Feeds RSS

Tuesday, May 12, 2009

ကြွေလွင့်သွားသော အိမ်မက် (၁)



အိမ်မက်တဲ့။ ဟုတ်တယ် ကျေးအိမ်မက်မက်နေတာလား။ သြော် ကျေးအိမ်မက်တွေ ဘယ်ရောက်ကုန်ပါလိမ့်။ အိမ်မက်တွေပျောက်ဆုံးကုန်တာ အခုဆိုရင် နှစ်တွေတောင်တော် တော်ကြာခဲ့ပြီပဲ။ အချိန်တွေတောင် တော်တော်ကြာခဲ့ပြီပဲ။
လမ်းလျှောက်ရမှာပျင်းတဲ့ ကျေးတယောက်၊ နှင်းထဲမှာအေးအေးဆေးဆေး လမ်း လျှောက်ရတာလည်းကြိုက်နေပြီ၊ မိုးရွာရင်အိပ်ဖို့သာ သတိယတဲ့ ကျေးတယောက် မိုးရွာရင် ဆွေးနေတတ်ပြီ၊ စက်ဘီးကိုအမြန်နင်းရတာကြိုက်တဲ့ကျေးတယောက် စက်ဘီးကို ဖြေးဖြေးလေး အတွေးလေးတွေ နဲ့နင်းနေတတ်ပြီ။
အပြင်မှာလည်း နှင်းတွေက အသည်းအသန်ကိုကျနေတာ။ ကျေးတို့အိမ်နောက်က တောင်ကြီးမှာလည်း မြူတွေ မှုန်ဆိုင်းလို့။ ပင်လယ်ပြင်ကြီးကတော့ ငြိမ်သက်နေလေရဲ့။ လေတချက်ချက်အဝှေ့မှာတော့ နှင်းတွေလည်း ရောက်ယက်ခတ်ကုန်သလို သူ့အတွေးနဲ့သူ ငြိမ်သက်နေတဲ့ ပင်လယ်ပြင်ကြီးလည်း လှုပ်ခတ်သွားရတာပဲ။ အားလုံးသူ့အတွေးနဲ့ သူ သူ့အလုပ်နဲ့သူ ရှုပ်နေပုံရတယ်။


