Feeds RSS

Friday, May 29, 2009

မပိန်မဖောင်းသော ပိုက်ဆံအိတ်( တက်ဂ်ပို့စ်)

အခုတလော စာများပါတယ်ဆိုမှ တက်ဂ်ပို့စ်တွေ အရမ်းကိုခေတ်စားနေတာ။ ပါးလုံးလည်း ပျော်ပါတယ်။ တက်ဂ်ပို့စ်လေးတွေ လိုက်ဖတ်လိုက် အကိုတွေအမတွေအိမ်မှာ လိုက်အော်လိုက်နဲ့ အဲ့ကမ္ဘာလေးကို ပျော်မှန်းမသိ ပျော်နေတယ်။ စိတ်ညစ်တာတွေလည်း တော်တော်လျှော့သွားသ လိုပဲ။ စိတ်ညစ်တာတွေလည်း မစဉ်းစားမိတော့ဘူး။
ဘာရေးမယ် ဘာရေးမယ်ဆိုတာလေးပဲ ခေါင်းထဲရောက်နေတယ်။ အရစ်ရှည်တာတော့ မဟုတ်ပါဘူး။ ကြုံတုန်းလေး ခံစားချက်နည်းနည်းကို ရင်ဖွင့်လိုက်ဦးမယ်ဗျာ။ စာမေးပွဲမဖြေခင်က တော့ဆရာမက စာမေးပွဲအတွက်ဆိုပြီး အိမ်စာတွေကို တလစပ်ပေးတယ်။ ကျောင်းမှာလည်း မနား တမ်း။ လက်ခံပါတယ်။ စာမေးပွဲနီးလို့။

စာမေးပွဲဖြေတဲ့ နေ့ကျတော့လည်း စာမေးပွဲကို တနေ့လုံးကို တမြေ့မြေ့ဖြေရတယ်။ နားချိန် မှာအဖြေလွှာသိမ်းသွားတယ်။ ပြန်တက်တဲ့အချိန် ပြန်ပေးပြီး တရစပ်ဖြေခိုင်းတယ်။ အဲ့အထိလည်း လက်ခံပါတယ်။ စာမေးပွဲ မဖြေခင်တညလုံးလည်း မအိပ်ထားလို့ စာမေးပွဲပြီးလို့ ကောင်းကောင်း ကျိုးရမလားမှတ်တယ်။ ပြီးသွားတော့ ကျန်တဲ့အချိန် လေးဆယ့်ငါးမိနစ်ကို အိမ်စာတွေပေးလိုက် တယ်။ ဆရာမက စေတနာနဲ့ အလိုက်မသိဘူး ဆိုပါတော့။

အဲ့တော့ အိမ်စာနောက်မှလုပ်မယ်ဆိုပြီးတော့ ပြန်ရောက်ရောက်ချင်း အိပ်လိုက်တယ်။ ထ တာနဲ့ ဘလော့လေးကို ဖွင့်ပြီး လည်လိုက်တော့ တက်ဂ်ကြွေးကို အရင်ဆပ်လိုက်တယ်။ ဆပ်လို့မှ မပြီးသေးဘူး ညီမလေး စာမေးပွဲရှိမှန်းမသိလို့ပါတဲ့ တောင်းပန်ပါတယ်တဲ့ ဆိုတော့ ဟာ ငါ့အကို ကိုဝသန်တော့ အခုတပုဒ်တော့ တက်ဂ်မှာ မဟုတ်တော့ဘူးဆိုပြီးတော့ ပျော်မယ်မှမကျန်သေးဘူး အပျော်ရေးတဲ့။


ဘာမှမထူးဘူး သူလည်း ဆရာမနဲ့အတူတူပဲ ဟွန့်။ ကိုဝသန်နော် ရေးတုန်းကရေးခိုင်းပြီး တော့ ရှည်တယ်ဆိုပြီး အဆုံးထိမဖတ်လို့ကတော့ ဟွန့်။ ကျန်တဲ့အကိုတွေအမတွေလည်း ပါးလုံးက တော်တော်ပေရှည်တာပဲ အရှည်ကြီးရေးတယ်ဆိုပြီး မပြောနဲ့နော်။ အဲ့ကျရင် ကိုဝသန်ကိုပဲ ဆူနော် သမီးကိုမဆူနဲ့ အဟဲ စကားပလ္လင်ခံထားတာ။

