဒီနာမည်ကိုက အရမ်းလည်းကြိုက်ပါတယ်။ အရမ်းလည်း နှစ်သက်သလို တန်ဖိုးထားတဲ့ နာမည်လေးပါ။ အဲ့နာမည်လေးအကြောင်း ပြောခွင့်ပေးတဲ့ ကိုဝသန်ကိုလည်း ကျေးဖူးတင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလောက်ဆိုအိုကေပြီပေါ့နော်။
မတက်ဂ်တော့ဘူးနော်။ ဘာဖြစ်လို့လည်းဆိုတော့ ပါးလုံးမှာသော့မရှိလို့ပါ အဟဲသော့ပျောက်နေတယ်။

အားလုံးပဲပျော်ရွှင်ကြပါစေ။
ချစ်ပါးလုံး

19 comments:

mikozan said...

ဟဲဟဲ ဒီတခါလဲ တစ် ရပြန်ပီ

ဒီblog နဲ့ ဒီ ချစ်ပလုံး တော်တော်လိုက်တယ်

Anonymous said...

ပါးလုံးလေးရေးးး
လာဖတ်သွားပြီနော်

မိုးခါး said...

ချစ်ပါးလုံးကြီးရေ .. :P

ကောင်းကင်ပြာ said...

ပါးလုံးလေးရေ မမလာဖတ်တယ်

Anonymous said...

ပါးလုံးပါးလုံး စာစီကုံး ဘလော့ဂ်ဂါတွေ တစ်ပြုံးပြုံးး))

ဝသန်မိုး said...

ပါးလုံးလေးရေ ရေးပေးတာကျေးဇူးနော်
း)
ပါးလုံးစာမေးပွဲရှိမှန်းမသိလို့ တက်ဂ်လိုက်တာ
ဆောရီးနော်
ဖြေနိုင်လား
အမှတ်ကောင်းကောင်းရပါစေနော်
ခင်တဲ့
ဝသန်

Anonymous said...

ဘာကြောင့် ပါးလုံးဖြစ်သလဲ သိခဲ့လေပြီ :D

မိုးစက်အိမ် said...

ပါးလုံးလေး အမြဲလုံး နေနိုင်ပါစေဗျာ

ဂျပန်ကောင်လေး said...

ပါးလုံးတဲ့.. ဆွဲဆိတ်ချင်လာပြီ.. ဟီးဟီး .. အခုကော လုံးသေးလား..

Sein Lyan Tun said...

ကဲ ခုတော့သိသွားပြီး
နာမည်လေးက ရိုးရိုးလေးနဲ့လှပါတယ်
ချစ်သော ပါးလုံးကလေး
ဘဝမှာပျော်ရွှင်ပါစေဗျာ
ဂျယ်လီ တစ်ထုပ်ပေးခဲ့ပါတယ်
ချစ်ခင်စွာဖြင့်
ဖိုးစိန်

mgnge said...

နာမည်က ဆန်းတယ်လို့ ထင်နေတာ..ဂလိုကိုး

ဖိုးဂျယ် said...

ဂလိုကိုး နောက်ဆို ပလုံစွတ်လို့ လာလာစမယ်း)

ခင်လို့ စတာပါ ချစ်ပါးလုံးလေးရယ်း)

ခင်တဲ့ ဖိုးဂျယ်

ဆည်းဆာသံစဉ် said...

အနှစ်ရေ....စာလာဖတ်သွားတယ်နော်..:P။ ပါလုံးရထားတဲ့ နာမည်တွေကတော့ အလန်တွေပဲနော်..။ ပေစုတ်...ပေစုတ်...အင်းမှတ်သွားပီ..။ ငါ့ညီမ ပေစုတ်လေး...ဟီးဟီး..ခေါ်လို့ တော့ကောင်းသားပဲ...:D ။

အိုက်ခီလောက် said...

အင်းကောင်းလိုက်တဲ့နာမည်
အပြင်မှာမြင်ဖူးချင်လိုက်တာ ပါးလေးအမို့ အစ်အစ်လေးထင်တယ်
ငယ်ငယ်တုန်းကသာမြင်ဖူးရင်ပိုကောင်းမှာ
လိမ်ဆွဲလို့ ရတယ်လေ
ပျော်ရွှင်ပါစေနော်

Chitpalonelay said...

လိမ်ဆွဲရင်အော်ငိုမှာပေါ့လို့ ဟွန့်။

Chitpalonelay said...

ကိုဆည်းဆာရေ နာမည်လိုချင်ရင်ပြောနော်။ ပါးလုံးပေးမယ် အဟဲ။
နာမည်ပေးတော့ တော်တယ်။ အဟဲ။

မြစ်ကျိုးအင်း said...

ပါးလုံးဆိုတော့ ပုန်းလား ပဲ .....တင်းမှာတော့ မြင်ယောင်သေး

Angelhoneymoe said...

ဒီနေ့ မှ သေချာကြည့်ဖြစ်တယ် ...ချစ်ပါးလုံးကို ...ချစ်..ဝါးလုံး ဆိုပြီးဖတ်နေတာ ...ဟီးးး
အရင်ကစဉ်းစားကြည့်နေတာ ...ဒီကောင်မလေးနာမည်က ဘယ်လိုဖြစ်ပြီး
ဝါးလုံးဖြစ်နေပါလိမ့်ပေါ့ ...ဟားဟား :P

သားကြီး said...

ပြောမယ်...ပြောမယ်..
အဲဒီပါးလုံးလေးကို ကိုဆွဲဆိတ်ချင်တယ် ...ဒါပဲ :P

Post a Comment

အခုလို သေသေချာချာဖတ်ပြီး ကွန်မန့်လာပေးတဲ့အတွက် ကျေးဖူးအထူးပင် တင်ရှိပါကြောင်း ဖတ်ပြီးမှတော့ မန့်ပြီးမှသာ ပြန်စေချင်ကြောင်း ကောင်းသည်ဆိုးသည် ကြိုက်သလိုသာ ဝေဖန်နိုင်ကြောင်း အားလုံးပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေလို့ ဆုတောင်းရင်း ကွန်းမန့်လေးတွေဖတ်ရင်း အားမွေးနေမယ်နော်။ အဟိ။