Feeds RSS

Friday, May 8, 2009

ဘာလည်းဟဲ့ ရိုးရာ




ပါးလုံးလည်း ကိုယ့်ခံစားချက်လေးတွေကို တင်မယ်တင်မယ်နဲ့ မအားတာရော စိတ်လေနေတာရောကြောင့် မတင်ဖြစ်ဘူး။ အခုတလော စိတ်တွေကလည်းလေ ဘာမှလည်းမလုပ်ချင် နေရထိုင်ရတာက အသားမကျနဲ့ နည်းနည်းကသိ ကအောက်ဖြစ်တယ်ဆိုပါတော့။ အဲ့လိုအစဉ်မပြေတာလေးတွေ များလာလို့ ပါးလုံးရဲ့ စကားနိုင်လုဖတ်လေးရော အစဉ်ပြေရဲ့လားလို့သတိယမိတယ်။
ပါးလုံးတို့ Brattvåg မြို့မှာ ဗမာစကားပြောစရာဆိုလို့ ပါးလုံးတို့နဲ့ သူတို့မိသားစုပဲရှိတယ်။ သြော် Brattvåg ဆိုတာကတော့ နော်ဝေနိုင်ငံရဲ့ မြို့လေးတမြို့ပါ။ သူတို့အိမ်နဲ့ ပါးလုံးတို့အိမ်က တနာရီလောက်လမ်းလျှောက်ရတယ်။ သူက အသက်ကခြောက်နှစ် နာမည်က ချစ်စုမတဲ့ စကားကလည်းတတ်လိုက်တာမပြောနဲ့ ပါးလုံးလောက်စကားများတဲ့သူတောင် သူ့ကိုအနိုင်နိုင်လုပြောရတယ်။


အဲ့ဒါနဲ့ အခုနက စကားလေးဆက်ပြောပါဦးမယ်။ သူ့ရော အစဉ်ပြေရဲ့လားပေါ့။ သူကလည်း သူ့ကျောင်းနဲ့သူ ပါးလုံးကလည်း ပါးလုံးကျောင်းနဲ့ နှစ်ယောက်သားမအားကြ၊ အိမ်ကလည်းဝေးတော့ စကားနိုင်လည်းမလုအားကြဘူးလေ။ သူ့အမေတွေ့လို့ မေးတော့ သူရောအစဉ်ပြေလားပေါ့ အဲ့ဒါသူ့အမေကပြောပြတယ်။ ချစ်စုမ ခံစားနေရတဲ့ပြဿနာကိုပေါ့။
အဲ့ညနေက သူက ကျောင်းကပြန်ရောက်တာနဲ့ သူ ထမင်းစားမယ်ဆိုတော့ သူ့အဖေက ထမင်းခူးပေးတာပေါ့ အဲ့တော့ သူကသူ့အဖေကို ပြောတယ် “ဖေဖေရယ် ရိုးရာဇွန်းလေးနဲ့ ပေးပါ” တဲ့ အဲ့ဒါနဲ့ သူ့အဖေလည်း ဘာပြောရမှန်းမသိဖြစ်နေတယ်။ သူပြောတဲ့ ရိုးရာဇွန်းဆိုတာက တော့ ပါးလုံးတို့ မြန်မာနိုင်ငံမှာက ဇီးဘရားဇွန်းအတိုတွေသုံးတယ်။ ဒီနိုင်ငံမှာက ဇွန်းအရှည်တွေကိုသုံးတယ် သူကအဲ့ဒါကိုရည်ညွှန်းနေတာလေ။ ပြီးတော့ပြောလိုက်သေးတယ် “မေမေရယ် သမီးတော့ ဒီကဇွန်းတွေကိုမသုံးတတ်ပါဘူး၊ ရိုးရာဇွန်းလေးနဲ့ စားမှ ထမင်းစားရကောင်းတာ” ဆိုပဲ။
အဲ့ဒါနဲ့ သူ့အမေနဲ့ အဖေကရယ်မယ်တောင် မကြံသေးဘူး သူကဆက်ပြောလိုက်သေးတယ်။ “မေမေရယ် သမီးဒီမှာနေရတာ အစဉ်မပြေဆုံးကတော့ ရိုးရာအိမ်သာလေးမတက်ရတာကိုပဲ”တဲ့။ ရိုးရာအိမ်သာဆိုတာကတော့ ပါးလုံးတို့ဒီဘက်မှာက ဘိုထိုင်အိမ်သာတွေကို သူကတက်ချင်ပုံမပေါ်ဘူး။ နောက်ဆုံးတော့မှ သူ့အဖေနဲ့ အမေလည်း ရယ်ပဲရယ်ရမလား ငိုပဲငိုရမလားမသိအောင်ဖြစ်သွားတော့တယ်။အဲ့ဒါနဲ့ သူ့အဖေက “ချစ်စုမရယ် နင့်မှာလည်း တယောက်တည်းနဲ့ကို ရိုးရာတွေနဲ့ ရှုပ်နေတာပဲ” ဆိုတော့ ” ဖေဖေရယ် အားလုံးက ရိုးရာပဲအစဉ်ပြေပါတယ်” တဲ့။
အဲ့ဒါနဲ့ပါးလုံးနဲ့ အဖေ့ကိုပြန်ပြောပြတော့ အဖေလည်း အဲ့ရိုးရာ ရောဂါထလာပါလေရော။ အိမ်ရောက်တာနဲ့ ချစ်စုမပြောတာမှန်တယ်ဆိုပဲ။ ရိုးရာဇွန်းနဲ့ပဲစားချင်တယ်တဲ့။ ရိုးရာအိမ်သာပဲတက်ချင်တယ်တဲ့တော်။ တခုခုဆို ရိုးရာ၊ ရိုးရာနဲ့ ဒီမိသားစုနှစ်စုမှာ အဲ့စကားက တော်တော်လေးခေတ်စားသွားတယ်။ သြော် ရိုးရာ၊ ရိုးရာ…. ဘာလည်းဟဲ့ ရိုးရာ။
ပါးလုံးတို့ ရောက်စက အဖေနဲ့ ချစ်စုမတို့ရဲ့ ခံစားချက်လေးတွေကိုရေးထားတာပါ။