ကျေးတယောက်လည်း ဘ၀ပေးတာဝန်အရ အလိုလိုဝင်လာတဲ့ အတိတ်က အတွေးတွေကို မတားစီးနိုင်ပဲ ကျေကျေနပ်နပ်ကြီးပဲ အတွေးထဲမှာစီးမျှောရင်း……
“ ဟဲ့ ကျေး ဟာဒုက္ခပါပဲဟာ.. ငါတော့သေတော့မှာပဲ… ငါမသေချင်သေးဘူးဟ… နင်နဲ့နေချင်သေးတယ်…ဟဲဟဲ…. နင်ငါသေရင်ငိုမှာလား….”
“ ဟဲ့ နင်ကလည်း အစမရှိ အဆုံးမရှိ အလယ်ကဘာမှန်းမသိ။ ဘယ့်နှယ့် ဘာဖြစ်လာပြန် တာလည်း..သီဟရယ် ဖြစ်လိုက်မှဖြင့် အသည်းနဲ့အသန်”
“ ငါမေးတာသာဖြေစမ်းပါ။ နင် ငိုမှာလား မငိုဘူးလား.”
“ ဟဲ့ ငါဘယ်တုန်းက ၀မ်းနည်းပြီးငိုဖူးလို့လည်းဟ စိတ်တိုမှမျက်ရည်ကျတာကို အရူး.”
“ အေးပါ နင်ကလည်း မျက်ရည်ကျတာမကျတာထက် နင်ငိုမှာလား မငိုဘူးလား ဒါပဲပြော”
“ နင်သေတဲ့ ပုံစံပေါ်မူတည်ပြီးတော့ ငိုမှာပေါ့ဟယ် ငါစိတ်ဆိုးအောင်လုပ်ပြီး သေရင်တော့ ဒေါသထွက်ပြီး မျက်ရည်ကျချင်ကျမှာပေါ့။. ဒါနဲ့နေပါဦး နင်က သေမယ်သေမယ် ပြောနေရအောင် အခုဘာဖြစ်လာလို့လည်း..”
“ အေး ငါသေရင်တော့ နင်ဒေါသထွက်အောင် လုပ်ခဲ့ရမယ့်ပုံပဲ ဒါမှတစိမ့်စိမ့်တွေးပြီး ငါ့ကိုလွမ်းနေမှာ… ဟဲဟဲ။ မေမေမနေ့က ပြောနေတယ်ဟ မုန့်ပုန်းထဲက ပုဇွန်ခြောက်တွေ မှိုတက်နေတယ်တဲ့ ငါတော့သွားပြီ ဒါပေမယ့် ငါတယောက်တည်းတော့ မဟုတ်ဘူး ဖေဖေရော”
“ ဟဲ့ ပုဇွန်ခြောက်မှိုတက်တာနဲ့ နင်သေတာနဲ့ နင့်အဖေက အစစ်ပါသေးတယ် နင်ကလည်း ရှင်းရှင်းပြောစမ်းပါဟာ…”
“ နင်ကလည်း မှိုတက်တာတွေစားရင် ကင်ဆာဖြစ်တာ နင်မသိဘူးလား”
အခုမှပဲ ကျေးတယောက်သဘောပေါက်တော့သည်။ သီဟအိတ်ထဲမှာ အမြဲပါတာ ပုဇွန်ခြောက်ပါ သူ့အဖေနဲ့ သူအမြဲခိုးစားနေကျ ပုဇွန်ခြောက်ကြိုက်လို့ ခိုးစားခါမှ သူ့အမေက ပုဇွန်ခြောက်မှိုတတ် တယ်ပြောတော့ သီဟတယောက် ခြေမကိုင်မိ လက်မကိုင်မိ သေမှာတော့ကြောက်တတ်သား။
“ နင်ကလည်းဟယ် ငါ့နှယ် ဘာများလည်းလို့ ဆင်ကိုးစီးစားမကုန်တဲ့ နင့်ခန္ဓာကိုယ်နဲ့ မသေနိုင် ပါဘူး ပုဇွန်ခြောက်သူခိုးလေးရယ်”
ဟုတ်တယ် သီဟက အရပ်ကလည်း ရှည်တယ်။ အသားကညိုတယ်။ ပိန်လည်းမပိန် ယောက်ျားပီပီသသရုပ်နဲ့ သေမှာကြောက်နေတာကြည့်ပြီး ကျေးတယောက် တော်တော် ရယ် ချင်မိသည်။
“ အေးပါ ရယ်နေ တကယ်သေမှ မငိုနဲ့ ငါသရဲလာခြောက်မှာ”ပြောရင်းဆိုရင်း သီဟတ ယောက်သူ့လွယ်အိတ်ကို စမ်းတော့သည်။ ပုဇွန်ခြောက်စမ်းတာလေ။
“ကြောက်ပါဘူး အော်ပဲရယ်မှာ”
“ဟဲ့ ငါတို့ သင်္ကြန်ရောက်တော့မယ်။ သင်တန်းစတော့မယ်နော်။ နင်မပျော်ဘူးလား။ ငါဒီနှစ်တော့ လူပြတ်လုပ်ဖို့ပျက်လုံးတွေ အပြတ်ကို ရှာထားတယ်။သိလား။ နင်ငါနဲ့တဖွဲ့တည်း ကျပါစေသာ ဆုတောင်း သိလား ငါပါတဲ့အဖွဲ့ ဒီနှစ်တော့ ပထမရမှာသိလား။”

ဟုတ်ပ ဘာလိုလိုနဲ့ သင်္ကြန်ရောက်တော့မည်။ သင်္ကြန်ဆို ကျေးတို့က ရေမပက်ပါ။ ဘုရားကျောင်း မှာ ကျေးတို့ကို ကမ့်သွင်းသည်။ ခရစ်ယာန် လူငယ်တော်တော်များများ သင်္ကြန်ကိုမဆော့ကြ။ ဘုရားကျောင်း တွင် အဲ့အချိန်ဆို အနယ်နယ်အရပ်ရပ်က လူငယ်များသင်တန်းလာတက်ကြသည်။

အကြိုနေ့မှစ၍ အတက်နေ့ညအထိ။ ဘုရားကျောင်းမှာပဲ အိပ်ရသည်။ အိပ်တာကတော့ ယောက်ျားလေးများက တဆောင်၊ မိန်းခလေးများက တဆောင်၊ ကျန်တဲ့အချိန်တော့ ယောက်ျားလေး မိန်းခလေးပေါင်းပြီး အသင်းသုံးသင်းခွဲထားပေးသည်။ ထိုအသင်းအလိုက် အမှတ်တွေကို တိုးသင့်ရင်တိုးပေးသည်။ အမှတ်လျှော့သည်က ပိုများသည်။

ထောင့်စုံမှ ဆရာများက အမှတ်လျှော့ဖို့သာ စောင့်နေသည်။ ရောက်ကတည်းက တာဝန်တွေကို အသင်းတိုင်းကို နေ့အလိုက် အချိန်အလိုက် ပေးထားပြီးသားဖြစ်သည်။ ကျေးတို့တော်တော်ပျော် ကြသည်။ တော်တော်လည်းပင်ပန်းသည်။ ပင်ပန်းသည်ဆို အမှတ်လျှော့မှာကြောက်ကြသည်။