ပါးလုံးရဲ့ ပိုက်ဆံအိတ်က ဘယ်တော့မှဖောင်းလည်း မဖောင်း လျှော့လည်းမလျှော့ဘူးလို့ ပြောလို့ရမယ်ထင်တယ်။ ဒီလိုဗျ။ ပါးလုံးက ငယ်ငယ်ကတည်းက ပိုက်ဆံအိတ် ကိုင်တတ်တဲ့ အကျင့်မရှိဘူး။ မြန်မာပြည်ကထွက်လာခါနီးကျတော့ သူငယ်ချင်းတယောက်က ပိုက်ဆံအိတ်မကိုင် လို့ဆိုပြီးတော့ မွေးနေ့လက်ဆောင် ပိုက်ဆံအိတ်ကလေးပေးတယ်။ အဲ့ဒါပထမဆုံးပဲ။

ဒါပေမယ့် အဲ့ပိုက်ဆံအိတ်ကိုလည်း မကိုင်ဖြစ်ပါဘူး။ အခုထိ သိမ်းထားတုန်းပဲ။ နောက် တော့ ထိုင်းဘုရင်မ မွေးနေ့မှာ ပါးလုံးနဲ့ သူငယ်ချင်းလျှောက်လည်ရင်းကနေ ပိုက်ဆံအိတ်လေးတွေ ရောင်းတာတွေ့တော့ သူနဲ့ကလည်း အရမ်းတွဲ အရမ်းချစ်ဆိုတော့ ဆင်တူဝယ်မယ်ဆိုပြီး ၀ယ်ဖြစ် တာ အဲ့ဒါတောင် ဒီရောက်မှကိုင်ဖြစ်တာ။


ဒီရောက်တော့လည်း မကိုင်လို့မဖြစ်တော့လို့သာ ကိုင်ဖြစ်တာပါ။ ပါးလုံးပိုက်ဆံစရှာပါပြီဆို တဲ့ ဆယ်တန်းပြီးတဲ့အချိန်ကတည်းက (အထင်တော့ မကြီးနဲ့နော် မသိရင် စီးပွားရေးတွေ အရမ်း လုပ်တယ်။ အလုပ်ကြိုးစားတယ်ထင်နေဦးမယ် အဟိ ဆယ်တန်းတွေကို ကိုက်လုပ်ရုံပါ) ရတဲ့ ပိုက် ဆံကို ဆယ်ဘို့တဘို့ ဖယ်ပြီး ကျန်တာ အကုန်ဖွားဖွားကို အပ်တယ်။

ဆယ်ဘို့တဘို့ဆိုတာကတော့ ပါးလုံးတို့ ခရစ်ယာန်တွေမှာရှိတယ်။ ကိုယ်ရတဲ့ ကောင်းချီးမင်္ဂလာထဲက ဆယ်ပုံပုံရင် တပုံကို ဘုရားကိုပြန်ပေးတာပါ။ မပေးရင်လည်းဖြစ်ပေမယ့် ကိုယ့်ကိုဘုရားကပေးထားတဲ့ ကောင်းချီးအများကြီးထဲက တပုံကိုတော့ ဘုရားအတွက်ဖယ်သင့် တယ်လေ။ အဲ့အတွက်ပါလုံးက ငယ်ငယ်ကတည်းက မုန့်ဖိုးရရင်လည်း တစ်ဆယ်ရရ ဆယ်ဘို့တဘို့ ဖယ်တတ်တဲ့အကျင့်ရှိတယ်။

အဲ့တော့ ဆယ်ဘို့တဘို့ဖယ်ပြီး အကုန်ပြန်ပေးတော့ ပိုက်ဆံအိတ်က ဖောင်းလည်းမဖောင်း လျှော့လည်း မလျှော့ပါဘူး။ လိုတာရှိရင် လက်ဖြန့်တောင်းလိုက်ပါတယ်။ နောက်အိမ်က ထွက်လာ ပြီးတော့ ပိုက်ဆံက ရောက်ကုန်ဖြစ်လာတယ်။ ရောက်တာနဲ့ ကုန်တာပဲ။ အိမ်ကနေ ထွက်လာပြီး ကတည်းက ပိုက်ဆံကို မစီမံလို့မဖြစ်တော့ဘူးလေ။ အဲ့တော့ စီမံချက်လေးတွေကို ပြောပြမယ်နော်။

(၁) ပိုက်ဆံကိုရရချင်း မလောက်တာသေချာလို့ ကိုင်ပြီး ဆုတောင်းလိုက်တယ်။ လကုန်ပြီး ရင်တောင် ပိုပါစေလို့လေ။ အဟဲ။