ချစ်ပါးလုံး

9 comments:

မိုးခါး said...

သြော် ရိုးရာ ရိုးရာ :D

မိုးခါး

Anonymous said...

ရိုးရာဆိုတဲ့ စာလုံးလေးမြင်ရတော့ စိတ်ထဲနဲနဲ တင်းကျပ်သွားတယ် ... မြန်မာတစ်ယောက်ဆိုပေမယ့် မြန်မာမဟုတ်တဲ့ ယဉ်ကျေးမှု၊ မြန်မာ မဟုတ်တဲ့ ပတ်ဝန်းကျင်၊ မြန်မာမဆန်တဲ့ လူနေမှု စရိုက် ၊ မြန်မာမဆန်တဲ့ ရိုးရာတွေကြားမှာ ရောက်နေတာ တော်တော်လေး ခံစားရခက်တဲ့ အရာပါ ... ရိုးရာတွေကို ပြန်သတိရခဲ့ပါတယ် ..

Anonymous said...

ပါးလုံးလေးမွေးနေ့ ဆို
မမမြူးကအဲလိုထင်ပြီး
လိုက်လာတာဘာမှလဲတွေ့ ဘူး
ဟုတ်ရင်တော့ပါးလု့းလေးရေ................
မင်္ဂလာရှိသေားမွေးနေ့ လေးဖြစ်ပါစေနော်
ဆန္ဒနဲ့ ဘ၀တထပ်ထဲကျပါစေ
ဂျယ်လီလဲအမြဲစားရပါစေ
မမမြူးလာသေးတယ်
ပါးလုံးလေးဘလောဂ့်က၀င်လို့ မရလို့ ပြန်နေရတယ်

ကောင်းကင်ပြာ said...

မမလဲ ရိုးရာပဲ ကြိုက်တယ် ပါးလုံးလေးရေ

may16 said...

ညီမလေးပါးလုံးရေ စာလာဖတ်ပါတယ် လင့်ထားတာလည်း ကျေးဇူးတင်ပါတယ် ပျော်ရွင်ပါစေ

ဖြိုးဇာနည် said...

ရိုးရာရိုးရာ့ဟုတ်ပ နာလဲရိုးရာ လိုက်လုပ်အုံးမယ့်

ဂျပန်ကောင်လေး said...

မှန်တယ်ဟ.. တခါတလေမှာ ရိုးရာအိမ်သာနဲ့ တက်ရတာ ပိုပြီး ၀မ်းသွားတယ်.. ၀မ်းရှင်းတယ်ပေါ့ဟာ.. (ဟီးဟီး.. စမ်းကြည်လေ့..ယှဉ်ကြည့်.. တကယ်ပြောတာ)...

nhoungwatann said...

ပါလုံးရေ ရိုးရာဆိုတာ ကိုမေ့ပျောက်မသွားအောင်သတိများပေးလိုက်တာလားကွယ် ...
လူမျိုးတိုင်း မှာ ကိုယ်ပိုင်ရိုးရာတော့ရှိ ကြတာပါပဲ ..အနေဝေးသွားတဲ့အခါ ရိုးရာ လည်းဝေးသွားတတ်ကြတယ်...ဒါကို သတိရအောင်ဖော်ထုတ်ပေးတဲ့ ပါလုံး စာစဉ်လေးကို ကျွန်တော် တစ်ကယ်ကို ကြိုက်နှစ်သက်ပါတယ်ဗျာ

သားကြီး said...

ရိုးရာကအရေးကြီးတယ် ဟားဟား
ရိုးရာဇွန်းရယ် ရိုးရာအိမ်သာရယ်
ကိုတောင်ခုထိဘိုမထိုင်တတ်သေး ဟီး

Post a Comment

အခုလို သေသေချာချာဖတ်ပြီး ကွန်မန့်လာပေးတဲ့အတွက် ကျေးဖူးအထူးပင် တင်ရှိပါကြောင်း ဖတ်ပြီးမှတော့ မန့်ပြီးမှသာ ပြန်စေချင်ကြောင်း ကောင်းသည်ဆိုးသည် ကြိုက်သလိုသာ ဝေဖန်နိုင်ကြောင်း အားလုံးပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေလို့ ဆုတောင်းရင်း ကွန်းမန့်လေးတွေဖတ်ရင်း အားမွေးနေမယ်နော်။ အဟိ။