တဖွဲ့က ၀တ်ပြုထမင်းပြင်ဆိုလျှင်၊ ကျန်တဖွဲ့က ပန်းကန်ဆေး( ပြီးလျှင် စနစ်တကျစီရသည်)၊ နောက်တဖွဲ့က သန့်ရှင်းရေး၊ အိမ် သာကအစတိုက်ရသည်။ အဖွဲ့သားအားလုံး စည်းစည်းလုံးလုံးနဲ့ တာဝန်ကိုယူရသည်။ ကိုယ့်တာဝန် ကိုယ်လုပ်ယုံနဲ့မပြီးသေးဘူး မြန်မြန်လုပ်ရသည်။

ဘာဖြစ်လို့လည်းဆိုတော့ ညအတွက်ဖြစ်သည်။ ညဆိုလျှင် ခြောက်နာရီမှ ကိုးနာရီထိ ပြိုင်ပွဲရှိ သည်။ အကြိုနေ့ဆိုလျှင် ကျပန်း၊ အကျနေ့ဆိုလျှင် စွမ်းရည်ပြိုင်ပွဲ( ရှိသမျှ စွမ်းရည် အစွမ်းကုန်ထုတ်ရသည်။ အဲ့အချိန်ထက်ထက်မိုးဦးဖြစ်သူဖြစ်၊ ကျော်ဟိန်းဖြစ်သူဖြစ် နှင့်၊ပျော်ဖို့ကောင်းလှသည်။)

အကြတ်နေ့ဆိုလျှင် သီချင်းဆိုပြိုင်ပွဲ( နုတ်နဲ့ တိတိကျကျကို ပြိုင်ရသည်)၊ အတက်နေ့ဆိုလျှင်တော့ ပြဇာတ် (ဇာတ်လမ်းတိုပေါ့)အကယ်ဒမီပါပေးသည်။ပြိုင်ပွဲချိန်မှာ တဖွဲ့ကို ၂၅မိနစ်သာ။ အတက်နေ့တွင် အကယ်ဒမီပေးပြီးသည်နှင့် သင်တန်းဆင်းပွဲပါ တခါတည်းလုပ်သည်။ ဆုတွေလည်းရကြသည်။

နေ့ခင်းဆိုလျှင် ကျမ်းစာသင်ရသည်။ မေးသည်။ အိပ်လည်းမငိုက်ရဲ အဖွဲ့ အမှတ်လျှော့မည်ဆိုး၍တယောက်ကိုတယောက် မျက်စိဒေါက်ထောက်ကြည့်နေရသည်။

အားကစားချိန်တွင်လည်း ထိုနည်း၎င်းပင် တယောက်ကိုတယောက် မရှက်အား အမှတ်လျှော့မည်ကိုတော့ လူတိုင်းက ကြောက်ကြသည်။

ထိုအမှတ်အတွက် သင်တန်းတပတ်လုံး အားလုံးမနားနိုင်ကြ မအိပ်နိုင်ကြ ကြိုးစားကြသည်။ အဲ့လိုမအိပ်၍ ကျေးတို့ ဆရာတွေပါ မအိပ်နိုင် ညသန်း ကောင်ထပြီး သံချပ်တိုက်သူကတိုက်၊ သန့်ရှင်းရေး အဖွဲ့ကလည်း မနက်၂နာရီထပြီး အိမ်သာသန့်ရှင်းရေး လုပ်သူကလုပ်နှင့် ကျေးတို့ဆရာက စည်းကမ်းထပ်တိုးသည်။ မအိပ်သည့် အဖွဲ့ အမှတ်လျှော့မည်ဟု ဆိုသည်။

လူတိုင်း သင်္ကြန်ဆို ပျော်ကြသည်။ ကျေးတို့လည်းပျော်သည်။ ပျော်ပုံချင်းတော့မတူ။ ကျေးတို့ ရင်ခုန် ပုံကတစ်မျိုး။ ဒါကြောင့် ကျေးအိမ်ကပြောနေကျ မသွားခင်တပတ်နားညီးသည်။ ပြန်လာလျှင်တပတ်နားညီးသည်တဲ့ သင်္ကြန်တပတ်သာ နားအေးသည်တဲ့။