(၂) ရတဲ့ပိုက်ဆံကို ဆယ်ဘို့တဘို့ ဖယ်တယ်။

(၃) အိမ်လခ၊ မီးတာခ၊ အင်တာနက်ခ၊ ဖုန်းဖိုး၊ ဘေတွေကိုတွက်ပြီး ဖယ်တယ်။

(၄) တလစာ အသုံးစရိတ်ဖယ်တယ်။(တလစာ အသုံးစရိတ်ကို သုံးပုံက ဒီလိုရှိတယ်။ တကယ်လို့ အသုံးစာရိတ်က ၄ထောင်ဖြစ်နေရင် တပတ်ကို ၁ထောင်နှုန်း အဲ့ထက်ပိုမထုတ်ဘူး။ တကယ်လို့ အသုံးစရိတ်က ၃ထောင်ဆိုရင် ဆယ်ရက်ကို ၁ထောင် ပိုမထုတ်ဘူး။

နောက်ပြီး ငယ်ငယ်ကတည်းက အိမ်ကအဒေါ်ကသင်ထားပေးတာက လိုချင်တာနဲ့လိုအပ်တာ။ ပိုက်ဆံကို ဘယ်လိုစနစ်တကျသုံးသင့်သလည်း၊ ရှိတဲ့ပိုက်ဆံနဲ့ ကိုဝယ်မှာနဲ့ အချိန်နဲ့ကို ချိန်တတ်အောင် သင် ထားပေးတယ်ဆိုတော့ အကျင့်ကပါနေပြီဖြစ်တဲ့အတွက် အစဉ်ပြေတယ်ဆိုပါတော့။

(၅) အိမ်ကို ပို့ဖို့ဖယ်တယ်။ အိမ်က ဒီလဘယ်လောက်လောက်တော့ပို့ပါဆိုရင် အဲ့လောက်ဖယ်တယ်ပေါ့။ နောက်နေ့ပို့ပေါ့။

(၆) အဲ့မှာအားလုံးဖယ်ပြီးလို့ ကျန်တဲ့ပိုက်ဆံကို ၂ပုံခွဲလိုက်တယ်။ တိုးတက်ရေးရယ်၊ အပျော်အပါးရယ် ဆိုပြီးတော့။ တိုးတက်ရေးဆိုတာကတော့ စာအုပ်လို ချင်တာတို့၊ စာရေးကိရိယာဝယ်တာတို့၊ စာနဲ့ပတ်သတ်တာပေါ့ မဟုတ်ရင် လိုချင်လည်း ၀ယ်မရဖြစ် တယ်လေ၊ ၀ယ်စရာမရှိလည်း အဲ့ဒါ စာအိတ်ထဲမှာ သိမ်းထားလိုက်တယ်။ နောက်တွေ့တော့ ၀ယ်ပေါ့။ အဲ့အတွက် ပိုက်ဆံမရှိမှာလည်း မစိုးရိမ်ရတော့ဘူးလေ။

အပျော်အပါးဆိုတာကတော့ ဖိနပ်လိုချင်တာတို့၊ အ၀တ်အစားလိုချင်တာတို့ တခါတလေ လိုချင်တာလေးတွေကို ၀ယ်လို့ရအောင်ပါ။ တရာဖြစ်ဖြစ် ၂ရာဖြစ်ဖြစ် အဲ့လိုပဲ စုထားပြီး လိုချင်တာတွေ့တော့ ဈေးကြီးရင်တောင် ၀ယ်လို့အစဉ်ပြေတာပေါ့။

တလနေပြီးလို့ အိမ်အသုံးစရိတ်က ပိုက်ဆံပိုတာများတယ်။ အဲ့လိုချင့်ချိန်ပြီးသုံးလို့လေ။ အဲ့တော့ ထင်ဦးမယ် ပါးလုံးတို့ ပိုက်ဆံများလို့ခွဲနိုင်သလားလို့။ မဟုတ်ပါဘူး ပါးလုံးက အခုထိ အလုပ်မလုပ်သေးပါဘူး။ ကျောင်းတက်ပြီးရတဲ့ ပိုက်ဆံကိုပဲ ခွဲခြမ်းစိတ်ဖြာနေတာပါ။ အဖေကလည်း အလုပ်မလုပ်စေချင်သေးပါဘူး။