ဟုတ်တော့ဟုတ်သည် ကျေးတို့မသွားခင်ကျတော့ ရောက်တော့မည့် သင်တန်းအကြောင်းကို ကြိုစိတ်ကူးယဉ်၊ ပြင်ဆင်တာနဲ့ ဆူညံ့နေသည်။ ပြန်လာသည့်တပတ်တွင်လည်း သင်တန်းအကြောင်း သူငယ်ချင်းများအကြောင်း ပြောမဆုံးပေါင် တောသုံးတောင် ပြောလွန်း၍ အိမ်ကနားညီးမည်ဆိုလည်း နားညီးချင်စရာ။ ဖြစ်နိုင်ပါသည်။

အခုသီဟတယောက် သင်တန်းအတွက် ပြင်ဆင်ထားသည်ဆိုတော့မှ ကျေးလည်း သတိယတော့သည်။ ပြုံးမိသည်။

“ ဟဲ့ ဒေါ်ရွှေကျေးမွန် ဘာတွေဒီလောက် ပြုံးနေရတာလည်းဟ ငါပြောနေတာမကြားဘူးလား။”

“ နင်ကလည်း နင်ကသင်တန်းအကြောင်းပြောတော့ ငါလည်း သတိယသွားတာပေါ့။ စွမ်းရည်ပြိုင် ပွဲအတွက် ကြော်ငြာတွေကြည့်ရအောင်လေ။ နင်သာငါနဲ့ကျပါစေဆုတောင်း သိတယ်နော်။ မိကျေးတို့က ဘယ်လိုတော်တယ်ဆိုတာ”

“ ကိုယ့်ကိုကိုပဲ မြှောက်နေ နင်သာဆုတောင်း ငါပြန်တော့မယ်ဟယ်နော် မနက်ငါ နင့်အတွက် သကြားသီးကောက်ထားမယ်နော်။ သကြားသီးတွေကြွေနေပြီဟ။ အခုတော့ငါပြန်တော့မယ် နင်နဲ့လေရှည်နေတာ။ မေမေက နင်သိတဲ့အတိုင်းပဲ။ တရားခံစစ်စစ်နေဦးမယ် နည်းနည်းနောက်ကျတာနဲ့။” ဟုတ်သည် သီဟမိဘများက အရမ်းစည်းကမ်းကြီးသည်။

ဘယ်ပစ္စည်းမဆို ယူလျှင် ယူသည့်နေရာ ပြန်ထားရသည်။ ဒီအချိန်ပြန်နေကျ ပြန်မှကြိုက်သည်။ ဘာထူးလည်းသူပဲမဟုတ် ကျေးလည်းအတူတူပါ။ ကျေးတို့မိသားစုလည်း အရမ်းကို စည်းကမ်း ကြီးသည်။ ဒါပေမယ့် သူ့မိဘတွေလောက်တော့ မဆိုး။

“ ဟယ် သကြားသီး ကြွေပြီပေါ့လေ။ ဒီတခါတော့နင်တော်သွားပြီ နင်သေရင်သတိယပါ့မယ်ဟာ သကြားသီးကောက်ပေးတာလေးကို … နင်ပြန်မယ်ဆိုပြန်တော့လေ တော်ကြာ အန်တီလွင် နင့်ကိုဆူနေဦးမယ်။ နင့်ကိုဆူမှာစိုးလို့တော့မဟုတ်ဘူး ငါပါအစစ်ပါနေမှာစိုးလို့။”

ကျေးကသကြားသီးအရမ်းကြိုက်သည်။ သီဟတို့ တဘက်ခြံတွင် သကြားသီးပင် အကြီးကြီး ရှိသည်။ တော်တော်ကိုကြီးသော အပင်ဖြစ်သည်။ ထိုအပင်မှ အသီးများကြွေလျှင် သီဟတို့ ခြံထဲ တွင် ကောက်မကုန်နိုင် စောစောကြွေသော သကြားသီးများမှာ အလွန်မှ လတ်ဆတ်လှသည်။ သီဟက ကျေးအတွက် အမြဲကောက်ပေးသည်။

သီဟနဲ့ကျေးဆိုတာက ငယ်ငယ်ကတည်းက တယောက်ကိုတယောက် အရမ်းကိုခင်ကြတဲ့ သူငယ်ချင်းတွေ၊ ချစ်လည်းချစ်ကြသည်။ သီဟတို့အမေနဲ့ ကျေးတို့ဦးလေးကလည်း ကျေးနဲ့သီဟ ခင်သလို ငယ်သူငယ်ချင်းတွေ အဲ့တော့ သီဟတို့အိမ်သွားလျှင်လည်း မိသားစုဝင်လိုဖြစ်သည်။ ကျေးတို့အိမ်လာလျှင်လည်း အတူတူပင်။

သို့နှင့် သင်တန်းကြီးစတော့သည်။ ကျေးတို့တော်တော်ပင် ပျော်ကြသည်။ ကျေးနှင့် သီဟတဖွဲ့တည်းတော့မကျ ဘာလို့လည်းဆိုတော့ ဘုရားကျောင်းမှ ဆရာ၊ ဆရာမများက ကျေးနှင့်သီဟကိုတဖွဲ့တည်းမထား နှစ်ယောက်သားတွေ့လျှင် ပြောစရာစကားမကုန်နိုင်။ ဘာတွေပြောမှန်းမသိ ငြင်းခုန်နေသည်ကများသည်။

သင်တန်းပြီးတော့လည်း သူငယ်ချင်းများနှင့် ခွဲရမည်ဆို၍ကျေးတို့ မျက်ရည်လေးတစမ်းစမ်းနှင့်။ သီဟကတော့ ဒိုင်ယာရီစာအုပ်တအုပ်နှင့် ဘာတွေအလုပ်ရှုပ်သည်မသိ အော်တိုတွေရေးခိုင်း ရှုပ်ယှက်ကိုခတ်နေတော့သည်။ ဘာပဲဖြစ်ဖြစ်ပျော်ကြသည် ၀မ်းနည်းကြသည်။

နှစ်တိုင်း ချစ်သူများနေ့ရောက်လျှင်လည်း ကျေးနဲ့ သီဟ ချစ်သူများနေ့ဆိုတာဘာမှန်းမသိ သူများချောကလတ်စားသည်ဆို၍ နှစ်ယောက်သား သကြားလုံးတထုတ်ဝယ်၍ ထိုင်စားကြသည်။ ၀က်သားတုတ်ထိုးဝယ်၍ ထိုင်စားကြသည်။ ဆိုင်မှာတော့စားလို့မရ သီဟတို့အိမ်ကလည်းမကြိုက် ကျေးတို့အိမ်ကလည်း မကြိုက် ထို့အတွက် နှစ်ယောက်သား ၀ယ်ပြီး သီဟတို့အိမ်က သနပ်ခါးပင်အောက်တွင် ခိုးစားကြရသည်။

တက္ကသိုလ်စတတ်မည့်နှစ် ချစ်သူများနေ့တွင် မထင်မှတ်ပဲ သီဟ ကျေးကိုရည်းစားစကားပြောတော့ သည်။ ကျေးမမျှော်လင့်ထားပါ။ ဘာပြောရမှန်းမသိ ကျေးကြောင်အန်းနေတော့သည်။ သီဟကိုသံယောဇဉ်ရှိတာတော့မှန်သည်။ ဒါပေမယ့် ကျေးအဲ့ဒါမျိုးမစဉ်းစားခဲ့ဖူးပေ။ ဒါနဲ့ သူအတင်းမေးတော့ ကျေးက “ နင့်ကို ငါအရမ်းမုန်းတယ် သီဟ” လို့ ဖြေလိုက်သည်။

ကျေးပြောပြီးမှအံ့သြသွားသည်။ အဲ့အချိန် သူစိတ်ထိခိုက်သွားမယ်လို့တွေးမိတုန်း “ ဟေး နင်တကယ်ပြောတာနော်”တဲ့ ကျေးပြောတာ မုန်းတယ်ပြောတာ သူဘာလို့ပျော်နေတာပါလိမ့်ပေါ့။ ထတောင်ခုန်လိုက်သေးသည်။ ပြီးမှ

“အခုမှ ပီမိုးနင်းဖတ်ရကျိုးနပ်တော့တယ် ဆရာကြီးပီမိုးနင်းကပြောတယ်။ မုန်းတယ်ပြောတာ ချစ်လို့တဲ့ ပြီးတော့ နင်က ရိုးရိုးမုန်းတာမဟုတ်ဘူး အရမ်းမုန်းတာ ဟဟ နင်ငါ့ကိုအရမ်းချစ်တာ ငါသိသွားပြီ နင်ဘာပြောပြော ပြဿနာမရှိဘူး ကဲငါပြန်တော့မယ်။ မေမေဆူနေဦးမယ် ကျေးရေ ကျေးဇူး”

ကျေးဘာပြောရမှန်းမသိအောင်ကို ဖြစ်သွားတော့တယ်။ “ကောင်စုတ် နောက်နေ့တော့တွေ့ပြီသာ မှတ်” ကျေးရင်ထဲမှာလည်း တမျိုးတော့ဖြစ်သွားတယ်။ အဲ့လိုနဲ့ သူကတော့ ချစ်တယ်ဆိုတဲ့ အဖြေကို သူ့သဘောနဲ့သူ ယူသွားသည်။