အဖေပေးတဲ့ ပိုက်ဆံအားလုံးကိုပါ ပေါင်းပြီး ခွဲခြမ်းစိတ်ဖြာနေတာပါ။ နောက်ပိုင်းအလုပ်လုပ် ရင်တော့ ရည်မှန်းချက်အတွက်ပါ သပ်သပ်စုမယ် ပုံမှန်စုမယ်လို့ စဉ်းစားထားပါတယ်။ အဲ့လို ခွဲခြမ်း လိုက်တာက အစပိုင်းမှာ အလုပ်ရှုပ်တယ်လို့ ထင်ရပါတယ်။ အဲ့လောက်ခွဲလိုက်မှတော့ ဘာမှကျန် မှာ မဟုတ်ဘူးလို့ ထင်ရပါတယ်။ ဒါပေမယ့် ကြာလာတာနဲ့အမျှ တော်တော်ကို စုမိမှန်းမသိ စုမိပါတယ်။ ပိုက်ဆံကိုလည်း စိတ်ချလက်ချ သုံးလို့ရပါတယ်။

အဲ့လို ပိုက်ဆံရလာတဲ့ နေ့လေး တနေ့ပဲ ခေါင်းနည်းနည်းစားအောင် တွက်လိုက်ရပါတယ်။ နောက်နေ့တွေတော့ အဲ့ခွဲထားတဲ့ထဲက လိုတာဆို ယူသုံးလိုက်ယုံပါပဲ။ အဲ့တော့ အားလုံးအစဉ်ပြေ တယ်ဆိုပါတော့ ပိုက်ဆံအိတ်က ဖောင်းလည်း မဖောင်း လျှော့လည်းမလျှော့တော့ဘူးပေါ့ဗျာ။

စုတာက တစ်ဆယ်ဖြစ်ပါစေ ကြာလာတော့များလာတာပေါ့ဗျာ။ စုတာမပြည့်သေးရင်လည်း အောင့်ထားပြီး ပြည့်မှ ၀ယ်တယ်ဆိုပါတော့။ လိုချင်တာနဲ့ လိုအပ်တာကိုတော့ သေချာစဉ်းစားရ တာပေါ့ဗျာ။ ပါးလုံး ပိုက်ဆံအတွက် စိတ်မညစ်ချင်လို့ တရက်ပဲ စိတ်အညစ်ခံတာပါ။

ကိုဝသန်ရေ တော်ပြီဗျာ။ နော် ပါးလုံးဆက်မရေးတတ်တော့ဘူး။ ပါးလုံးဒါမျိုးလည်း မရေးဖူး ဘူးဆိုတော့ ပါးလုံးကျင့်သုံးဖြစ်တာလေးကိုပဲ ရေးလိုက်တာပါ။ အားလုံးပဲ ပါးလုံးစာရေးတာ တော်တော်အရစ်ရှည် သွားရင်လည်း ခွင့်လွှတ်ကြပါဗျာ။
ဂရုဏာတရား ရှေ့မှာထားပြီး ဘယ်သူ့ကိုမှ မတက်တော့ဘူးဗျာနော်။

အကိုတွေအမတွေ အသဲကွဲနေသူတွေ၊ ချစ်ပြီးရင်းချစ်နေသူတွေ၊ ချစ်သူခဏပြန်မှာမို့လို့ ကြိုလွမ်းနေသူတွေ၊ ပင်လယ်ထဲစီးချင်သူတွေ၊ အားလုံးကို ဘုရားသခင်ကောင်းချီးပေးပါစေဗျာ။


ညီမလေး ချစ်ပါးလုံး။





15 comments:

JulyDream said...

ပိုက်ဆံချေးမယ့် သူတွေအတွက်ရော ချန်မထားဘူးလား။ ချန်ထားရင်လည်း ပြောပါအုံးနော်။ ချေးမယ့်သူတွေ ပျော်ကြရတာပေါ့ဗျာ။

ဝသန်မိုး said...

ပါးလုံးအိတ်လေးက
ပိန်လည်းမပိန် ဖောင်းလည်းမဖောင်း
ဆိုတော့
ကောင်းတာပေါ့
တက်ဂ်ပို့ လေးရေးပေးတဲ့အတွက်
ရှဲရှဲ ပါ

ခင်မင်စွာဖြင့်
အကိုဝသန်

Anonymous said...

ပါးလုံးလေး
ညီမငယ်ဆုတောင်းတဲ့ထဲမေတော့ပါဖူးထင်ရဲ့
ညကကော်ဖီသီးသန့်မတိုက်မိလို့နောက်နေ့ကျဟင်းချက်ကြွေးမယ်နော့
ဘာစားချင်လဲပြော................
ချစ်ညီမငယ်ပျော်ရွှင်ပါစေ
မေလေး

အိုက် ချီ ခန့် said...