နောက်နေ့များတွင် ကျေးရော သူရော ဘာမှမပြောဖြစ်။ အရင်တိုင်းသာ တွဲသွားတွဲလာဖြစ်သည်။ ဒါနဲ့ တနေ့ ကျေးတို့နှစ်ယောက်ဝေးဖို့ဖြစ်လာတော့သည်။ “ အန်တီ သီဟရှိလား” “ ရှိတယ်သမီး”
“ ဟဲ့ သီဟ ငါနင့်ကိုပြောစရာရှိလို့ နင်ခြံထဲခဏလာခဲ့ဦး”
“ နင်ငါ့ကိုချစ်တယ်ပြောမလို့ဟုတ် ငါသိတာပေါ့”
“နင်ကတမှောက် ငါ ငါ့အဖေရှိတဲ့ နိုင်ငံကို သွားရတော့မယ်။ တနေ့သွားရမယ်ဆိုတာ ငါသိတယ် ငါ့အဖွားပြောထားလို့လေ ဒါပေမယ့် နင့်ကိုမပြောဖြစ်ဘူးဟာ နင်စိတ်ထိခိုက်မှာစိုးလို့”
“ နင်ဘယ်တော့သွားမှာလည်း”
“ ငါတနင်္ဂနွေနေ့ သွားရမယ် အိမ်ကအားလုံးစီစဉ်ပြီးပြီဟ ငါနင့်ကိုလာပြောတာ အဲ့ဒါ”
သီဟတယောက် ကျေးတို့ဆော့နေကျ မြက်ခင်းပြင်ပေါ်တွင် ပိုးလိုးပက်လက်ကို ဖြစ်သွားတော့သည်။ နှစ်ယောက်လုံး အချိန်တော်တော်ကြာကြာ စကားမပြောဖြစ်။ ကျေးလည်းဘာမှမပြောတတ်တော့။ သူက သီချင်းအော်ဆိုတော့သည် “ တို့ဝေးမယ့်အကြောင်း တွေမရှိခဲ့ ယုံကြည့်နေရင်းနဲ့ အဝေးဝေးပြီဟေ့…..” သူအော်ဆိုလိုက်ခါမှ ကျေးမျက်ရည်ပါ ကျချင်သည်။ မနည်းကိုထိန်းထားရသည်။ ပြီးတော့ သူကပြောလိုက်သေးသည်။

“ နင့်တက်လမ်းဖြစ်တဲ့အတွက် ငါမတားတော့ပါဘူး ဒါပေမယ့် ငါနင့်ကိုလိုက်ရှာမယ် အဲ့ဒါနင်မမေ့နဲ့ နင်မေ့ရင် ငါနင့်ကိုစိတ်ဆိုးမှာ ဖေဖေက ငါ့ကိုကျောင်းပြီးရင် သူလိုက်ခဲ့တဲ့ သင်္ဘောကုမဏ္ဏီမှာ ငါ့ကိုလိုက်ခိုင်းမယ်ပြောတာ ငါနင်နဲ့မခွဲနိုင်လို့ မလိုက်ချင်ဘူးပြောထားတာ အခုတော့ ငါလိုက်မယ် ဟာ ငါနင့်ကိုတွေ့အောင်ကိုရှာမယ်။ နင်သာငါ့ကိုမမေ့စေနဲ့”

“ နင်ကလည်းဟယ် ငါကမေ့စရာလား ငါတို့ဘတ်စ်ကတ်ဘောပုတ်ရအောင်ဟာ အမှတ်တရပေါ့ မပုတ်ရတာကြာပြီနော်။ “

“ အေး ငါ့ကိုနင်မမေ့ရဘူးနော်။ ပြီးတော့ နင်မနက်ဖြန် ကွင်းထဲက ကျောက်တိုင်ကိုလာခဲ့။ ညနေလေ သိလား။” ကျောက်တိုင်ကတော့ သူတို့အိမ်နဲ့ ကျေးတို့အိမ်ရဲ့ ခလယ်ဗဟိုပါ။ ဘောလုံးကွင်းထဲက အာဇာနည်ကျောက်တိုင်ကြီးပေါ့။ ဒါနဲ့ကျေးနဲ့သူ ကစားပြီး ကျေးလည်းပြန်လာ သည်။

နောက်နေ့ ကျောက်တိုင်မှာ သီဟတယောက် အရင်ရောက်နှင့်နေတယ်။ “ ကျေးရော့ ဒါနင့်အ တွက် နင်နဲ့ငါနဲ့ လက်စွတ်တယောက်တကွင်း နင်မချွတ်ပစ်နဲ့နော် ငါသစ္စာဆိုပြီးမှပေးတာ ဘယ်တော့မှပျောက်မှာမဟုတ်ဘူး အဲ့ဒါ ပျောက်သွားရင်တောင် နင်ငါ့ကိုမမေ့နဲ့နော် သိလား ပြီးတော့ နင်ကဘယ်တော့မှနှုတ်ခမ်းနီမဆိုးလို့ နှုတ်ခမ်းနီဖျော့ဖျော့လေး နင်ဆိုးချင်စိတ်ပေါက်တဲ့ နေ့ ဆိုးပေါ့။ ပြီးတော့ ဆံပင်အရှည်ထားမယ်ဆိုလို့ ဘီးအဖြူနော် နင်အဖြူကြိုက်လို့ သိလား”

ကျေးတယောက် ဘာလုပ်ရမလည်း မျက်ရည်တွေက ဘယ်လိုကျလာမှန်းမသိဘူး သူ့အတွက် ယူလာတဲ့ ကချင်လွယ်အိတ် အနီကလေးကိုပဲထုတ်ပေးပြီးတော့ “ နင်စာမေးပွဲဖြေရင် လွယ်ချင် တယ်ပြောလို့ ငါဝယ်ထားတာ နင်နဲ့ဆင်တူလေ နင့်ကိုအံ့သြအောင် မဖြေခင်တရက်မှ ပေးမလို့။ ဒါပေမယ့် အခုပဲယူလိုက်ပါတော့ စာမေးပွဲဖြေခါနီး ငါမှမရှိတော့တာ ပြီးတော့ ငါနင့်ကိုမခွဲချင် ဘူး

နင်လာမယ့်နေ့ကိုငါစောင့်နေမယ်။ ဒါမှမဟုတ် ငါပြန်လာလို့ရရင်ပြန်လာခဲ့မယ် ချက်ချင်းတော့ ပြန်လာလို့ရမှာမဟုတ်ဘူးနော်။ ဒါပေမယ့် ငါကြိုးစားမှာပါ။ ငါတို့နှစ်ယောက် ငယ်ငယ်ကတည်းက လုပ်ချင်တဲ့ မိဘမဲ့ဂေဟာကို ငါတို့တနေ့လုပ်ကြတာပေါ့။ နင်လည်းကြိုးစားနော်။ နင်ကြားချင်တဲ့ စကားလေး ငါပြန်ပြောခဲ့မယ်နော်။ ငါနင့်ကို အရမ်းမုန်းတယ်။”

“အေးပါ ငါကြိုးစားမှာပါ။ နင်လည်းကြိုးစားနော်။ နင်ဟိုရောက်ရင် ကျန်းမာရေးဂရုစိုက်နော်။ နင်တနင်္ဂနွေ သွားရင်ငါလိုက်ပို့မယ်နော်သိလား၊ နင်မရှိရင် ငါအိပ်ပျော်ပါ့မလားမသိဘူး။ အားလုံးကလွမ်းစရာတွေချည်းပဲ၊ မနေ့ညကလည်း ငါတညလုံးအိပ်မပျော်ဘူးဟာ”

“ငါနားလည်ပါတယ် ဘာပဲဖြစ်ဖြစ် အကောင်းဆုံးတော့ကြိုးစားကြတာပေါ့၊ ကဲငါပြန်တော့မယ် ပစ္စည်းတွေထည့်ရဦးမယ် မနက်ဖြန်ဆိုတော့အချိန်မရှိတော့ဘူး ဘုရားကျောင်းလည်း တချက်သွားဦးမယ်လေ။ နင်တော့မလိုက်ပါနဲ့တော့ ကဲငါပြန်ပြီနော်”

“အေးထားခဲ့တဲ့သူနဲ့ ကျန်ခဲ့တဲ့သူ ကျန်ခဲ့တဲ့သူက ပိုခံစားရတယ်တဲ့ ငါထင်တာ နင်ငါ့ကိုဘယ် တော့မှမထားခဲ့ဘူးလို့လေ ငါနင့်ကိုမထားခဲ့ဘူးလို့ ဆုံးဖြတ်ထားတာ နင်ခံစားရမှာစိုးလို့ ငါပျော်ပါတယ် နင့်ဘ၀တက်လမ်းအတွက်ဆိုတော့ နင်ကြိုးစားနော် အေးနင်သွားတော့လေ ငါနင့်ကိုကြည့်နေမယ်”

ကျေးတယောက် စက်ဘီးစီးပြီးဘုရားကျောင်းကိုဆက်သွားခဲ့သည်။ နောက်တော့ ဆရာတော် တွေက ဆုတောင်းကောင်းချီးပေးသည်။ ကျေးတနေ့နေ့ ဒီလိုထွက်လာရမှာသိပေမယ့် တကယ်ထွက်လာရတော့ ကျေးခံစားရသည်။

ဒုတိယပိုင်းမျှော်နော်....