မမချစ်ပါးလုံးကလဲ ဗျာ ကျတော်က ညီလေးပါ...
ကြည့်.. မမ ပါးလုံးတို့များ... တားတားကိုပိုက်ပိုက်ချီးး... အဟီး..။

အဆိပ်ခွက် said...

ချစ်ပါးလုံးရေ လာလည်ပါတယ်နော်... ပိုက်ပိုက် က ဖောင်းလဲ မဖောင်း ပြားလဲ မပြားဆိုတာ သိတယ် အဲဒါ cradite card တွေဘဲထည့်ထားတာလေ. အဲတော့ ကုန်လဲ မလျှော့သွာဘူး တိုးလာလဲ မဖောင်းလဲဘူး ပိုက်ဆံအိတ်က အဟ.....


ခင်မင်လျှက်
အဆိပ်ခွက်

ဂျပန်ကောင်လေး said...

မပိန်မဖောင်းတဲ့ အိတ်.. ပိန်အောင်လုပ်ပေးမယ်.. စိတ်မပူနဲ့.. ဟီး

poemflower said...

ညီမလေးရဲ့ပိုက်ဆံသုံးစွဲပုံလေးက မှတ်သားစရာပဲ လူငယ်ပေမယ့်စနစ်ရှိတယ်
ပန်းကဗျာ

ကောင်းကင်ပြာ said...

ကောင်းပရှင် တို့တောင် မခွဲတ်လို့ ငတ်ပေါင်းများပေါ့

Anonymous said...

ပိုက်ဆံ သုံးစွဲပုံ စနစ်ကျတယ်ဗျာ အားကျတယ်
အဆင်ပြေပျော်ရွှင်ပါစေဗျာ

မြစ်ကျိုးအင်း said...

ပါးလုံးလိုပဲ ပါးလုံးရဲ့ ပိုက်ဆံအိတ်လေး လုံး(ဖောင်း)နိင်ပါစေ...

ဆည်းဆာသံစဉ် said...

ငါ့ညီမလေး ပေစုတ်က ဒီလိုဆိုတော့လည်း တော်သားပဲ။ အင်း..မပိန်မဖောင်းဆိုတော့ အဲဒီအိတ်ထဲ ပိုက်ဆံမှ ထည့်ရဲ့လားနော်...။ စဉ်းစားစရာတွေဖြစ်နေပြီ..။ ဒါပေမယ့် ဘာပဲပြောပြော စည်းကမ်းရှိရှိ သုံးစွဲပုံလေးတော့ လေးစားပါတယ်။ ငါ့ညီမလေး အောင်မြင်ပါစေဗျာ..။

mgnge said...

ငါ့ညီမ စီမံခံခွဲပုံလေး မဆိုးဘူး....
ဒါလည်း ပညာ ရတာပေါ့...။
ကိုယ့်ထက်ငယ်ပေမယ့် ကိုယ့်ထက်တောင်တော်နေပါလား.....

Anonymous said...

အင်း တော်လိုက်တဲ့ ပါလုံးလေ မန်းနစ်မန့် တော်တော်ကောင်းတယ် ညီမလေးက ..... တော်တော် ပေတိုတဲ့ ပါလုံးလေး ဟဲဟဲ . . .

ဖိုးဂျယ် said...

ပါးလုံးလေးက စီမန်ခံခွဲတာ တော်တာပဲ :D

yehtutnaung said...

ပိုက်ဆံကို စီမံခန့် ခွဲတတ်တာတော့ မဆိုးဘူးပဲ...။ လိမ္မာတယ် မမိုက်ဘူး။ :P

Post a Comment

အခုလို သေသေချာချာဖတ်ပြီး ကွန်မန့်လာပေးတဲ့အတွက် ကျေးဖူးအထူးပင် တင်ရှိပါကြောင်း ဖတ်ပြီးမှတော့ မန့်ပြီးမှသာ ပြန်စေချင်ကြောင်း ကောင်းသည်ဆိုးသည် ကြိုက်သလိုသာ ဝေဖန်နိုင်ကြောင်း အားလုံးပေါ်တွင် ဘုရားသခင်ကောင်းချီးပေးပါစေလို့ ဆုတောင်းရင်း ကွန်းမန့်လေးတွေဖတ်ရင်း အားမွေးနေမယ်နော်။ အဟိ။