ပထမဆုံးရေးတဲ့ ဖြစ်ရပ်မှန် ၀တ္ထုတိုလေးပါ ဆားတို့အချိုမှုန့်တို့လိုရင်လည်း ကိုယ့်ဟာကိုသာ လိုသလိုထပ်ဖြည့်ထည့်ပြီး ဖတ်ပေးကြပါနော်။ အဟိမေတ္တာရပ်ခံတာ။ ကြိုးစားပါဦးမည်။ ပျော်ရွှင်ပါစေ။
ချစ်ပါးလုံး

10 comments:

ကောင်းကင်ပြာ said...

သေသေချာချာကို ဖတ်တယ် ညီမလေးရေ၊ ရေးတတ်လိုက်တာ၊ ဆက်ရန် မျှော်မယ်နော်

မိုးခါး said...

ဇာတ်သိမ်းမှာ ပေါင်းကြလေသတည်း လေးဖြစ်ပါစေ ပါးလုံးရေ ..
ဆုတောင်းပေးတယ်နော် ..း)

ဂျပန်ကောင်လေး said...

ဟီးဟီး.. ပါးလုံးဇာတ်လမ်းမလား..း)

မိုးမြင့်အောင် said...

ရသမြောက်တယ်

mikozan said...

korea drama kya nay tar pe\

mite tal

ဖြိုးဇာနည် said...

ဂယ်ပဲဟွန့့်ဆန့်ငင်ဆန့်ငင်နဲ့
ကိုရီနိုမန်းလိုပဲ အခန်းဆက်လုပ်တယ်
ဖတ်ရတာအားမရဘူ့းကိုရီနိုမန်းကိုတော့
တစ်ပုဒ်လုံးကို အစအဆုံးပြန်ဖတ်ပြီး
အခုပဲဇတ်သိမ်းပစ်လိုက်တယ်အေးရော့
ပါးလေးရေ့မြန်မြန်ဇတ်သိမ်းပါဗျို့

Anonymous said...

လာ မန့်ပါတယ် ပါးလုံးရေ ဟိုနေ့က လာပြီး မမန့်ဖြစ်တာတော့ ဆောရီးဗျာ ကျွန်တော့် မလည်းဘလော့လေး တစ်ခုနဲ့တိုင်ပတ်နေတာ မပြီး မပြီးနိုင်တော့ဘူး
ကဲ ဘာပဲဖြစ်ဖြစ် ပထမဆုံးရေးတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေး ကတော့ လှနေပြီဗျာ တန်းလန်းကြီးတော့ ထားခဲ့နဲ့နော် ဇာတ်သိမ်းကို သိချင်နေပီ
သြော် ကျွန်တော့်ဘလော့ လေးလာကြ့ည့်ဦးဗျ အသစ်နော် လုပ်တော့ ပီးပီ အချော မသတ်သေးဘူး အဆင်မပြေတာတော့ အများကြီးပဲ ဖြစ်အောင်တော့ လုပ်ကတာပဲ www.mgphoenann.wordpress.com

Anonymous said...

ပါးလုံးလေး ရဲ့ဇာတ်လမ်းလား
ကောင်း၏

Anonymous said...

တော်တော်ရေးတတ်တဲ့ ကောင်မလေး .... အကိုတွေထက်တောင် တော်တယ် ဆက်ရေးဟေ့

သားကြီး said...

အစပ်အဟပ်အပေါ့အငံအကုန်တည့်နေသဖြင့် ဘာမှထပ်မစွက်တော့ပါ
အီး..ဟီး..ဟီး :'(
တော်တော်ဆိုးတဲ့ဘလော့ပိုင်ရှင် နောက်တစ်ခါအလွမ်းဇာတ်ရေးရင်
တစ်သျှူးဘူးပါ တစ်ပါတည်း ထားပေးထား.. ဒါပဲ။
ဒုတိယပိုင်းကိုမျှော်သည်။

Post a Comment

အခုလို သေသေချာချာဖတ်ပြီး ကွန်မန့်လာပေးတဲ့အတွက် ကျေးဖူးအထူးပင် တင်ရှိပါကြောင်း ဖတ်ပြီးမှတော့ မန့်ပြီးမှသာ ပြန်စေချင်ကြောင်း ကောင်းသည်ဆိုးသည် ကြိုက်သလိုသာ ဝေဖန်နိုင်ကြောင်း အားလုံးပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေလို့ ဆုတောင်းရင်း ကွန်းမန့်လေးတွေဖတ်ရင်း အားမွေးနေမယ်နော်။ အဟိ။